Friday, 12 March 2010

ဒေါ်အောင်ဆန်းစုကြည်ရဲ့  သတင်းစကား


လေးစားရပါသော ညီအကိုမောင် တို့ ခင်ဗျား

သန်းရွှေ ခေါင်းဆောင်လက်တစုပ်စာ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးဖို့ ကြိုးစားနေတယ်။ သူတို့ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေက သူတို့ ဆွေစဉ်မျိုးဆက်ကောင်းစားရေးအတွက် တပ်တော်ကိုခုတုံးလုပ်၊ပြည်သူကိုဂုတ်သွေးစုတ်၊ ဒီမိုကရေစီအင်းအားစုတွေကိုအမြစ်ဖြုတ်ဖို့  ကြိုးပန်းချက်မျှသာဖြစ်ပါတယ်။

အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိင်ငံတကာသိအောင် ပိုစတာ ဖြန့် ဖို့  မှာလိုက်ပါတယ်။ ကာတွန်းလည်း ဆွဲ နိင်ပါတယ်။ ပုံက လက်ဝှေ့ စင်မြင့်ပေါ်မှာအမျိုးသမီးက သေးသေးလေး ပြီးတော့ ခြေချင်းတွေ လက်ထိပ်တွေ ခတ်ထားတယ်တဖက်က ပြိုင်ဘက်က စစ်ဝတ်စုံနဲ့ အားကောင်းမောင်းသန်ယောင်္ကျားကြီးပေါ့ဒိုင်လူကြီးက လဲ စစ်ဝတ်စုံနဲ့ ယောင်္ကျားကြီး ဒါပေမယ် ပြိုင်ဖက်ယောင်္ကျားကြီးက ထိုးဖို့ ခရာတွတ်လိုက်ရာမှာ အင်မတန်ကြောက်နေတဲ့ပုံစံဖြစ်ပါတယ်။

ညီအကိုတော်မောင်နှမအပေါင်းတို့  ခင်ဗျား ဒေါ်စုရဲ့  သတင်းစကားကို တကမ္ဘာလုံးသိအောင် ဆက်လက်သယ်ဆောင်ကြပါစို့  ။

No comments :