ဆရာဦးဝင်းတင်ရဲ့ အကျဉ်းထောင်အတွေ့အကြုံတွေကို ရေးသားထားတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" အမည်ပေးထားတဲ့ စာအုပ်ကို ဆရာ့ရဲ့ ရှစ်ဆယ်ပြည့်မွေးနေ့ အမှတ်တရ အဖြစ်ထုတ်ဝေလိုက်တယ်လို့ သတင်းရရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံက စီစဉ်ထုတ်ဝေပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ကဖြန့်ချီပေးနေပါတယ်။ ဆရာ့ရဲ့ ဒီစာအုပ် ဟာ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားရံပုံငွေအတွက် လှူဒါန်းမှာဖြစ်ပြီး တန်ဖိုးငွေ ကတော့ တအုပ် ကို ၁၅ ဒေါ်လာဖြစ်ပါတယ်။ ကိုယ်ပိုင် စာအုပ်စင်အတွက် အမှတ်တရ ဝယ်ယူစုဆောင်းသင့်တဲ့စာအုပ် ဖြစ်တဲ့အပြင် ဆရာ့ အမှာစကားတွေ ဆုံးမစကားတွေ၊ ဆရာရင်ထဲက ခံစားမှုတွေကို စာဖတ်သူများ အတွက် ဖတ်စေချင်လွန်းလို့ အင်တာနက်က တဆင့်ဖြန့်ဝေပေးလိုက်ပါတယ်။
ဆရာဦးဝင်းတင် က မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေဟာ "လူလုပ်တဲ့ငရဲ" ပါတဲ့။ နိုင်ငံလွတ်မြောက်ရေးအတွက် တတပ်တအား ဝိုင်းဝန်းကူညီကြဖို့ ဆရာကတိုက်တွန်းရေးသားထားပါတယ်။
ဆရာရဲ့ မွန်မြတ်တဲ့စွန့်လွှတ်မှူ နဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ ကို အဝေးက ကန်တော့လိုက်ပါတယ်ဆရာကြီးခင်ဗျာ။ ဆရာကြီး ဦးဝင်းတင် အသက် ၈၀ မှသည် အသက်ရာကျော်ရှည်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် ဆက်လက် ဦးဆောင်မှုပြုနိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
ဇော်ဝင်း (နယူးယောက်)
U Win Tin (Human Made Hell)
Saturday, 13 March 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment