၁- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲကိုမှတ်ပုံမတင်ပါရန် မေတ္တာရပ်ခံပါတယ်။
၂- ရွေးကောက်ပွဲကို မ၀င်ပါရန် ပန်ကြားပါတယ်။
၃- ၂၀၀၈ အခြေခံဥပဒေကို လုံးဝ လက်မခံပါ ဖို့ တိုက်တွန်းလိုပါတယ်။
၎- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖျက်သိမ်းကောင်ဖျက်သိမ်းခံရနိင်တယ်။ သို့ သော် ဒီမိုကရေစီအောင်ပွဲအဖျက်သိမ်းမခံရဖို့ က ပို အရေးကြီးပါတယ်။ ( ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၁ နစ်အတွင်းမှာ
၈ ဖွဲ့ ပြောင်းပြီးလုပ်ပေးခဲ့ရတယ်။ ဒီနည်းဗျူဟာကြောင့် လွတ်လပ်ရေး ရခဲ့တယ်။ အောင်ပွဲခံခဲ့တယ်။ )
အင်ဒိုနီးရှားသမတ ဟောင်း မကာဝါသီဟာ သူတို့ အဖွဲ့ က နေထွက်လိုက်မှာ ဆူဟာ တိုကိုဖြုတ်ချနိင်ခဲ့တယ်။
ဘာဖြစ်လို့ လည်းဆိုတော့ အဖွဲ့ ထဲက ဆူဟာ တိုလက်ထက် က ဖြုတ်ထားတဲ့သူတွေဟာ မကာဝါသီပါတီမှာ ခေါင်းဆောင်မှုရလာပြီး ဆူဟာ တို နဲ့ အလွမ်းသင့်ရေး ပေါ်လစီတွေကိုပဲ တင်ပြနေတယ်။ လူထုတိုက်ပွဲတွေကို
ဦးအောင်ရွှေ ဂိုဏ်းသား တွေလို အကြောင်းအမျိုးမျိုးပြပြီးရှောင်နေခဲ့ကြတယ်။ နောက်ဆုံးမှာ မကာဝါသီ က
ဒီလူတွေနဲ့ လမ်းခွဲလိုက် ပြီး တကယ်တိုက်ပွဲဝင်နေတဲ့ကျောင်းသားတွေ၊ အလုပ်သမားတွေ ၊ ပြည်သူတွေနဲ့ ပေါင်းလိုက်မှာ ဆူဟာ တို ပေါ်အောင်ပွဲခံနိင်ခဲ့တယ်။
၅- ဒေါ်အောင်ဆန်းစုကြည်မြန်နိင်ငံရေးမှာ ပါဝင်ခွင့်ရှိကိုရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခွင့်ရှိကိုရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ၀င်ခွင့် ကိုပြစ်ပယ်ခြင်းဟာ ဒီနေ့ လူထုဆန္ဒကိုပြစ်ပယ်ခြင်းဖြစ်တယ်။
၆- ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်သဘောထားကိုတောင်းခံပြီးမှဆောင်ရွက်သင့် ပါတယ်။
၇- ၀ ပြည်သူ သွေးစည်းညီညွတ်ရေးအဖွဲ့ ချုပ် ( ၀ သ ဖ ) နဲ့  ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ချုပ် ( KI0)
မွန်ပြည်သစ်ပါတီ ( NMSP) တို့  နယ်ခြားစောင့် တပ်ဖွဲ့ အသွင်သို့ မလုပ်ကြပါ ရန်၊ လုပ်မည်ဆိုပါက တပ်များကို
မိမိတို့ သာ ဦးဆောင်မှု ကိုရယူထားရန် မေတ္တာရပ်ခံပါတယ်။
ရ- ကျနော်တို့  FBF အနေ ဖြင့် တဖက်သတ်ရေးဆွဲထားတဲ့ ရွေကောက်ပွဲဥပဒေတွေကိုဆန်ကျင်တယ်။ ၂၀၁၀ အတုအယောင်ရွေးကောက်ပွဲကို ဆန်ကျင်တယ်။ ၂၀၀၈ အတုယောင်အခြေခံဥပဒေ ကိုဆန်ကျင်တယ်။ နိင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီဖေါ်ထုတ်နိင်ရေးအတွက် အင်အားစုအားလုံးနဲ့ လက်တွဲ သွားဖို့ အမြဲအစဉ်သင့်
ရှိနေပါတယ်။ ကြိုးပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ လက်တွဲဖို့ ဖိတ်ခေါ်အပ်ပါတယ်။
မိုးသီးဇွန်
ြ့မန်မာပြည်လွတ်လပ်ရေးအဖွဲ့ ချုပ် ( FBF)
Thursday, 18 March 2010
Subscribe to:
Post Comments
(
Atom
)
7 comments :
ကျနော့် (သို့ မဟုတ်)ကျနော်တို့ ရဲ့  NLD အပေါ်နဲ့  နိုင်ငံရေးအရ သုံးသပ်ချက်တွေဟာဒီနေ့ ကာလမှာ NLD ပါတီအနေနဲ့  လက်တွေ့  လက်ငင်းကြုံတွေ့ နေရသည့်အခက်အခဲပါပဲ။ ဒိထက်ပိုဆိုးတာက အမှတ်သည်းခြေမရှိသည့် NLD ဥက္ကဌဆိုသည့် ပုဂ္ဂိုလ်က ဘယ်လောက်တောင် ရဲဘော်ရဲဘက်စိတ်မရှိသလဲဆို- အသက်နဲ့ ရင်းပြီး၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲရမှာကို- ကိုယ်အဖွဲ့ အစည်းမှာရှိတဲ့ လက်တွဲဖော်(သို့ မဟုတ်)လူထုယုံကြည်အားကိုးရသည့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုတိုက်ပွဲရေထဲမိုးထဲမှာတောင် ကယ်ထုတ်ဘို့ ၊ ကာကွယ်ဘို့ မပြုသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လှံစွပ်နဲ့ ထိုးသတ်သည့် သေဆုံးစေမှုကို အရင်လုပ်ပြီး စစ်အုပ်က ဒူးထောက်အညံ့ ခံခိုင်းသည့် ၂၀၀၈ကိုလည်းဒူးထောက်မယ်၊ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့တာကိုလည်းစွန့် လွှတ်မယ်၊ လောလောလတ်လတ်ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုလည်းစွန့် လွတ်ပြီး-၂၀၀၈အတုအယောင်ဖွဲ့ စည်းပုံကိုကာကွယ်စောင့်ရှောက်ဘို့  ဖောက်ပြန်တဲ့ ဒူးထောက်အညံ့ ခံမှုကိုရွေးချယ်လိုက်တာဟာ-မြန်မာပြည်သူလူထုကိုစော်ကားလိုက်တာပဲ ဖြစ်တယ်။ ဒီလို နိုင်ငံရေးအာဏာကို လောဘတက်ပြီး အတုအယောင်ရွေးကောက်ပွဲကို ၀င်မယ့် လူလိမ်လူကောက် တွေကို ဘယ်ပြည်သူလူထုကမှ မထောက်ခံပါဘူး။ အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ သဘောထားမမှန်ပါဘူး။ NLD ပါတီအတွက် လူရှုပ်တွေလို့ ပဲဆိုရပါလိမ့်မယ်။ ဒီလူတွေ အရွေးချယ်ခံစေဦးတော့ ပြည်သူလူထုကို အမှန်တကယ်ဦးဆောင်ဦးရွက်ပြုနိုင်မယ့် လူတွေမဟုတ်ဘူးဆိုတာပဲ လူထုကြီးက ဆုံးဖြတ်ပါလိမ့်မယ်။ ဦးဝင်တင်ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူလေးစားရမည်ဖြစ်သည်။ ယခုစစ်အုပ်စုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေအချက်အလက်တွေဟာ မြန်မာပြည်အတွက် အဖြေမဟုတ်ပါဘူး။ NLDထဲမှာရှိနေသည့် တချို့ လူတွေဟာ စစ်အုပ်စုဘာတွေထုတ်ပြန်ထုတ်ပြန်အဲဒီထုတ်ပြန်ချက်တွေကို ဗဟိုပြုပြီးစဉ်းစားနေကြသ၍ အရှုံးနဲ့ ပဲ ရင်ဆိုင်ရလိမ့်မယ်လို့ မှတ်ပါ။ နောက်ဆုံးမှာတော့ ကျုပ်တို့ ပြတ်ပြတ်သားသားပဲပြောလိုက်ပါရစေ-ဦးအောင်ရွှေလို၊ ဦးခင်မောင်ဆွေလို လူမျိုးတွေဒီလိုအချိန်ကျမှ ရန်သူအပေါ်ဒူးထောက်လာခြင်းအပေါ်မှာကျုပ်တို့ အားလုံ ပြင်းပြင်ထန်ထန်ကန့် ကွက်တယ်၊ ရှုံ့ချတယ်။ NLD အထဲမှာရှိသည့် NLD လူငယ်များခင်ဗျား-ခင်ဗျားတို့ ဟာလူငယ်တွေပါ။ လူငယ်တွေပီပီ ယနေ့ မတရား တဘက်သတ်အကြတ်ကိုင်ထားတဲ့အခက်အခဲကို ခင်ဗျားတို့ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသားရင်ဆိုင်ရတော့မယ်အချိန်ဖြစ်တယ်။ ခင်ဗျားတို့ မပြတ်သားရင် မြန်မာပြည်နိုင်ငံရေးသမိုင်းမှာ ခင်ဗျားတို့ ဟာ သမိုင်တရားခံတွေဖြစ်သွားမယ်။ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလားသေချာခွဲခြားနိုင်ဘို့ လိုတယ်။ မှတ်ပုံတင်ရရုံလေးနဲ့  တိုင်းပြည်အတွက် အဓိပါယ်ရှိတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလှံစွပ်နဲ့ ထိုးပြီးနိုင်ငံရေးမှတ်ပုံတင်ဘို့ အဖြစ်လဲယူဘို့ ကို မကြိုးစားလိုက်ပါနဲ့။၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသက်နဲ့လဲဘို့ ကာကွယ်စောက်ရှောက်ကြ။ အမှန်တရားဟာ သမိုင်းမှာဘယ်တော့မှ အရှုံးမရှိစေရဘူး။ ခင်ဗျားတို့ အနီးပါတ်ဝန်းကျင်မှာနိုင်ငံတကာရှိတယ်။
ရဲဘော်ဂျာကြီး
မှတ်ချက်။ ဖြစ်နိုင်လျှင်ကျနော်သဘောထားကို မည်သည့်ဘလော့တွင်မဆို တင်ပြခွင်ပြုသည်။ တိုင်းပြည်အတွက်အဓိပါယ်ရှိသည့်သဘောထားဖြစ်မည်ဆို။

ဒီလိုပြတ်သားမှ၇မယ်။ ၇၇င်၇မ၇င်ချ
၇မှာဘဲ တွေဝေနေစ၇ာမလိုဘူး။ ခေါင်းဆောင်ဆိုတာမတ၇ားတာမှန်
သမျှ အညံ့ခံ၇ိုးမ၇ှိဘူး။
အသေသာခံမယ်။ ဦးဝင်းတင်လိုလူ
မြန်မာနိုင်ငံမှာ ၈၀% ၇ှိလာအောင်
အမြင်မှန်၇လာအောင်ကြိုးစား၇
မယ်။မြန်မာလူမျိုးများ အိပ်၇ာကနိုးထ
ကြလော.ေ၇ာက်၇ာအ၇ပ်ကနေ
ကိုယ်တတ်နိုင်သလောက်မြန်မာ
ပြည်ကြီးကိုကယ်တင်ကြပါစို.
NLD ၀က်ဖြစ်ပြီးမှ့  တော့ ချီးပေးခံဖို့  ၀ံမလေးနေနဲ့ တော့ (နအဖ)က လုပ်ချင်တိုင်လုပ်မရပါဘူး ခင်ဗျားတို့  နောက်မှာ ယခု့  လက်ရှိ့  ထောက်ခံ နေတဲ့ စစ်တပ်ထဲက ခေါင်ဆောင်ကောင်တွေလည်း ပါပါသေတယ်။ ခင်ဗျာတို့  အစဉ်စာလွန်ပြီ ပျော့ ရင်တော့ ခံပဲ။ ရွေးကောက်ပွဲး မ၀င်တာနှင့် NLD အပေါ်ထားသေား ထောက်ခံမှု့ များသည် ပျောက်ဆုံးသွားမည် မဟုတ်။ ခင်ဗျားတို့  ရွေးကောက်ပွဲး မ၀င်ရေးသည် ( ရှေ့  တိုမည့် ဆင် နောက်တစ်လှမ်းဆုပ်) သာ ဖြစ်မည်။ ခင်ဗျာတို့  ရွေးကောက်ပွဲး ၀င်လိုက်ခြင်သည် ကမ္ဘာ ကြီးမှာ နေထိုင်နေကြတဲ့ မြန်မာနိင်ငံ နှင် မြန်မာလူမျိုးအားလုံး၏ စိတ်ပျက်ခြင်း ၊ အထင်သေခြင်း မေတ္တာပို့ ခြင်း များကို မလွဲးမသွေ ခံရမည်ဆိုတာကို သိ့ထားသင်ပါသည်။ ခင်ဗျားတို NLD သည် အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ကမ္ဘာ နိုဘယ် ငြိမ်းချမ်းရေးဆု့  ရှင် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာစေတနာ အရှိန်အ၀ါကြောင့် စိန်နာဂါတ်ရောင်နှင့် ပါးပြောင်နေကြခြင်ဖြစ်ပါသည်။ ဒါကို စိန်နားကတ်ကိုဖယ်ကြပါက ခင်ဗျာတို့  ကုန်းကောက်စရာ ဆိတ်ချီးတုံးတောင် ရှိတော့မည် မဟုတ်ပါဟု့  မှတ်သာထားကြရန်လို ကြောင်းတိုက်တွန်းနိုးဆော်လိုက်ပါသည်။ ။

90 ရွေးကောက်ပွဲတုန်းက ပြည်သူတွေ တခဲနက် ဒီချုပ်ကို မဲပေးခဲ့တာ ထောက်ခံခဲ့တယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့်ဖြစ်တယ်။ အန်တီစု မပါလို့ကတော့ ဒီချုပ်ရှေ့ရေးဟာ သက်ကြားအို စစ်ဗိုလ်ဟောင်းတွေရဲ့ လက်ထဲမှာ ရေစုန်မျောတော့မှာ သေချာတယ်။
၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ
အန်တီစု မပါတဲ့ ဒီချုပ် အလိုမရှိ
Post a Comment