Friday 25 September 2009

အမေရိကန်၏ ချဉ်းကပ်နည်းသစ်အား ကြိုဆိုသင့်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆို

အေပီသတင်း
(ThaungN)

အထိမ်းသိမ်းခံ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ ကနဦးခြေလှမ်းဖြစ်သော မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးမူသစ် အား ကြိုဆိုကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းမှ တဆင့်ကြာသပတေးနေ့တွင် ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံ ဒီမိုကရေစီမြှင့်တင်ရေးအတွက် တစေ့တစောင်း အားထုတ်သည်အနေဖြင့် အိုဘားမားအစိုးရက စစ်အစိုးရနှင့်ထိပ်သီးအဆင့် ချင်း တိုက်ရိုက်ဆက်ဆံရေးမူကို စေ့စပ်သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဟီလာရီ ရို့ဒ်မ် ကလင်တန်၏ ကျေညာချက်ကို ဒေါ်စုက သဘောတူ သည်ဟု ပြောသည်။

စစ်အစိုးရအား စီးပွါးရေးနှင့်နိုင်ငံရေး ပိတ်ဆို့အရေးယူခြင်းနည်းဖြင့် အထီးကျန်စေရန် လုပ်ဆောင်ရင်း ၀ါရှင်တန်အစိုးရသည် နှစ်ပေါင်းများစွာ ခက်ထန်သော ချဉ်းကပ်နည်းလမ်းကို ကျင့်သုံးခဲ့သည်။

နေအိမ်အကျယ်ချုပ် နောက်ဆုံးကာလ ကိုကျခံနေရာဖြစ်သော ဒေါ်စုကြည်၏နေအိမ်သို့ ဦးဥာဏ်ဝင်း သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ယခုလို ပြောကြားခြင်းဖြစ်သည်။

မေလတွင် အမေရိကန်လူမျိုးတဥိးက သူမနေအိမ်ကို ကျော်နင်းဝင်ရောက်ခဲ့ပြီး နှစ်ညခန့်တည်းခိုခဲ့သည့်အတွက် ယခင်အကျယ်ချုပ်စည်းကမ်း ဖေါက်ဖျက်မှုအတွက်ထောင်ဒဏ်၁၈လ ဖြစ်ဒဏ်စီရင်ခဲ့သောအမှုကို ဦးဥာဏ်ဝင်းနှင့် အခြားရှေ့နေတို့ က အမှုလိုက်ခဲ့သည်။

အမေရိကန်အစိုးရ၏ စေ့စပ်ရေးလမ်းကြောင်းတည်းဟူသော အတွေးအခေါ်ကို ဒေါ်စုက လက်ခံသည်ဟု ပြောသည်။ဆက်ပြီးဒေါ်စုက သူမသည် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို အစဉ်တစိုက် ထောက်ခံအားပေး ခဲ့တာဖြစ်တယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးရေးဆိုတာ အစိုးရနှင့်ရော အတိုက်ခံ ဒီမိုကရေစီ အင်အားစုကပါ နှစ်ဖက်စလုံးတို့နှင့် ပြီးမြောက်စွာ ဖြစ်သင့်သည်ဟု အဆိုပြုသွားကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

ယခုလို အမေရိကန် ၏ခြေလှမ်းသစ် ကို ဟီလာရီကလင်တန်က ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရအား ပြုပြင်ပြောင်းလဲရေး လုပ်ရန်၊ အတိုက်ခံများနှင့် အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရန် ဟူ ၍ နားချခဲ့သော နိုင်ငံ မိတ်ဖက်တို့နှင့် တွေ့ဆုံခဲ့ပြီးသည်နောက် ဗုဒ္ဒဟူးနေ့တွင် ထုတ်ပြန်ကျေညာလိုက်သည်။

မြန်မာစစ်ခေါင်းဆောင်များအပေါ် ကန့်သတ်ထားသော စီးပွါးရေးဒဏ်ခတ်ချက်မှာ ယခင်အတိုင်း တည်ရှိနေမည် ဖြစ်ပြီး ၄င်းအတိုင်းအတာကို ယခုအခါ အကူအညီတို့ဖြင့် ပူးတွဲထားရှိမည်ဟု ကလင်တန်က ပြောသည်။

စီးပွါးရေးပိတ်ဆို့ဒဏ်ခတ်ခြင်းသက်သက် ဖြင့်အကျိုးသက်ရောက်မှု အနည်းအကျဉ်းသာ ရှိကြောင်း လအတန်ကြာ ကလင်တန်က အားမရဖြစ်ခဲ့သည်။

“ကျမတို့ယုံကြည်တာက စီးပွါးရေးဒဏ်ခတ်ခြင်းကို ကျမတို့ရဲ့ အရေးကြီးတဲ့မူဝါဒအစိတ်အပိုင်းအနေနှင့် ကျန်ရှိနေမည်။ သို့ပေမဲ့လည်း သူချည်းသက်သက်ကတော့ မြန်မာလူမျိုးတို့ကိုယ်စား မျှော့်ခဲ့သော အကျိုးရလဒ်ကို မရခဲ့ပါ”ဟု ကလင်တန်က သတင်းထောက်များကို ပြောခဲ့သည်။

“စီးပွါးရေးဒဏ်ခတ်ခြင်းနှင့် ဆန့်ကျင်တဲ့ စေ့စပ်ဆွေးနွေးရေးဆိုတာ မှားယွင်းသော ရွေးချယ်ချက် လို့ဘဲ ကျမတို့ယူဆပါမယ်”ဟု သူမကပြောသည်။

“အဲဒီတော့ ရှေ့ဆက်လှမ်းရင်း ထိုကရိယာ နှစ်ခုစလုံးကို ပြိုင်တူ အသုံးချပြီး ကျမတို့ရဲ့ တူညီတဲ့ ပန်းတိုင်ကို ရှာကြမယ်”ဟု သူမဆက်ပြောသည်။

ThaungN မှ အီးမေးမှတဆင့်ပေးပို့သည်။

1 comment :

min said...

ကြိုဆိုပါတယ်ဒီသတင်းကို.ဘိုဂျုတ်တွေအတွက်ကောင်း
မွန်တဲ့ထွက်ပေါက်တစ်ခုဖြစ်သလိုပြည်သူတွေအတွက်
လည်းကောင်းပါတယ်.ခဲမှန်ဘူးတဲ့စာသူငယ်တွေဆို
တော့သတိတော့ထားပေါ့လေ.ဒါပေမဲ့စစ်အစိုးရဘိုဂျုတ်
တွေနဲ့သူတို့ရဲ့နောက်လိုက်တွေကအကုသိုလ်တရားကြီး
မားလွန်းနေတော့လမ်းမှန်ကိုမြင်နိုင်လိမ့်မယ်မထင်ဘူး.
ဒီပွဲကတော့အိုဘားမားနဲ့ကလင်တန်တို့ရဲ့ပွဲပေါ့.နိုင်ငံရေး
စားဖားကြီးတွေအတွက်တော့အခန့်မသင့်ရင်နေရာပါ
ပျောက်သွားမယ်ထင်ပါတယ်။သူတို့လည်းဘိုဂျုတ်တွေ
လိုပါဘဲ.တစ်လမ်းတည်းအတူတူသွားကြမဲ့လူတွေပါ။