Friday 19 March 2010

နအဖ၏ စစ်ကျွန်ပြုရေးလမ်းစဉ် ကို နိုင်ငံတကာရောက်မြန်မာများ ဆန့်ကျင်ဆန္ဒပြ

 နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများ သုတ်ထားသည့် ဆေးအနီများ (ဓာတ်ပုံ - Getty Images)


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့၌ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ယနေ့ နံနက်ပိုင်းတွင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာနဲ့အ၀န်း Global campaign ကို စတင်ကျင်းပ ခဲ့ကြကြောင်းသိရှိရပါသည်။

ပြည်တွင်းပြည်ပရှိ ညီအကိုမောင်နှမများခင်ဗျား-

သန်းရွှေ ၊ မောင်အေး ရဲ့ နှစ်ကြော့ပြန် ရွေးကောက်ပွဲ နိုင်ငံရေး ယုတ်မာမှု ကြံစည်ချက်(သို့) မြန်မာပြည် စစ်ကျွန်ပြုရေးလမ်းစဉ် ကို ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီလိုလားသော အင်အားစုများ စုပေါင်းပြီး ၀ိုင်းဝန်းဆန့်ကျင်ကြပါ။

သန်းရွှေ၊ မောင်အေး အုပ်စုရဲ့ အာဏာရှင်စံနစ် ထောက်တိုင် တွေကို ၀ိုင်းဝန်း ရိုက်ချိုးကြ၊ ၀ိုင်းဝန်း ဖော်ထုတ်ကြပါ။

သန်းရွှေ၊ မောင်အေး စစ်အုပ်စု ကို နိုင်ငံတကာ မှ ပြင်းပြင်းထန်ထန် အရေးယူရန် ၀ိုင်းဝန်း ဖိအားပေးကြပါ။

အထွေထွေ လူထုတိုက်ပွဲကြီး အဆင့်သို့ရောက်အောင် ဆန္ဒပြဆန့်ကျင်မှုတွေ တတိုင်းပြည်လုံး ဆင်နွှဲနိုင်ဖို့ ဆက်တိုက် လှုံ့ဆော်ကြပါ။

No comments :