အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက်ပြည်နယ် တခုဖြစ်သော မီဇိုရမ်ပြည်နယ်ရှိ မီဇိုးတိုင်းရင်းသားများ၏ ရိုးရာ ကောက်ရိတ်သိမ်းပွဲတွင် ကပြသည့် ၀ါးညှပ်အကအဖွဲ့ ၆၇၁ ဖွဲ့သည် ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး ၀ါးညှပ်အက အဖြစ် စံချိန် တင်နိုင်ခဲ့သည်။
မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့လယ်ရှိ ၃ ကီလိုမီတာ ရှည်လျားသော လမ်းတလျှောက်တွင် မီဇိုးရိုးရာဝတ်စုံများဖြင့် အကသမား ၁၀၇၃၆ တို့က ၇ မိနစ်ကြာမြင့်သည့် ရိုးရာသီချင်းဖြင့် ယမန်နေ့ နေ့လယ်၌ ကပြခဲ့ကြပြီး ကမ္ဘာပေါ်တွင် လူအများဆုံးပါဝင်သော၊ အရှည်လျားဆုံးသော၊ အကြီးကျယ်ဆုံးသော ၀ါးညှပ်အက အဖြစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်း ခဲ့ကြခြင်းဖြစ်သည်။
http://pnsjapan.blogspot.com/

1 comment :
Mizo/Zomi/Chin/Kuki = all these names are representing the same people from Burma(Chin State) and India(Mizoram, Manipur). They are one people with different names give by the outsiders(British, Burmese and Indians). They are struggling for the Zo Re-unification.
Post a Comment