Saturday 10 January 2015

အမေရိကန် ကျောင်းဆရာမ သတင်း

အမေရိကန်ကျောင်းဆရာမကို အဓမ္မကျင့်သူ ထောင်ဒဏ်တစ်ကျွန်းကျ

မန္တလေးမြို့ရှိ ပုဂ္ဂလိက အင်္ဂလိပ်စာကျောင်းတစ်ကျောင်း မှ အမေရိကန်နိုင်ငံသူ ကျောင်း ဆရာမ တစ်ဦးကို အဓမ္မပြုကျင့် သူအား မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တွင် နေထိုင်နေ သည့် အမေရိကန်နိုင်ငံသူ ကျောင်းဆရာမတစ်ဦးကို ပြီးခဲ့ သည့် ၂၀၁၄ အောက်တိုဘာအ တွင်းက ဆိုင်ကယ်ကယ်ရီသမား အယောင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက ချမ်းအေးသာစံမြို့ နယ် လမ်း ၃၀၊ လမ်း ၆၀ အနီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းအမှုကို ဇန်န၀ါရီ  ၉ ရက်တွင် မန္တလေးခရိုင်တရားရုံး က ထောင်ဒဏ်တစ်သက်တစ် ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ် သည်။အမေရိကန်နိုင်ငံသူ အမျိုးသမီးက ပြီးခဲ့သည့် အောက်တိုဘာ၁၈ ရက်တွင် မန္တလေးမြို့လယ်ရှိ၎င်း၏ မိတ်ဆွေထံ လာရောက် လည်ပတ်ပြီး ညဥ့် ၁၂ နာရီကျော် ချိန်တွင် အိမ်ပြန်ရန် ဆိုင်ကယ် ကယ်ရီငှားရာမှ ဆိုင်ကယ်ကယ်ရီ သမားဆိုသူက အဓမ္မပြုကျင့်ရန် ကြံစည်ခံရခြင်းဖြစ်သည်ဟု ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘လမ်း ၃၀ ပေါ်မှာ တိုက်ခိုက်ခံရမှု ’’ဟုဆိုကာ မြန်မာဘာသာဖြင့် ရေးသားထားသည်။ အဓမ္မပြု ကျင့်သူက လမ်းဘေးရေမြောင်းအတွင်း ရေနှစ်ကာ အဓမ္မပြုကျင့်ရန် ကြိုး စားခဲ့သည်။ သို့သော် အဓမ္မပြု ကျင့်မှုမှာ အဆုံးစွန်ထိ အထမမြောက် ခဲ့ဟု ရေးသားထားသည်။
ကျူးလွန်သူမှာ စစ်ကိုင်း တိုင်းဒေသကြီး ကောလင်းမြို့ နယ်ရှိ ကျေးရွာတစ်ရွာမှ အသက်(၃၀)ကျော်အရွယ်ရှိ ငြိမ်းချမ်းဆိုသူ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအမှုတွင် ငြိမ်းချမ်းဆိုသူအား နိုင်ငံခြားသူ အမျိုး သမီးကို အဓမ္မပြုကျင့်မှုပြစ်မှုပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ် ကျွန်း၊ အဓမ္မမှုကျူးလွန်ရာတွင် လူ ကို သေစေနိုင်သည်အထိ အကြမ်း ဖက်မှု ပြစ်မှုပုဒ်မ ၃၀၇ အရ ထောင်ဒဏ် ငါးနှစ်နှင့် ဓမ္မတာ မဟုတ်ဘဲ ကာမစပ်ယှက်မှု ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပြစ်မှု ပုဒ်မ ၃၀၇ နှင့် ၃၇၇ အရ ကျခံရ မည့်ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
ယင်းအမှုကို ပြီးခဲ့သည့် အောက်တိုဘာမှစတင်ကာ မန္တ လေးခရိုင်တရားရုံးတွင် အမှုစစ် ဆေးခဲ့ပြီး အမှုစစ်နေစဉ် ကာလ အတွင်း အမေရိကန်သံရုံးမှ တာ ၀န်ရှိသူအချို့ လာရောက်နား ထောင်ခဲ့သည်။

No comments :