Wednesday 18 February 2009

အာဏာရှင်သမ္မတဟောင်း ဇိမ်ခံသင်္ဘောကို ရောင်းချဖို့ စီစဉ်

အီးဘေး(eBay) ကနေ လေလံတင်ရောင်းချမည့် သမ္မတဟောင်း၏ ဇိမ်ခံ သဘောင်္

-၀င်းဇော်-

မော်လဒိုက်နိင်ငံဟာ ပင်လယ်ရေတွေ ၀ိုင်းနေတဲ့ နိင်ငံဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁.၃ မီတာ(၄ ပေ ခန့်) သာမြင့်တဲ့အတွက် တနိင်ငံလုံးပျောက်ကွယ်မဲ့အနေထားမှာလည်းရှိနေပါတယ်။ ဒီနိုင်ငံကို မာမွန်အဘူဒူလာ ဂေရွမ်း ( Maumoon Abdul Gayoom) က အာဏာရှင်စနစ်နဲ့ နစ်ပေါင်းသုံးဆယ်ကြာ အုပ်ချုပ်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ မိုဟာမက် နာရှဒ် က ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နိင်ပြီး အာဏာကိုရခဲ့ပါတယ်။ သူက ပထမဆုံး ပြုပြင်ပြောင်းလဲမှု လုပ်လိုက်တာကတော့ သမ္မတဟောင်း အနာယူဇိမ်ခံရာ ပယ်လယ်ကမ်းခြေ ကိုအာဏာဝါဗေဒ လေ့လာရေး အတွက် ပြောင်းလဲပေးလိုက်ပါတယ်။ ဒါ့အပြင် သန်းပေါင်းများစွာတန်တဲ့ သမ္မတဟောင်း ဇိမ်ခံ သဘောင်္ကို လည်း အီးဘေး(eBay) ကနေ လေလံတင်ရောင်းချဖို့ စီစဉ်နေပါတယ်။ လူထုက ဆင်းရဲ မွဲတေနေ သလောက် သမ္မတဟောင်းရဲ့ အိမ်က နန်းတော် တမျှခန်းနား ထယ်ဝါလှပါတယ်။ သူရဲ့ အိမ်သာထိုင်ခွက် ကို ရွှေနဲ့ ပြုလုပ် ထားတာဖြစ်ပါတယ်။

သမ္မတ နန်းတော်ကို တက္ကသိုလ်ပြုလုပ်ဖို့ သမ္မတသစ်က စီစဉ်လိုက်တယ်။ သူအတွက် ရုံးခန်းကလည်း ရိုးရိုးသာမန် ရုံးခန်း တခုလိုပြင်ဆင်ပြီး သီးသန့် လုပ်မနေပဲ သူအတွင်းရေးမှုးတွေနဲ့ အတူတူလုပ်နိင်ဖို့ စီစဉ် ခဲ့တယ်။ သမ္မတပိုင် မာစီဒီကား ပေါင်းများစွာကိုလည်း ရောင်းချခဲ့တယ်။ သမ္မတရုံး အသုံးစာရိတ်အနေနဲ့ တနှစ်ကို ဒေါ်လာ သန်း ၁၅၀ သုံးဖြုံးနေတာ ကိုလည်း သမ္မတသစ်က တနစ်ကို ဒေါ်လာ ၄သန်းပဲ သတ်မှတ် လိုက်ပါတယ်။

ကျွန်းသေးသေးလဲထဲက လူဦးရေ ၃သိန်းခွဲ ခန့် သာရှိတဲ့ မော်လဒိုက်လူမျိုးတွေက အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချလိုက်နိုင်ခဲ့တယ်ဆိုရင် ၄၈ သန်းခန့် ရှိတဲ့ ကျနော်တို့ မြန်မာလူမျိုးတွေကရော အာဏာရှင်သန်းရွှေကို ဘာကြောင့်မဖြုတ်ချနိင်ရမလဲ။

သန်းရွှေ ပိုင် အိမ်တွေ၊ကားတွေ စိန်ရွှေရတာနာတွေကို မိခင်နဲ့ ကလေးတွေ လူထုကျမ္မာရေးနဲ့ ပညာရေး လုပ်ငန်းတွေ အတွက်ဘာကြောင့် အသုံးမချနိင်ရမလဲ။ ၂၀၀၉ ခုနစ်မှာလူထုတိုက်ပွဲတွေဖေါ်ထုတ်ကြပါစို့ ။


Rest of your post

2 comments :

Anonymous said...

yeah! why not ...

Anonymous said...

လွန်ခဲ.သောနှစ်ပေါင်း၂၀ ကျော်ကငါတို.သိတာဗမာပြည်မှာလူဦးေ၇သန်း၆၀၇ှိတယ်။အခုေ၇းထား
တာ၄၈သန်းဆိုတော.နာဂစ်၊၈၈၈၈၊ေ၇ွှဝါေ၇ာင်တော်
တော်လှန်ေ၇းမှာများသေသွားသလားကွာ။