Sunday, 14 March 2010

လမ်း ၃၀ တွင်တိုက်ပြိုကြခြင်း



ယနေ့ ညနေ ၄ နာရီခွဲ ခန့် က ရန်ကုန်မြို့  ၂၉ လမ်းနဲ့လမ်း ၃၀ မြန်မာ့အာမခံရုံးရှေ့ ၃ ထပ်တိုက် ပြိုကျသွားကြောင်းသတင်းရရှိပါတယ်။ ထိခိုက်ဒဏ်ရရာရရှိမှုနဲ့ ပတ်သက်ပြီး မသိရသေးပါ။ အပျက်အဆီးများကြားမှ  အပေါ်ဆုံးထပ်နံရံမှာ ပုံကြီးဓါတ်ပုံနှစ်ပုံ အပေါ်ပုံက ဗိုလ်ချုပ်နဲ့အောက်ပုံက ဦးရာဇတ်ပုံဖြစ်နေသည့် အတွက် လူအများမှာ  အံအားသင့်နေကြောင်း သတင်းရရှိပါတယ်။ တိုက်များမှာ ကိုလိုနီခေတ်ကတည်းကတည်ဆောက်ထားသည့် တိုက်များဖြစ်သည့်အတွက် လူနေရန် မသင့်တော်တော့ကြောင့်အထင်အရှားပြသလိုက်ခြင်းဖြစ်ပါတယ်။ တကယ်လို့ 
အင်အားပြင်းငလျင်တခု လှုပ်ရှားလာပါက ရန်ကုန်မြို့ တော်ကြီးတခုလုံးရဲ့ အနေထားမှာ အလွန်စိုးရိမ်စရာ အနေထားမှာ ရှိနေတဲ့အတွက် သတိထားနေထိုင်ကြရန် သတိပေးလိုက်ပါတယ်။

Source : Ko Win Myint

No comments :