Sunday 4 January 2015

ဦးပိုင်၊ ၀မ်ပေါင် အရှုပ်တော်ပုံ အောက် မှာ မြန်မာစစ်တပ် တရုတ် ခိုင်းဖက် ဖြစ်သွားပြီ။


မြန်မာနိုင်ငံ မှာ တောင်သူ ဆိုတာ အပင်ပန်းဆုံး လုပ်ပြီး၊ အဆင်းရဲဆုံး နေကြရတဲ့ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးတွေ။

ဒီလို အောက်ဆုံးအလွှာ က သူတွေရဲ့ လယ်မြေတွေ ကို သိမ်း၊ လိုင်စင်ရ လူသတ်ပွဲကြီး ခွင့်ပြုထားတာက စစ်ခရိုနီ ဖြစ်တဲ့ ဦးပိုင်။

 ဦးပိုင်ဆိုတာက မြန်မာပြည် မှာ လိုင်စင်ရ မြေသိမ်း သူခိုး ဓပြ အကြမ်းဖက် ဂိုဏ်းအဖွဲ့။

လက်ပံတန်းတောင် ကိစ္စမှာ ဦးပိုင်က လယ်ယာမြေတွေ ကိုသိမ်းပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီ ကိုရောင်းစားတယ်။ ၀မ်ပေါင်က အရိုးအရင်းလေး ကျွေးထားတော့ ဦးပိုင်က ဗိုလ်ချုပ်ကြီးတွေ၊ အဘဆိုသူတွေ ရဲ့ လည်ပင်မှာ တစ်စို့ နေကြတယ်။

တခြားတဘက်မှာ တရုတ်ကွန်မြူနစ်အစိုးရ က ငွေချေးထားတယ်၊ အာဆီယံ ပွဲကြီးခြိမ့်ခြိမ့်သဲသဲ လုပ်နိုင်ဖို့ အကူအညီပေးခဲ့တယ်၊ ဒီကြားထဲ ပိုက်လိုင်းအတွက် တရုတ်အစိုးရ က ရှမ်းလူမျိုး နော်ခမ်း ကို သတ်ပြထားတယ်။ ဘိန်းစားခြင်းအတူတူ လော်စေ့ဟန် ကိုတော့ စီးပွားလုပ်ပိုင်ခွင့်ပေးထားတယ်။ အဲဒီတော့ တရုတ်တွေ ကို မထိရဲကြဘူး။ မြန်မာစစ်တပ် တရုတ်ခိုင်းဖက်ဖြစ်သွားပြီ။

ယူနမ် တရုတ်၊ မြန်မာ နိုင်ငံသားကဒ် ငွေသိန်းချီပေး ၀ယ်သလို၊ တရုတ် အစိုးရ က မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ ကို ငွေနဲ့ ပေါက်ဝယ်တာ ခံလိုက်ရတာ။ အဖေ နှင့် အမေ ထိလို့ ရတယ်၊ တရုတ်ကို မထိ နဲ့ ဆိုတဲ့ ကပြား စစ်ဗိုလ်ချုပ်တွေ ၊ အဘတွေ က ဗြောင်ပြောလာကြပြီ။ ဗြောင် "အလံခိုး" တဲ့ အဆင့် ဖြစ်လာကြတယ်။

ဝမ်းပေါင် က ပြည်ကြီး တရုတ်တွေခေါ်လာပြီး အလုပ်ပေးတယ်၊ မြေ စသိမ်းတယ်၊ ၊ ယာဇာတတွေ ထုတ်တယ်၊ ပြီးတော့ အလံစိုက် လိုက်တယ်။ သံဆူးကြိုးခတ်တယ်၊ ကိုယ်ပိုင်ဒေသ ထောင်တယ်၊ ဒေသခံတွေအတွက် အလုပ်အကိုင် မျှော်ဖို့ ဆိုတာ သန့်ရှင်းရေး နှင့် လုံခြုံရေးလောက်သာ စိတ်ကူးယဉ်လို့ရတာ၊ ဦးပိုင်ရဲ့ အကူအညီနဲ့ မကြာခင်မှာ သူတို့ နိုင်ငံသားဖြစ်လာတော့မယ် ။ နိုင်ငံသား ဖြစ်သွားရင် ခေါက်ဆွဲ စက်ရုံထောင်ပြီး၊ စီးပွားရှာ ကြတော့မယ်။

သံယာဇာတ တင်မကဘူး တိုင်းပြည်က ငွေတွေ ၊လူတွေ ပါထဲ့သွားကြတာ။ ဒေသခံတွေ ကတော့ အဆိပ်သင့်ပြီးကျန်ခဲ့ ကြမယ်။ လယ်မြေတွေ သိမ်းခံလိုက်ရတယ်၊  တောင်ကြီးတွေ၊  တောကြီးတွေ ပြိုသွားတာ နေ့စဉ်ကြည့်နေရတာ က သူတို့ရဲ့ ဘ၀။

 အာဖရိက မှာတော့ မခံမရပ်ဖြစ်လို့ တရုတ်ကုမ္ပဏီတွေ ကို မောင်းထုတ် ခံနေရပြီ။

No comments :