Thursday, 11 March 2010

ရွေးကောက်ပွဲ ဥပဒေပါတဲ့သတင်းစာတွေကို ဆုတ် ဖြဲ ကြပါစို့ 


နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေကို ကျနော်တို့ လက်မခံနိင်ပါ။ လည်ကောင်းဥပဒေ က တဖက်သတ်ကျားကန်ထားတဲ့ဥပဒေသာဖြစ်ပါတယ်။  ဒီဥပဒေအရ  ဒေါ်အောင်ဆန်းစုကြည်နဲ့  နိင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေကို ကျနော်တို့ က ရာဇ၀တ်သားလို့  သတ်မှတ်ထားတာကိုလက်ခံရမယ်။ သူတို့ ကိုရာသက်ပန် နိင်ငံရေး လှုပ်ရှားမှုကနေကျဉ်ထားပါမယ်။ ဒါအပြင် နိင်ငံရေးပါတီတရပ်အနေနဲ့ါလွတ်လပ်စွာစည်းရုံးခွင့်၊လှုပ်ရှားခွင့်တွေလည်းမရှိတော့ဘူးဖြစ်နေပါတယ်။
၁၉၈၉ ခုနစ် ကျနော် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုတည်ထောင်ခဲ့ပါတယ်။ ထိုစဉ်က ကျနော်ပါတီဟာ လွတ်လပ်စွာလှုပ်ရှားခွင့် ပါတီတရပ်ရဲ့  ရသင့်တဲ့ လွတ်လပ်မှုကို ကျနော်တို့ ရခဲ့ပါတယ်။
အခုအခြေအနေက ဒီထက်ဆိုးပါတယ်။  အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိင်ငံရေး ကနေ
ပါဝင်ခွင့်မရအောင် မတရား ကန့် သတ်ထားတဲ့ဥပေဒ ဖြစ်ပါတယ်။ ကျနော်တို့ ဒေါ်အောင်စုကြည်ကို သစ္စာမဖေါက်သင့်ပါ။ ရွေးကောက်ပွဲဥပဒေကိုလက်မခံသင့်ပါ။
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
- ဒေါ်အောင်ဆန်းစုကြည်ကို နိင်ငံရေးမှာပ်ါဝင်ခွင့်မရအောင်လုပ်ထားတဲ့မတရားတဲ့ဥပေဒများကိုဆန်ကျင်ရေး
- ၂၀၀၈ အတုအယောင်ရွေးကောက်ပွဲကို ဆန်ကျင်တိုက်ဖျက်ရေး  တွေကို ကျနော်တို့ လှုပ်ဆောင်ရပါမယ်။


မိုးသီးဇွန်
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်။




No comments :