Thursday 8 January 2015

ပျူ မြို့  ဟောင်း သတင်း



Yangon Media Group added 3 new photos.
ခရီးသွားလုပ်ငန်း တိုးတက်လာသော်လည်း  ပျူမြို့ဟောင်းသုံးမြို့နှင့် ရခိုင်သို့  လည်ပတ်မှု အလွန်နည်းနေသေးဟုဆို

==========================================
သူသူထက်လွင
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသော်လည်း ယဉ်ကျေးမှု အမွေအနှစ်များရှိသော ပျူမြို့ဟောင်း သုံးမြို့နှင့် 
ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှု နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
အဆိုပါမြို့များသည် ခရီးသွား များအတွက် စိတ်ဝင်စားဖွယ်ကောင်း သော်လည်း လမ်းပန်းဆက်သွယ်ရေး နှင့်ေ
နထိုင်ရေးအခက်အခဲများကြောင့် သွားရောက်သူနည်းပါးခြင်းဖြစ်ကြောင်း သိရသည်။
''ကမ္ဘာ့အမွေအနှစ်အဖြစ် ယူ နက်စကိုက အသိအမှတ်ပြုတာ ဂုဏ် တော့ရှိတယ်။ ယူနက်စကိုသြဇာက အင်မတန်ကြီးပြီး 
စံချိန်စံနှုန်းကလဲ အရမ်းမြင့်တယ်။ ပျူမြို့ဟောင်းတွေကို ခရီးသွားတွေသွားလာတာ သိသာတဲ့ အရာမျိုးတော့ မရှိသေးဘူး။ ရခိုင်ြ
ပည်နယ်ဆိုလဲ ကားနဲ့သွားလို့ရမလား။ အခု နိုင်ငံခြားသားတွေက လေယာဉ် နဲ့ပဲသွားရတယ်။ ဒါတွေက အားနည်း ချက်တွေပဲ''ဟုြ
မန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေး မှူး ဦးတင်ထွန်းအောင်ကပြောသည်။
ယင်း ပျူမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာမြို့ဟောင်းမှာတိုးတက် မှု အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။
''သရေခေတ္တရာမြို့ဟောင်း ပြည် က မြို့ကြီးဆိုတော့ ဟိုတယ်၊ ကား လမ်းတွေ အဆင်ပြေတော့ ပထမဦး ဆုံး အောင်မြင်တာပေါ့။ ေ
တာင်တွင်း ကြီးကတော့ ပြည်မှာပြန်အိပ်ပြီး ပို့ပေး ရတယ်။ ဟန်လင်းကို ရွှေဘိုနဲ့ မုံရွာ ဖြတ်သွားရင်းပြရတဲ့အဆင့်ပဲ ရှိသေး 
တာ''ဟု ယင်းကဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်း ရင်းသားများ၏ ယဉ်ကျေးမှုအမွေအ နှစ်များစွာ ယနေ့တိုင် ကျန်ရှိနေသေး သည့်အတွက် ယင်းကို 
တန်ဖိုးထား ပြသနိုင်ရန် မျှော်လင့်ကြောင်းလည်း ရခိုင်အမျိုးသားတစ်ဦးကပြောသည်။
''ရခိုင်မှာ ရှေးဟောင်းဘုရားစေ တီပုထိုးတွေ အများကြီးပဲ။ လာလည် စေချင်တယ်။ သွားရေးလာရေး နည်း နည်းခက်တော့ 
လာမယ့်သူ နည်းနေ သေးတယ်''ဟု ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝအလှအပများ ကြွယ်ဝသည့် ဒေသများစွာရှိပြီး ချင်း ပြည်နယ်၊ 
ကယားပြည်နယ် 
လွိုင်ကော် မြို့၊ နေပြည်တော်သို့ သွားရောက် သည့် ကားလမ်းမကောင်းသဖြင့် နိုင်ငံ ခြားသားခရီးသွား အဝင်နည်းနေသေးြ
ခင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။

No comments :