Tuesday 30 December 2008

ပြည်တွင်းမှာ တိုက်ပွဲ တွေ ပြန်လည် အစပြုနေခြင်း



ထက်ထက်ဦးဝေ ဦးစီးပြီး ယနေ့ နေလယ်ပိုင်း တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် စုစုပေါင်း (၉)ဦး သည် အလျှား ၇ ပေ၊ အနံ ၂ ပေ ရှိ ပိတ်ဖြူပေါ်တွင် Free Daw Aung San Su Kyi ဟု ရေးသားထားသော စာသား အား ကိုင်ဆောင်ပြီး NLD ဌာနချုပ်မှ ၁၄၂၀ ချိန် တွင် ထွက်ခွာ ကာ အနောက်ရွှေဂုံတိုင်လမ်း အတိုင်း မြေနီကုန်း ၄င်းမှ လွှတ်တော် လမ်းမကြီးရှေ့ ရွှေတိဂုံ ဘုရား အနောက်ဖက်မုခ် ရှေ့ အရောက်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရပါသည်။

ထက်ထက်ဦးဝေနှင့် အတူ အောက်ဖေါ်ပြပါ ပုဂ္ဂိလ်များ ပါဝင်ပါသည်-

(၁) မင်းသိန်း (သာကေတ) အသက် (၄၇) နှစ်
(၂) သက်မောင်ထွန်း (စမ်းချောင်း) (၁၈)နှစ်
(၃) အောင်ဖြိုးဝေ (စမ်းချောင်း)(၂၄)နှစ်
(၄) ထွန်းလင်း (စမ်းချောင်း) (၂၇)နှစ်
(၅) ကောင်းထက်လှိုင်(စမ်းချောင်း)(၁၇)နှစ်
(၆) ပြည့်ပြည့်(စမ်းချောင်း)(၁၈)နှစ်
(၇) ထွန်းထွန်းဝင်း (ကျိုက်လတ်) (၂၈)နှစ်
(၈) အောင်မျိုးလွင်(ခ) ၀င်းမြင့်မောင်(၂၇)နှစ် (ခရမ်း) တို့ ဖြစ်ပါသည်။

(Source: Group email မှ ရရှိခြင်းဖြစ်ပါသည်။ )

No comments :