Tuesday 3 March 2009

မြေနီကုန်းမှာ ဗုံးပေါက်ကွဲ


ယနေ့ ညနေ ၉နာရီ ၄၅ မိနစ်ခန့် မှာ မြေနီကုန်း ပုဒုံမ္မာကွင်းမှာ ဗုံး အသေးစား နစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဗုံပေါက်ကွဲမှုကြောင့် အသေပျောက်မရှိဘူးလို့ သိရတယ်။ ယခုအခါမှာ စစ်သားများခွေးများနဲ့ အနံ့ခံနေကြပါတယ်။ ဒီဗုံးပေါက်ကွဲမှု ကတော့ ဗိုလ်ချုပ်သန်းရွှေကို မကျေနပ်မှုများ တပ်တွင်းရော၊ ပြည်သူလူထုအတွင်းမှာ တိုးပွာနေတဲ့အတွက် မကြေနပ်တဲ့ အင်အားစုတခုက လုပ်ကိုင်တာဖြစ်နိင်တယ်လို့ မြန်မာ့နိင်ငံရေး အလွန်ကျွမ်းကျင်တဲ့ အမည်မဖေါ်လိုသူတဦးက ဆိုပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သင်္ကေတ တခုဖြစ်တဲ့ မြေနီကုန်း ပုဒုံမ္မာကွင်း မှာပေါက်ကွဲတာကတော့ ထူးခြားမှုတခု ဖြစ်နေပါတယ်။


Rest of your post

No comments :