Friday 9 May 2008

အမေရိကန်သမ္မတဆီကို အီးမေးလ်ပို့ ကြပါ

ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား


နဂျစ်မုန်တိုင်းကြောင့် ကျနော်တို့ ပြည်သူ ၆သိန်းနီးပါးအသက်သေဆုံးခဲ့ပါပြီ။
ရောဝတီတိုင်းရဲ့ လူဦးရေ ၇၀ရာခိုင်နှုန်းလောက်သေဆုံးခဲ့တယ်လို့  မျက်မြင်သက်သေတွေကပြောနေကြပါတယ်။ ဒီသေဆုံးမှုက ဆူနာမီလှိုင်းကြောင့်သေဆုံးမှုထက်များနေပါတယ်။

မြန်မာပြည်ရဲ့ ကပ်ဆိုးကြီးကို ဖြေရှင်းပေးနိင်တဲ့ တခုတည်းသော နိင်ငံဟာ အမေရိကန်ဖြစ်ပါတယ်။ UN ကိုအားကိုးလို့ မရတော့ပါဘူး။ ကျနော်အနူးညွတ်
တိုက်တွန်းလိုတာကတော့ အမေရိကန်သံရုံးတွေရှေ့ ကိုသွားပြီး မြန်မာပြည်သူတွေကို
ကယ်တင်ဖို့  ၊ နအဖ ရဲ ခွင့်ပြုချက်ကိုမစောင့်ဖို့  အမေရိကန်အစိုးရကိုတိုက်တွန်းလို
ခြင်ပါတယ်။ နိင်ငံသားလူပ်ရှားမှုကြီးကိုစတင်ကြဖို့ မေတ္တာရပ်ခံပါတယ်။
အမေရိကန်သံရုံးတွေရှေ့ အိမ်ဖြူတော်ရှေ့ မှာစခန်းချ ပြီး တောင်းဆိုတဲ့လှုပ်ရှားမှုကို
ဖြစ်တဲ့နည်းနဲ့ စတင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

အမေရိကန်သမတ၊ ဒုတိယသမတ ထံကိုတိုက်ရိုက်အီးမေးလ်လည်းပို့ ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

president@whitehouse.gov
vice_president@whitehouse.gov
comments@whitehouse.gov

No comments :