Sunday 2 May 2010

သဘာဝဘေးပေါ်ထပ်ဆင့် အာဏာရှင်ဘေးသင့်ခဲ့ရတဲ့ မြန်မာပြည်က နာဂစ်နှစ်နှစ်ပြည့်

(အဓိပတိကြီး)

"နာဂစ် နင်လားဟဲ့ နာဂစ် ငါလားဟဲ့ နအဖ" ဆိုရလေအောင် "သဘာဝ ဘေးဆိုးနဲ့ စစ်အာဏာရှင်စနစ်ဆိုး" ကြား အသက်တွေ ပျောက် ဘ၀တွေပျောက် ကံငါးပါးမှောက်ရတဲ့ ငါတို့ပြည်သူတွေ "ပင်လယ်ကြီးက အတင်းအဓမ္မကျင့်ပြီး.... ဧရာဝတီရင်ခွင်တစ်စုံလုံးလည်း ဆားငန်ရေတွေဖုန်း ...လိုင်းလုံးတွေ တအုန်းအုန်းကြားမှာ ...ရင်ကွဲပက်လက် မျက်ရည်တောင် ဆားချက်လို့ရသတဲ့....." အဲ့ဒီ့နေ့က မျက်ရည်တွေ ပင်လယ်ဝေတဲ့နေ့ .........နှစ်နှစ်တောင် လည်ပြီတဲ့ မနေ့ကလိုပဲ မနစ်ကလိုပဲ ဒီနေ့ကလဲ ထူးမခြားနား နာဂစ်နယ်မြေမှာ အာဏာကိုင်ဆိုသူတွေရဲ့ လူစိတ်ကင်းမဲ့မူ အထင်းသား လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး မြင်ယောင်နိုင်ဆဲပါပဲတဲ့..
အပြစ်မဲ့ငါတို့ရင်သွေးငယ်လေးတွေ မုန်တိုင်းဘေးမှာ အသက်စတေးခဲ့ရတယ်
သွားလေ့လာခဲ့တဲ့ နာဂစ်နယ်မြေတွေမှာတဲ့ ဖြစ်စထက် ပိုဆိုးလာသလား ပိုကောင်းလာသလား ဆိုတော့ မူန်ရီရီမျက်ဝန်းလေးနဲ့ အဝေးကိုငေးပြီး စေတနာ့ဝန်ထမ်း တက္ကသိုလ်ကျောင်းသူလေးက ပြန်ဖြေတယ်.နာဂစ်မြေမှာ နအဖက သောက်စေချင်လွန်းလို့ဆိုလား..၀ါဒဖြန့်မူခေါ်ရမလား ပြရုပ်တစ်ခုလို့ပဲ ပြောရမလား ကိုရွှေနအဖက တကယ့်ကို စေတနာဗရဗွနဲ့ပါဆိုပြီး ဆောက်ပေးခဲ့တဲ့ ရေသန့်ကန်ကြီး နာဂစ်မြေမှာ ရှိသတဲ့.အဲ့ရေကန်ကြိးဟာဆိုရင်ဖြင့် တကယ့်ကို တကယ့်ကို လက်ဖျားခါရလောက်အောင် ကြီးကျယ် ခန်းနား လှပအေးချမ်းလွန်းပါသတဲ့ သို့ပေမယ့် သောက်ရေကန်ကြီးမှာ ရေကြည်တစ်ပေါက်မရှိ ဖြုတ်သေးလောက်တောင် သောက်စရာမရှိ ဖြစ်နေပါသတဲ့ အံ့ရော အံ့ရောပါဗျာ...ငရဲပြည်နဲ့ ပြိတ္တာဘုံဘ၀ကလို ရေကန်ရှိရက် ရေသန့်မရတဲ့ နယ်မြေခံတွေရဲ့ အကြံညဏ် လျစ်လျူရူ့ကာ ကိုယ်တော်ချောတွေ ညဏ်ကစားလုပ်ပုံက ရေကန်ဆောက်ပေမယ့် ရေကြည်တစ်ပေါက်မှ မရတဲ့ နာဂစ်ရဲ့ ပြက်လုံးတွေ ကို ကြားမိတော့ မျက်ရည်ဖုံးရင်း ရယ်မိနေကြသေးတော့..

အသက်ပျောက်ရတဲ့ ၀ိညာဉ်မဲ့ အလောင်းတွေ ပေါ်လောမျောလို့..
ဒါရယ်စရာမဟုတ်ပေမယ့် ကျွန်တော်တို့ မြန်မာပြည်မှာ ကျွန်တော်တို့ ပြည်သူတွေ သိန်းချီအသက်ဆုံးခဲ့ရတဲ့ နာဂစ်ဖုန်းဆိုးမြေမှာ အလောင်းတွေ တောင်လိုပုံခဲ့တဲ့ နေရာမှာ အသည်းနာလွန်းလို့ ကိုယ့်အမျိုးကိုယ် အရိုးကောက်ပြီး မြေမြုတ်ဖို့ အလောင်းလှဖို့ လုပ်ခဲ့သူတွေက အခုချိန်အထိ လေးဘက်လေးတန် အုတ်နံရံတွေထဲမှာ ရှိနေရဆဲပါတဲ့ အစာငတ်သူတွေကို အစာပို့မိလို့တဲ့ ရေငတ်လို့ ရေတိုက်ဖို့ကြံခဲ့တဲ့သူတွေကိုလည်း အချုပ်အနှောင်သွင်း မင်းဆိုးတွေက မျက်မာန်တင်းလို့ အပြစ်ပေးခဲ့ရပြန်သေးသတဲ့ ငါတို့ပြည် ငါတို့ရွာမှာ ဒီလိုအဖြစ်တွေ တကယ်ပဲဖြစ်ခဲ့ပါတယ်တဲ့ တကယ်ပဲဖြစ်နေတုန်းပါတဲ့ တကယ်ပဲ ဖြစ်နေဦးမှာပါတဲ့ ဘာပဲဖြစ်ဖြစ် နှစ်နှစ်တိုင်ခဲ့ပြန်ပြီ

သနားစရာ့ကလေးငယ် မုန်တိုင်းကြီးက မိခင်ရင်ခွင်က ဆွဲခေါ်ယူငင်တာ ခံလိုက်ရရှာတယ်

(အနုပညာရှင်တွေရဲ့ နာဂစ်မုန်တိုင်းအမှတ်တရ စာနာမူနဲ့ဖေးကူပါသီချင်းလေးကို ရင်နဲ့ခံစားကြည့်ပါလို့ ပြောချင်ပါတယ်)...
.

(ပြဇတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး ကိုယ် ဆောက်တည်ခဲ့သမျှဟာ အခုတော့ နဘေးမှာ ဖိတ်စင်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မူမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ဘ၀ဟာ မတည်မြဲခြင်းတရားတဲ့လား)

ဆုံးရူံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများ ကြိတ်ကာ ရိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲ မေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူ ရှိမလား
ကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံတွေ့ခွင့်ရနိုင်ပါ့မလား
ရေပြင်လေပြင်ကျယ်ကြိးထဲမှာ အချစ်နဲ့ ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာ မိသားစုဘ၀လေး များစွာ
ဆုံးရူံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မူကို ငါတို့ပေးနိုင်မလား

(စာနာမူနဲ့ဖေးကူမလား ဒီမြေပေါ်အတူ ကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုချိန်မှာ လက်ကမ်းလို့ကူပါ အကြင်နာတွေနဲ့ ဖေးကူပါ..)

အမေပျောက်လို့ လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလည်း မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ရောပြန်လာမလား
ကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ
အဝေးဆုံး ဝေးခဲ့ရ ငါ့ရဲ့နုတ်ခမ်းတွေ ယမ်းယောင် ခြောက်ကပ်လာ
အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား အသိုက်ပျောက်ခဲ့ပြီ ဌက်ငယ်လေးများ ပမာ
ရုပ်ဝတ္တူတွေ မျောပါ မြစ်ပြင်အနှံအပြား ရေပြင်ကြီးရဲ့ ရက်စက်မူမှာ အရာရာ အသစ်က စနိုင်မလား
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ အပြည့်အ၀ အားလုံးရဲ့အဖြေလား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာ မိသားစုဘ၀လေး များစွာ
ဆုံးရူံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မူကို ငါတို့ပေးနိုင်မလား
စာနာမူနဲ့ဖေးကူမလား ဒီမြေပေါ်အတူ ကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုချိန်မှာ လက်ကမ်းလို့ကူပါ အကြင်နာတွေနဲ့ ဖေးကူပါ..

ဆုံးရူံးခဲ့ပြီ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ် အနွေးထွေးဆုံး ဒီအချစ်များနဲ့ ရင်ဆိုင်ကြစို့ လက်တွေ အတူလက်တွဲထား ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ လက်များနဲ့ သီချင်း အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့အခွင့်တွေဟာ ကူညီသူကို စောင့်စား အချစ်ကမ်းမယ့်လက်များ ၀မ်းနည်းမူတွေနဲ့ ကြေကွဲနေတဲ့ ဘ၀တွေ အချစ်နဲ့လက်များ..ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့အခွင့်တွေဟာ ကူညီသူကို စောင့်စား အချစ်ကမ်းမယ့်လက်များ ၀မ်းနည်းမူတွေနဲ့ ကြေကွဲနေတဲ့ဘ၀တွေ..အချစ်နဲ့လက်များ..

ဒီနေ့မှာ သိန်းချီပြိး.ပျောက်ခဲ့ရတဲ့အသက်တွေ အလောင်းတွေ တောင်လိုပုံတဲ့ ၀လစ်စလစ် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့ အရိုးပုံပေါ် ဟော်လီကော်ပတာနဲ့ မိုးပေါ်ကဆင်းလာတဲ့ မိုးကျရွှေကိုယ် မောင်သိန်းစိန် ဦးဆောင်တဲ့ အစိမ်းရောင်ခွေးတစ်သိုက်က မျက်နှာပြောင် တိုက်ပြီး ဒုက္ခသည်တွေကို လက်အုပ်ချီပြီး အချိုသပ်ခဲ့တဲ့ နှစ် အခုဆို နှစ်နှစ်ပြည့်ပြီ မြန်မာပြည်သူတွေ သန်းချီပြီး ပျက်ခဲ့ရတဲ့ဘ၀တွေ အစာငတ် ရေငတ်နဲ့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့ရတဲ့ သနားစရာ့ဒုက္ခသည်တွေအရေးကို ..သန်းရွှေ က စိန်စီတဲ့ညက ကိတ်မုန့် ပလုပ်ပလောင်း ကိုက်ရင်း သမီးတော် လင်စံရွေး လင်ခွေးနဲ့ ညားတဲ့ အရေးလောက်တောင် အရေးမထားဘဲ မျက်နှာလွှဲခဲပစ်လုပ်ထားတဲ့ သူတို့ရဲ့ နာကျင်မူတွေ နာကျည်းမူတွေကို ကျွန်တော်တို့တွေ ကြင်နာစွာနဲ့ မေတ္တာအပြည့်နဲ့ တွဲလက်တွေ ကမ်းပေးကြပါစို့.................


(အဓိပတိကြီး)

1 comment :

Anonymous said...

ဒီကလေးလေးတွေရဲ့ ပုံတွေ ပြန်မြင်ရတိုင်း

ွှအကြိမ်ကြိမ် မျက်ရည်ကျမိပါတယ် . . .

အာဏာရှင်ဆိုတဲ့ . . သောက်သုံးမကျတဲ့

တာဝန်မကျေတဲ့သူတွေကို

အမှုန့်ကြိတ်ပစ်ချင်လောက်အောင် ရွံ့မုန်းမိတယ် . . .