Friday, 12 March 2010

ထိုင်းနိင်ငံအတွင်း နိင်ငံရေး လှုပ်ရှားမှုကြီးများ စတင်ဖြစ်ပေါ်နေခြင်း

ထိုင်းနိင်ငံမှာ နိင်ငံရေးတင်းမာမှုတွေ ဖြစ်နေပါတယ်။ ထိုင်းနိင်ငံရောက် မြန်မာ တွေကို အနီေ၇ာင်ဝတ်လှုပ်ရှားမှုတွေမှာ မပါကြဖို့  ထိုင်းအစိုးရပိုင်းက သိုးသိုးသန့် သန့် ပြောသံတွေကြားနေရတယ်။ အနီရောက်အဖွဲ့ က ဆန္ဒပြပွဲမှာပါရင် တယောက်ကို တနေ့ ဘတ်သုံးထောင်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့်လည်းဖြစ်ပါတယ်။ နိင်ငံရေးတင်မားနေတဲ့အခြေအနေက ဘာနဲ့ တူနေသလဲဆိုတော့
မနပုလောမှာ ဒီကေဘီအေတွေခွဲထွက်စဉ်က အခြေအနေနဲ့ တူနေပါတယ်။ ဒီကေ ဘီအေတွေ ကေအင်ယူကခွဲထွက်စဉ်က ဘယ်သူက ကရင်တွေအတွင်းထဲမှာ ဘယ်သူက ဗုဒ္ဓဘာသာလဲ ၊ ဘယ်သူက ခရစ်ယန်လည်းဆိုတာ ခွဲခြားရခက်နေသလိုပါပဲ။ အခုလည်း မြန်မာ တွေနေထိုင်နေတဲ့ ထိုင်းရပ်ကွက်တွေအတွင်းမှာ ဘယ်သူက အနီကိုထောက်ခံတာလဲ ဘယ်သူက အ၀ါ ( ဘုရင်နဲ့လက်ရှိအစိုးရ ) ကိုထောက်ခံတာလဲ ဆိုတာ ခွဲခြားရခက်နေပါတယ်။ ဒီနေ့  နေ့ လည်မှာတော့ ဘန် နန် မြို့ နယ်က ရဲ မှု ကို အနီကိုလိုလားတဲ့သူတွေက ပြစ်သတ်လိုက်တယ်။ ရဲ သုံးယောက်ဒဏ်ရာရပါတယ်။ ဆူရတ်ဌာနီ တိုင်းမှာ တော့ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ခဲ့တယ်။ လျုပ်စစ် ဓါတ်အားပေးတိုင်တွေ ကို ဦးတည်ပြီး တိုက်ခိုက်သွားခဲ့ပါတယ်။ မတ်လ ၁၄ ရက်နေ့ မှာတော့ အနီရောင်တွေရဲ့  အဖွဲ့ ခေါင်းဆောင် တပ်ဆင်က
လူတသန်း ထွက်ပြီးဆန္ဒုပြကြဖို့ နိုးဆော်ထားပါတယ်။ ၁၉၉၅ ခုနစ်က အမေရိကန်နိင်ငံ မှာရှိတဲ့ လူမဲအဖွဲ့ ချုပ် နေရှင်း အော့် ခရစ်ယန် အဖွဲ့ က လူတသန်း တိတိ ၀ါရှင်တန်ဒီစီမြို့ မှာ စုရုံးအင်အားပြတဲ့ပွဲပုံစံမျိုး တပ်ဆင်က အနီရောင်ဝတ်တွေကို လှုပ်ရှားဖို့  တိုက်တွန်းထားပါတယ်။

No comments :