Friday 15 January 2010

နေကြတ် လကြတ်ခြင်း ဗဟုသုတ



မြန်မာနိုင်ငံ မှာ နေကြတ်တာ ကို တွေ့မြင်လိုက်ရပုံ

ဇော်ဝင်း (နယူးရော့ခ်)

ဒီနေ့ နှစ်ထောင့်တစ်ဆယ် ဇန္နဝါရီ လ ၁၅ရက် နေ့ စက်ဝိုင်းအနားသတ် (၈ မီးနစ် ၂၇ စက္ကန့် ကြာ) နေကြတ်တာ ကို မြန်မာစံတော်ချိန် မနက် ၈နာရီ ၃၅ မီးနစ်အချိန် မြန်မာနိုင်ငံမှ မြင်လိုက်ကြရပါတယ်။

စစ်တွေကနေဗန်းမော်အထိကောင်းကောင်းမြင်လိုက်ကြရတယ်ဆိုပါတယ်။ ထိုင်းနိုင်ငံ နဲ့ စင်ကာပူက ကျွန်တော်သူငယ်ချင်းများပါ မြင်လိုက်ရတယ် ပြောပြကြ ပါတယ်။ လမှ နေကို ရှစ်ဆယ့်ငါး ရာခိုင်နှုန်း ဖုံးအုပ်သွားတာ မှောင်သွားတာကိုမြင်ခဲ့ကြရတယ်ဆိုပါတယ်။

လာမဲ့ ဒီဇင်ဘာလ ၂၃ ၃၀၄၃ ခုနှစ် မှာ မှ လ မှနေကို ကွယ်ထားနိုင် မဲ့ အကြာမြင့်ဆုံးအချိန် တခု ပြန်ရောက် လာအုန်းမှာ ကိုတွက်ချက်ပြထားပြီး လမှ နေကို ဖုံးအုပ်သွားမဲ့ အမြင့်ဆုံးကြာချိန်ဟာ (၁၁ မီးနစ် ၈ စက္ကန့် ) ဖြစ်ကြောင်း နာဆာ က ထုက်ပြန် ပါတယ်။

နေရယ် လရယ် ကမ္ဘာရယ် တတန်းထဲ ဖြစ်သွားရင် နေကြတ်တယ် ခေါ်ပါတယ်။ လရဲ့ အရိပ် က ကမ္ဘာကို ကျနေရင် ကမ္ဘာက အရိပ်ထဲ မှာ ကျသွားပြီး လက နေကို ကွယ်နေလို့ နေကြတ်တယ် ခေါ်ပါတယ်။ ဖြစ်တတ်တာက လကွယ်နေ့မှာမှ ဖြစ်တတ်တယ် ဆိုပါတယ်။ နေနဲ့ ကမ္ဘာရယ် လနဲ့ တတန်းထဲ ကျပြန် ရင်လဲ ကမ္ဘာရဲ့ အရိပ်က လပေါ်ကျ သွားရင် လကြတ်တယ်ခေါ်ပါတယ်။ ဒါလဲ လပြည့်နေ့မှာပဲ ဖြစ်တတ်တယ် ဆိုပါတယ်။

နေကြတ်ဖို့ ဟာ သိပ် မလွယ်ကူလှပါ။ လအရိပ် ကမ္ဘာကို မကျနိုင် သလို ကမ္ဘာ ရဲ့ အရိပ် လဲ လပေါ် မကျနိုင် ပါဘူး။ ကျဖို့ခက်ခဲလှတယ်ဆိုပါတယ်။ ဒါပေမဲ့ နေကြတ်တာ လကြတ်တာ တနှစ် နှစ်ခါ ဒီဇင်ဘာ ဇန္နဝါရီ နဲ့ ဂျွန် ဂျူလိုင် လတွေမှာ ကြတ်တပ်တယ် ဆိုပါတယ်။ တနှစ်မှာ ၆လ ကွာ ကြတ်တတ်တယ်ဆိုပါတယ်။

ကမ္ဘာ က နေကို ပတ်လမ်း နဲ့ လ က ကမ္ဘာကို ပတ် တဲ့ ပတ်လမ်း ပတ်လမ်းတွေဟာ ပတ်လမ်းညီတွေ မဟုတ်ဘဲ ၅့၂ ဒီကရီ လောက် စောင်းနေတယ်ဆိုပါတယ်။

ကမ္ဘာ က နေကို ပတ်လမ်း နဲ့ လ က ကမ္ဘာကို ပတ် တဲ့ ပတ်လမ်း ပတ်လမ်းတွေဟာ စက်ဝိုင်းအတိအကျ မဟုတ်တာမို့ တခါတလေ လက ကမ္ဘာ နဲ့ ပိုနီးတာ ပိုဝေးတာ ရှိပါတယ်။

လပတ်လမ်း နေပတ်လမ်း တွေ ဟာ လ နဲ့ နေ အနီး အဝေး ပေါ်မူတည်ပြီး လအရိပ် နေအရိပ် တွေ ကမ္ဘာ ပေါ် အချင်းချင်း ထပ်သွား ဖို့ခက်ပေမဲ့ ထပ်သွားတတ်ကြတာပါ။ ထပ်သွားရင် နေကြတ် လကြတ် ခြင်းဖြစ်သွား တယ်လို့ ဆိုပါတယ်။

နေကြတ် ပြီး နှစ် ပတ် ခန့် အကြာ လပြည့်နေ့ မှာ လကြတ် တတ်တယ်ဆိုပါတယ်။ ဒါပေမယ် ဒီလို နေကြတ်လကြတ် ကို နောက်တခါ ပြန်မြင်ဖို့ ဆယ့်ရှစ်နှစ် နဲ့ သုံး ရက် ကြာ စောင့် စားကြရမှာ ဖြစ်ပါ တယ်။ ဒီမှာလဲ နေအပြည့် ကြတ် ဖို့ ဆိုတာ က ငါးဆယ့်လေးနှစ် ၁၁ လ ကြာ စောင့်စားကြရပါကြောင်း ဗဟုသုတ ဝေမျှလိုက်ပါတယ်။

ဇော်ဝင်း (နယူးရော့ခ်)

ကိုးကား -
1)'Blazing ring' eclipse races across Africa, Asia
http://news.yahoo.com/s/afp/20100115/wl_afp/astronomyeclipsescience
2)နက္ခတ္တဗေဒ ပညာရှင် ပါမောက္ခ ဒေါက်တာ ၀င်းသာထွေး နဲ့ ဗွီအိုအေမေးမြန်းခန်း

No comments :