Friday 14 May 2010

သံဃာတော်အရှင်သူမြတ်များသို့ ပန်ကြားချက်

လေးစားအပ်ပါသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့ ဘုရား - နအဖ စစ်အစိုးရ နှင့် တေဇ ရဲ့ထူး  သစ်ကုမဏီတို့က ကိုယ်ကျိုးရှာ သစ်ခုတ်လှဲမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ရှိ မုတ်သုန်သစ်တောများ ပြုန်းတီးကုန်ပြီဖြစ်ပါတယ်။ ရောဝတီတိုင်း နှင့် ရခိုင်ပြည်နယ်ရှိ အလွန်လှပသော ဒီရေရောက်သစ်တောကြီးများလည်း ကုန်သွားပြီဖြစ်ပါတယ်။ သူတိုရဲ့ဝိ သမလောဘ အကျိုးဆက်များကြောင့်  ရေကြီးခြင်း၊ မုန်တိုင်းမိခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဒဏ် များကို ဆက်တိုက်ခံစားလာရနေပြီဖြစ်ပါတယ်။   ရေပြတ်တောက်မှုဒဏ်ကို အထက်ဗမာပြည်၊ မြေလတ် နှင့် ပဲခူးတိုင်းတို့ ရှိပြည်သူများမှ ဆိုးဝါးစာခံစားနေကြရပြီဖြစ်ပါတယ်။

သံဃာတော်အရှင်သူမြတ်များအနေနှင့် တကာတကာမ ပြည်သူများကြုံတွေနေရသော သောကများမှကင်း ဝေးစေရန် ၊ မိုးခေါင်နေမှုမှ လွန်မြောက်ပြီး မိုးရွာသွန်းစေရန်အလို့ငှာ ငရံမင်းပရိတ်ကို  ကျေးရွာများအသီး သီးတွင်ရွတ်ဆို ပေးကြပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

မိုးသီးဇွန် 
လူထုတိုက်ပွဲကော်မတီ ( ၂၀၁၀)

3 comments :

Anonymous said...

ခွေးမင်း ကြီးစိုးနေတာ ငရံမင်းနဲ့ နိုင်ပါ့မလား။

Anonymous said...

ကိုမိုးသီးက
သံဃာကိုလမ်းမပေါ်ထွက်လာနိင်အောင်သူဖန်တီးနေတာ
လို့ ယူဆတယ်။ အိုက်ဒီယာကောင်းတယ်။

Anonymous said...

ကိုမိုးသီး
မိုးသီးမိုးပေါက် ဆိုတဲ့ စကားလုံးရှိတယ်။ ကိုမိုးသီး မြန်မာပြည်ထဲသို့ သွားလိုက် ဒါဆိုမိုးသီးတွေ လိုက်လာပြီး ရွာပါလိမ့်မယ်။ ပြည်ပကနေပြီး ဟိုလိုလို ဒီလိုလို အော် မနေနဲ့ 
မသိရင်မှတ်ထား 2010 ရွေးကောက်ပွဲ ကိုပျက်စေချင်ရင် ပထမ ဆုံးလုပ်ရမှာက လူထုဆန္ဒ ဖော်ထုတ်ပွဲတွေလုပ်ရမယ်။( လက်မှတ်ထိုးပြီး UN တင်တာတို့ စသဖြင့် စသဖြင့် ပေါ့)ပြီးမှ လူထု တိုက်ပွဲဆီ သွား ရမှာ ခုတော့ အာချောင်လို့ ကောင်းတိုင်း အော်နေ ကြတယ်။ မင်းတို့ ပြည်ပမှာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်မရှိပါဘူး။NGO တွေဆီမှာ လက်ဖြန့် ဖို့  လောက် ပဲ တတ်တယ်။