Sunday 27 September 2009

သိန်းစိန် ကို ဖိနပ်နဲ့ ပေါက်ရန် နယူးယောက်မြို့ ရှိ မြန်မာ နိင်ငံ သားများစီစဉ်နေ

နားဂစ် လူသတ်တရားခံတွေကို မလွတ်သွားအောင် လူအားနဲ့ ၀ိုင်းခြင်တယ်။
မြန်မာပြည်ဖွား နယူးယောက်သားများ ကို ဆက်ဆက်လာခဲ့ကြပါလို့ဖိတ်ခေါ်ပါတယ်။



-နယူးယောက်မြန်မာနိုင်ငံသားများ-


နယူးယောက်မြို့ ရှိ မြန်မာ နိင်ငံသားများက သိန်းစိန်နဲ့ ညဏ်ဝင်းကို ဖိနပ်နဲ့ ပေါက် ကန့်ကွက် မယ်လို့ သိရပါတယ်။ သိန်းစိန်နဲ့ ညဏ်ဝင်းဟာ မနက်ဖန်ခါမှာ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောမှာဖြစ်ပါတယ်။ သူတို့ ရဲ့ မတရားလုပ်ရပ်များ ကိုကန့် ကွက်ရှုတ်ချတဲ့အနေနဲ့ ကိုနေတင်မြင့်၊ ကိုအောင်ခန့် ကိုဖိုးခွားတို့ က ဦးဆောင်ပြီး ကန့်ကွက်ရှုတ်ချကြမှာဖြစ်ပါတယ်။

နယူးယောက်မြို့ နေ မြန်မာ နိင်ငံသား ကိုဂျင်မီအောင်တင် က သိန်းစိန်ကို သူဖိနပ်နဲ့ ဆုံးမခြင်တဲ့အကြောင်းကတော့ နာဂစ်မုန်တိုင်း မှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဆေးဝါးနဲ့ ရိက္ခာတွေကို နိင်ငံတကာအကူညီများ နှောင့်နှေးအောင် လုပ်တဲ့ အတွက်လို့ ဆိုပါတယ်။

မခင်မာစီ ကတော့ သူဖိနပ်နဲ့ ပေါက်ခြင် ရတာကတော့ ပြည်သူလူထုတွေကို လက်အုပ်ချီခိုင်းတဲ့ ယဉ်ကျေးမှုကို
ကန့်ကွက်တဲ့အနေနဲ့ ခုလို ဆန္ဒပြမှာလို့ သိရပါတယ်။

ကိုနေတင်မြင့်ကတော့ အရေးတော်ပုံမှာ အသက်ပေးသွားခဲ့တဲ့ ပြည်သူများအတွက်၊ နားဂစ်မုန်တိုင်းမှာ သေဆုံးရတဲ့ အပြစ်မဲ့
ပြည်သူများအတွက်၊ နှင့် သံဃာအရေးတော်ပုံမှာ ကျဆုံးရတဲ့ အာဇာနည်များအတွက် သူ့ဆန္ဒပြမှာလို့ ဆိုပါတယ်။

ကို အောင်ခန့် ကတော့ နယူးယောက်မြို့ သားများကို ဖိနပ်တရံစီအပို ယူခဲ့ပါ။ ခရမ်းချဉ်သီးနဲ့ ဘဲဥပုတ်များ လည်း ယူလာနိင်ပါတယ်။သိန်းစိန်နဲ့ ညဏ်ဝင်း ပြေးပေါက်မရှိအောင် ဒီညကတည်းက ကျနော်တို့ ၀ိုင်းထားပြီးပါပြီလို့ ဆိုပါတယ်။

စုံရပ်ကတော့ 222 East 39th Street, New York City, New York, United States, #212-687-8000
အချိန်- နံနက် ၇ နာရီအရောက်လာခဲ့ပါ။

ဆက်သွယ်ရန်- နေတင်မြင့် - ၅၁၀-၄၉၁-၅၁၅၇
အောင်ခန့်- ၅၁၅ ၈၀၈-၁၅၁၅
ဖိုးခွား- ၉၁၇-၃၄၉-၂၁၆၉
ဇော်ဝင်း- ၉၁၇-၂၃၈-၈၂၇၃


သတင်းကောင်းပါးလိုက်ရပါတယ်။ ဆက်ဆက်သွားကြပါ။ မနက်ဖန် ဂျူးဟောလီးဒေးဖြစ်တဲ့အတွက် ကျောက် တန်းရှိမြန်မာများအနေနဲ့  ပိုမိုလာနိင်တယ်လို့ ယူဆရပါတယ်။

No comments :