Friday 9 May 2008

တပ်လှန့် သတိပေးခြင်း

အမေရိကန် ရေတပ်မတော် သည် ဒုက္ခရောက်နေသည့် လူသားများဖြစ်သော ဒုက္ခတွင်းထဲမှ သေပြီး သေဆဲ ငတ်မွတ်နေဆဲ ငရဲတွင်းမှမြန်မာပြည်သူလူထု အား ကူညီကယ်တင်ရန်မြန်မာပြည်တွင်းသို့ ဝင်ရောက်မည်ဖြစ်ပါသည်။

အမေရိကန်နှင့် လူသားချင်းစာနာစိတ်ထားရှိသော နိုင်ငံများ၏ဖက်မှ စဉ်းစားချက်များ မှာ

- လူထုဖက်က မည်ကဲ့သို့ ကြိုဆိုတုန့် ပြန်မည်နည်း။
- ယခုကဲ့သို့ ဝင်ရောက် ကယ်တင်ခြင်းသည် အီရတ် နိုင်ငံကိုဝင်သကဲ့သို့ဖြစ်နိုင်မဖြစ်နိုင်။
- နိုင်ငံတကာက ဘယ်လို တုန့် ပြန် ပူးပေါင်း ကူညီမည်နည်း။
- နအဖ လက်နက်ကိုင်တပ်များဘက်ကမည်သည့် တုန့် ပြန်မှုများရှိမည်နည်း။
- နအဖ လေတပ်နှင့် ကြည်းတပ်မှ ပစ်ခတ် လာလျှင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
ပြည်သူလူထုတရပ်လုံးဖက်မှလုပ်သင့်သည်များအားမိမိတို့ တောင်းဆိုလိုသည်မှာ
- လူထုဖက်က စတင်ထောက်ခံကြောင်း အကူအညီများ လိုအပ်ကြောင်း ပြသရပါမည်။
-၀င်ရောက်လာသော အမေရိကန်ရေတပ်မတော်အားအင်တိုက်အားတိုက် ကူညီရပါမည်။
- လိုအပ်သော စကားပြန် အကူအညီများ အတွက် အင်္ဂလိပ်မြန်မာနှစ်ဘာသာတတ်သော နိုင်ငံသားတိုင်း ကိုယ့်ပြည်သူလူထု၏
ဒုက္ခအားဝင်ရောက်ကူညီဖြေရှင်းပေးသော အမေရိကန်ရေတပ်မတော်အတွက်စကားပြန်များအဖြစ် ကူညီရပါမည်။

No comments :