Friday, 12 March 2010

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်

-သားဆွေ-

နအဖ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပိတ်ပစ်လိုက် တာဖြစ်တယ်။ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို နအဖ က ရွေးချယ်ပေးလိုက်ပြီ။

  • ၁။ ရွေးကောက်ပွဲ (ကော်မရှင်) ဥပဒေတွေကို နည်းပေါင်းစုံနဲ့ ကန့်ကွက်ရမယ်။ (ရန်သူရဲ့ စစ်မဟာဗျူဟာကိုတိုက်ခိုက်ခြင်းဖြစ်တယ်)
  • ၂။ ရွေးကောက်ပွဲ ၀င်မည့်ပါတီတွေ၊ တသီးပုဂ္ဂလတွေကို နည်းပေါင်းစုံနဲ့တားမြစ်ရမယ်။(ရန်သူရဲ့ မဟာမိတ်များကိုဖြိုဖျက်ခြင်းဖြစ်တယ်)
  • ၃။ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ မဲမပေးကြဖို့ လှုံ့ဆော်ရမယ်။(ရန်သူကို စိတ်ဓာတ်ရေးရာအရလွှမ်းမိုးခြင်းဖြစ်တယ်)
  • ၄။ ရွေးကောက်ပွဲကို ပြည်တွင်းအင်အားစုတွေ၊ ပြည်ပအင်အားစုတွေ အားလုံးက သပိတ်မှောက်ရမယ်။(ရန်သူရဲ့စည်းလုံးညီညွတ်မှုကိုဖြိုခွဲပြီး မိမိ အင်အားကို စည်းလုံးညီညွတ်စွာ တည်ဆောက်ခြင်းဖြစ်တယ်)
  • ၅။ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ကင်းမဲ့မှုကို နိုင်ငံတကာပြည်သူတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို တင်ပြရမယ်။ (ရန်သူ အဆင်သင့်မဖြစ်တဲ့နေရာတွေကို ရွေးပြီး တိုက်ခိုက်ခြင်းဖြစ်တယ်၊ ရန်သူကို သံတမန်နည်းအရ ထိုးနှက်ခြင်းလည်းဖြစ်တယ်)
  • ၆။ အထွေထွေ လူထုတိုက်ပွဲကြီးဆင်နွှဲနိုင်ဖို့ လှုံ့ ဆော်ရမယ်။(ရန်သူစိတ်ရှုပ်ထွေးအောင်၊ အေးဆေးသက်သာ မနေနိုင်အောင် ..... အခွင့်အရေးတိုက်ပွဲတွေ၊ လူထုလူတန်းစား ဆန္ဒပြပွဲတွေ၊ ကျောင်းသားသပိတ်တွေ၊ အလုပ်သမား လယ်သမား လှုပ်ရှားမှုတွေဖော်ထုတ်ပြီး .... အထွေထွေသပိတ်ဆီကို ဦးတည်သွားနိုင်ဖို့ဖြစ်တယ်။)


No comments :