Monday 19 January 2015

ဂရိတ်ဝေါသတင်း

မန္တလေးက နံမည်ကြီး ဂရိတ်ဝေါဦးတင်မောင်နှင့် ဇနီးဒေါ်နန်းတို.ပြေးကြပြီ
_______________________________
မြန်မာနိုင်ငံအနှံ့ လယ်ယာမြေဧက(၈)သိန်းကျော် ဈေးနှိမ်ဝယ်ယူထားခဲ့ပြီး
တရားဝင်ရော တရားမ၀င်ရော စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသည့်
ဂရိတ်ဝေါဦးတင်မောင်နှင့် ဇနီးနန်းတို့(၂)ဦးအား မန္တလေး အမှတ်(၈)ရဲစခန်းမှ
အမှု(၅)မှုဖြင့် စစ်ဆေးနေစဉ် ထွက်ပြေးတိမ်းရှောင်သွားသဖြင့်တရားခံပြေး
အဖြစ် သတ်မှတ်ထားကြောင်း သတင်းစာ ဂျာနယ်ပါ သတင်းများအရ သိရှိခဲ့
ရပါသည်။
ထိုသတင်းများတွင် တင်မောင်(ခ)လီစန်းရှင်းသွားလာတတ်သော စစ်ကိုင်းတိုင်း
ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများအတွင်းရှိ ရဲစခန်းများသို့ ဖမ်းဆီးပုံစံ
ပေးပို့ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း ပါရှိခဲ့သော်လည်း စစ်ကိုင်းတိုင်း
ဒေသကြီး ရဲစခန်းများသို့ ထိုဖမ်းဆီးပုံစံ ရောက်လာခြင်း မရှိသေးကြောင်း သိရှိ
ရပါသည်။
ထိုသို့ ဂျာနယ်များတွင် ပါရှိခဲ့သော်လည်း တရားဝင် ဖမ်းတီးပေးရန် ပုံစံ မရောက်
လာသည့်အတွက် တင်မောင်ခေါ် လီစန်းရှင်းအား တွေ့ရှိလာလျှင်တောင်ဖမ်းဆီး
ရန် မလွယ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးမှ herjule media ကို
ပြောပြခဲ့ပါသည်၊ ထိုသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိုဖမ်းဆီးပုံစံမပေးပို့
ခဲ့ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့ ဇနီးမောင်နှံနှင့် တင်မောင်(လီစန်းရှင်)တို့ ဇနီးမောင်နှံမှာ ဆွေမျိုးရင်းခြာထက်ပင်ရင်နှီးသူများ
ဖြစ်နေကြ၍ ဖြစ်နိုင်ကြောင်း ၊ မြန်မာနိုင်သားများအပေါ် ဗိုလ်ကျ နယ်ချဲ့အနိုင်ကျင့်
ခဲ့သည့်မြန်မာနိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူ တယုတ်နိုင်ငံသား တင်မောင်
(လီစန်းရှင်)နှင့် ပတ်သက်၍ အကာအကွယ် မပေးသင့်ြောင်း အမျိုးသားရေး
မျက်နှာသာကြည့်သင့်ကြောင်း ဒေသခံအချို့မှ ပြောဆိုလျှက်ရှိနေကြပါသည်။
=============
(ဟာဂျူလီ-ကသာ).

No comments :