Tuesday 29 September 2009

ဖိနပ်စာမိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်

ဖိနပ်စာမိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်ဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်ကွက် တွင် သတင်းထွက် ပေါ်နေသည်။ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရအဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏ သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန်တွင် တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော် သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။

အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလိုတွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်အမေရိကန် စီးပွားရေးပျက်ကပ် စသည်။

5 comments :

Anonymous said...

ပြည်သူကိုမတရားသွေးစုပ်နေတဲ့စစ်ခေါင်းဆောင်တွေကိုဖိနပ်နဲ့ ပေါက်တာအလွန်မွန်မြတ်တဲ့လုပ်ရပ်ပါ။ သို့ ပေမယ့်ခေါင်းကိုထိအောင်မပစ်နိုင်တဲ့အတွက်ပစ်သူအားရှုပ်ချပါသည်။

Anonymous said...

ပြည်သူကိုမတရားသွေးစုပ်နေတဲ့စစ်ခေါင်းဆောင်တွေကိုဖိနပ်နဲ့ ပေါက်တာအလွန်မွန်မြတ်တဲ့လုပ်ရပ်ပါ။ သို့ ပေမယ့်ခေါင်းကိုထိအောင်မပစ်နိုင်တဲ့အတွက်ပစ်သူအားရှုပ်ချပါသည်။

Anonymous said...

သူတို့စီးနေသော ကားအနက်ကို ထမိန်နှင့် အုပ်လိုက်စေလိုပါသည်ခင်ဗျား၊ စနေနံ အမည်နှင့်စသော အမျိုးသမီးထမိန် ဖြစ်ပါက သိန်းစိန်စီးသောလေယဉ်ပျံပါ ဘန်ကောက်တထောက်နားပြီး ရန်ကုန်သွားလျှင် မုတ္တမပင်လယ်ကွေ့ ၌ပျက်ကျမည် အာမခံပါသည်။

Anonymous said...

ကျနော် ရောက်သွားတော့ တွေ့ရသလောက်တော့ ဖိနပ်နဲ့ပေါက်တာ ထိတာမတွေ့ပါဘူး ပေါက်တာတော့ တွေ့တယ် ပါယ်ပါယ်နယ်နယ်ဆဲတာတော့တွေ့တယ်ဗျ :) အင်းလေ သူတို့လဲ ထိန်းခဲ့သမျှ ရင်ဖွင့်ကြတာပေါ့.. ပြီးတော့ နောက်တခု က မြန်မာဝန်ကြီးချုပ် ကားလမ်းပြောင်းပြန်မောင်းတာ တွေ့လိုက်တယ်..ရီတော့ရီရသားဗျ .. လူ ၂၀ လောက်လေးကို သူက ဘာလို့လုပ်တာလဲ သိဘူး..အော်တဲ့သူတွေက ticket ပေးဆိုပြီးတော့ ရဲကိုပြောသေးတယ်..အမယ် ပြန်စဉ်းစားကြည့်တော့ အမေရိကန်မှာ လမ်းပြောင်းပြန် မောင်းနိုင်တာ အိုဘားမားရယ်..အစွရေးနိုင်ငံရယ်..မြန်မာနိုင်ငံရယ်ပဲ ရှိတော့ ဂုဏ်ယူစရာတောင် ကောင်းနေမလားပဲ..အော်တဲ့ထဲမှာတော့ သာမာန်အော်တာထက် ပုဂွိုလ်ရေးမကျေနပ်လို့ ဆဲတာများနေသလိုပဲ.. ဘာပဲဖြစ်ဖြစ် အော်တဲ့သူတွေ သတ်တိတော့ ချီးကျူးစရာပဲ.. ရတုန်းရခိုက်အခွင့်အရေးအတွင်းမှာ သူတို့ လုပ်နိုင်သလောက်လုပ်ကြတာ..ကောင်းပါတယ်.. ဘာပဲဖြစ်ဖြစ်..နောက်တခါ ဒီထက် အခွင့်အရေးရလာတဲ့အခါ ဒီထက် အဆင့်အတန်းမြင့်တာလေး အော်နိုင်ရင်တော့ ပို ကောင်းမယ်လို့ ထင်မိပါတယ်ခင်ဗျား...

Anonymous said...

လောလောဆယ်တော့..နိုင်ငံရဲ့ သမ္မတ ပါ...အဲလောက် တော့ပြောဖို့ ဆိုဖို့ မသင့်ဖူး...နည်းနည်း တော့စောင့်ကြည့်သင့်တယ်..မျက်ကန်းတစ်ယောက်လို ပြောချင်တိုင်းတော့မပြောကြနဲ့ ပေါ့..ကိုယ်ကိုတိုင်တော့..ဘာမှမလုပ်ပေးနှိုင်သေးပဲနဲ့ ..