Sunday 11 January 2015

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် နှင့် ၈၈မျိုးဆက် တွေ့ဆုံဆွေးနွေး
=====================================================
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံ့ဘွယ်ကျော်၊ ကိုထွန်းမြင့်အောင်နှင့် ကိုစိုးထွန်းတို့သည် ယနေ့ ဇန်န၀ါရီလ ၁၁ ရက်၊ မွန်းတည့် ၁၂း ၀၀ နာရီက နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဥက္ကဌရုံးသို့ ရောက်ရှိခဲ့ကြပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် ယနေ့တိုင်းပြည်၏ အဓိကပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည့်အလျောက် တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို တစ်နာရီခွဲကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

No comments :