Friday 15 January 2010

ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

-WFWW-
၀၁-၁၅.၂၀၁၀-

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ပြည်သူ့တပ်မတော်သားများထံသို့ ပန်ကြားလွှာ ကို ဇန်န၀ါရီလ (၁၄) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက် မိတ္တူအစောင် ၁၀၀၀၀ ကို မြန်မာနိုင်ငံအတွင်းရှိ တပ်တွင်းအိမ်ယာများ၊တပ်အများစု အခြေစိုက်ထားသည့်မြို့နယ်များသို့ ဖြန့်ချီသွားမှာဖြစ်ကြောင်း ကြားသိရပါသည်။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ပြည်တွင်း သတင်းဖြန့်ချီရေးနက်ဝပ် အင်အားစုများ မှ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသတစ်ဝိုက်ရှိ တပ်များမှ ပြည်သူ့တပ်မတော်သားများထံသို့ ပေးပို့သော ပန်ကြားလွှာ အလွယ်တကူ ရောက်ရှိအောင် စီစဉ်ဆောင်ရွက် လုပ်ဆောင်သွားကြလိမ့်မယ်လို့ သိရှိရပါသည်။ တချို့ တပ်စခန်းများရှိရာ မြို့များ၌ ဖြန့်ချီသွားပြီးဖြစ်ကြောင်းလည်းသိရှိရပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဘောက်ထော်တပ်တွင်းအိမ်ယာများ၊ သနက ၄ တပ်တွင်းအိမ်ရာများ၊မင်္ဂလာဒုံ နှင့် မှော်ဘီတပ်တွင်းရှိ အိမ်ယာများ၊ ပြည်မြို့ ရှိ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများ၏ တပ်တွင်းအိမ်ယာများ၊ အုပ်ဖို၊ အင်းမ ရှိ တပ်တွင်းအိမ်ယာများ၊ မိတ္တီလာ ရှိ တပ်မ ၉၉ လက်အောက်ခံ တပ်တွင်းအိမ်ယာများ၊ ကရင်ပြည်နယ်ရှိ တပ်မ ၄၄၊ တပ်မ ၂၂ လက်အောက်ခံတပ်ရင်းများ၏ တပ်တွင်းအိမ်ယာများ၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ ခလရ ၂၂၊ ခလရ ၂၃ တပ်တွင်းအိမ်ယာများ၊အပါအ၀င် တပ်စခန်းများရှိရာ မြို့များ၌ ဖြန့်ချီသွားမှာဖြစ်ပြီး၊ ပြည်နယ် နှင့်တိုင်းအသီးသီးရှိ စစ်ရုံးများသို့လည်း စာတိုက်မှဖြစ်စေ၊ အီးမေးမှတဆင့်ဖြစ်စေ ပေးပို့သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ပန်းကြားလွှာ ကို တပ်မတော်သားများ၊ တပ်တွင်းအရာရှိများအားလုံး ဖတ်ရှု့နိုင်ရန် စာတိုက်များမှတဆင့် သော်လည်းကောင်း၊ အီးမေးများမှတဆင့်သော်လည်းကောင်း လက်ဆင့်ကမ်း စာပေးပို့သွားကြဖို့ ပြည်သူထူထုတရပ်လုံးအား တိုက်တွန်းနှိုးဆော် ထားကြောင်းသိရှိရပါသည်။

Statement by Free Burma Federation (14.1.2010)

4 comments :

Hmoo said...

My false ...Because I read...U've a good day..

8888 People Power said...

အခုလိုဘဲ ကြေငြာချက်တွေ ထုတ်ပြန်ပြီးတော့ အဝေးကနေ အော်မနေကြပါနဲ့။ လက်ရှိ တပ်မ ၆၆၊ တပ်ရင်း ၈၀ မှာ ဖြစ်နေတဲ့အရာတွေကို ခင်ဗျားတို့ ဘာတွေများ ကူညီမှု၊ ထောက်ပံ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပေးနေကြလို့လည်း။ ခင်ဗျားတို့တွေ ” ၀ ” မရှိဘဲ ” ၀ိ ” လုပ်နေကြပါနဲ့ဗျာ။ လက်တွေ့သဘောမပါတဲ့ လုပ်ရပ်တွေကို ခင်ဗျားတို့ အခုအချိန်ထိ မစွန့်လွတ်နိုင်ကြသေးဘူးလား။ စားကောင်းအောင်တော့ အော်မနေကြပါနဲ့။ မအော်လည်း ခင်ဗျားတို့ စားနေကြရပြီဘဲ။ တောကြပါတော့ဗျာ၊ သူများတွေကို ဒုက္ခ ပေးမနေကြပါနဲ့။ ခင်ဗျားတို့ တကယ်လုပ်နိုင်ရင် အဝေးက အော်မနေကြနဲ့၊ ခင်ဗျားတို့ရဲ့ ရပိုင်ခွင့်တွေ၊ ရနေတဲ့ အခွင့်အရေးတွေကို စွန့်လွတ်ပြီးတော့ မြန်မာပြည်ထဲ (သို့) မြန်မာပြည်ရဲ့ အနီးဆုံးထိကို ပြန်လာကြလေ။ အဲဒါဆိုရင် ခင်ဗျားတို့ အော်နေကြတာတွေကို ယုံကြည်မယ်၊ ခင်ဗျားတို့နှင့်အတူ ပူးပေါင်းမယ်။ ဘယ်လိုလဲ၊ ခင်ဗျားတို့ သေချာ စဉ်းစား ဆုံးဖြတ်လိုက်ပါဦး။

Anonymous said...

မြန်မာပြည်ကိုပြန်သွားရင် အဖမ်းခံရမှာပေါ့
အနီးဆုံးထိဆိုရင်တော့တော်သေးတာပေါ့(အဒါတော့ထောက်ခံတယ်)
ဒီမိုကရေစီအင်အားစုတွေဟာ ဘာလုပ်ုကမှာလဲဆိုတာထက် အခုအချိန်ကလုပ်သင့်တာ ကိုလုပ်ုကရမယ့်အချိန်ဖြစ်နေပြီ
ဒီလိုဘဲသူတို့ရဲ့ စစ်တပ်ရဲ့စီစဉ်မှုတွေကိုစောင့်နေရင် နောက်ရာစုတခုအထိဘာမှပြောင်းလဲလိမ့်မယ်လို့မထင်ဘူး
စစ်တပ်ထဲကလည်းဘယ်သူ့မှ အဒီလောက်အစွမ်းအစ ရှိတဲ့သူမရှိသေးဘူးလို့ယုံကြည်တယ် ရှိခဲ့ရင်လည်း အဒီသူဟာ စစ်တပ်ရဲ့ထိန်းသိမ်းမှုအောက် ဒါမှမဟုတ် ဘာမှလုပ်ဆောင်လို့မရတဲ့အဝေးတနေရာ မှာရှိနေရလိမ့်မယ်

အဒီတော့ ဘယ်လိုခရီးဆက်ုကမှာလဲ ဒီလိုဘဲ ၀ိုင်ုးကီး ပတ်ပတ် ဒူဝေနေမှာလား ဒီမိုကရေစီအင် အားစုတွေ သုံးသပ်ပြီးဆုံးဖြတ်ချိန်ကနောက်တောင် ကျနေပြီ

Anonymous said...

ေုကညာချက်ကတော့ ထုတ်ပြန်ပါပြီ
တပ်မတော်သားတွေလည်း သူတို့ရဲ့သက်ဆိုင်ရာခေါင်း ဆောင်တွေကို မဆန့်ကျင်ပေမယ့် ပြည်သူလူထုရဲ့ အခြေအနေကြောင့် လှုပ်ရှားတော်လှန်အနစ်နာစွန့်ချင် ပြီ ဒါပေမယ့်အဒီကြေညာချက်ကိုဦးဆောင်သူက ဘယ်လိုဦးဆောင်ဦးရွက်ပြုမယ် ဘယ်လိုစီမံထားတယ် ဆိုတာ ရဲရဲဝံ့ဝံ့ချပြပြီးလုပ်ဆောင်မှ တခုခုဖြစ်မြောက်နိုင် မယ်လို့ အုကံနည်းနည်းလေးပြုချင်ပါတယ် တထောင့်တ နေရာကနေပေါ့
နောက်သတိပြုမိပါစေ (Plan, Organize,Lead & Control) ဟာအရေးပါတယ်ဆိုတာ