Sunday 18 July 2010

The Lady of Burma




ဒေါ်အောင်ဆန်းစုကြည်ဘ၀တသက်တာလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းအဖြစ် ဓါတ်ပုံပြပွဲကို ပုဂံ- နိင်ငံတကာ ဆောင်ရွက်မှု ကွန်ယက်( Pagan-International Action Network ) ကဆောင်ရွက်ခဲ့ပါတယ်။


ပြခန်းပွဲကို နယူးယောက်မြို့ ၊မက်ဟန်တန် ( Community Gallery) မှာကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဓါတ်ပုံတွေကို တက်ရောက်လာတဲ့ နိင်ငံခြားသားပရိပ်သတ်တွေက အလွန်စိတ်ဝင်စားကြတယ်။ သူမငယ်စဉ်ဘ၀ ၁၉၄၅ ခုနစ်မှစတင်ပြီး ၂၀၁၀ ခုနှစ်အထိ လှုပ်ရှားဆောင်ရွက်မှု

ဓါတ်ပုံမှတ်တမ်းတွေကိုခင်ကျင်းပြသထားခဲ့ကြတယ်။ ပြခန်းကို တက်ရောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနေတင်မြင့် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့ လူမျိုးတွေအတွက်

စွန့် လွတ်စွန့် စား အနစ်နာခံမှုတွေကို ကျနော်တို့  နိင်ငံတကာသိအောင်လာရောက်ပြီးတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒါဟာ တကယ်ဆိုရင် သူမလှုပ်ရှားမှုတွေရဲ့  တစိတ်တဒေသပဲဖြစ်ပါသေးတယ် လို့ ဆိုပါတယ်။ ဒါကိုကမ္ဘာက သိအောင် ပြခြင်တာက ဒီပွဲ လုပ်ရတဲ့ရည်ရွယ်ချက်ပါ။

ဒီပွဲကို နေ့ လည်တနာရီမှစတင်ဖွင်လှစ်ခဲ့ပြီးညနေ ၆ နာရီခွဲမှာရုပ်သိမ်းခဲ့တယ်။ ပရိတ်သတ် ၂၀၀ ခန့် တက်ရောက်ခဲ့တယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံတူကိုရေးဆွဲကြတဲ့ မြန်မာ ပန်းချီဆရာတွေ ရဲ့ ကားတွေလည်း ခင်ကျင်းပြသထားတယ်။



ပြီးခဲ့တဲ့နစ်ဆန်းပိုင်းက မက်ဟန်တန်မြို့ မှာပဲ မြန်မာပန်းချီဆရာ ၁၀ ဦးက ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားကြီးတွေကို ခင်ကျင်းပြသခဲ့ကြပါသေးတယ်။ ထိုစဉ်က နာမည်ကြီး ပန်းချီဆရာတွေဖြစ်တဲ့ ၀င်းဖေ၊ မောင်မောင်အောင် ၊ချောအိသိမ်း၊ မင်းကျော်ခိုင်၊ မျိုးသိန်းထွတ်၊ မင်းအောင်ဏီ၊ ကိုကြိုင်၊ ကိုမျိုး၊ တင်ကိုကို တို့ ပါဝင်ခဲ့ကြပါတယ်။ ထိုပန်းချီပြပွဲကလည်း အောင်မြင်မှု ရရှိခဲ့တယ် ။တက်ရောက်လာတဲ့ ပရိတ်သပ်တွေက မြန်မာ့ နိင်ငံရေးကို နာလည်သိရှိခဲ့ရုံမက

မြန်မာလူမျိုး ပန်းချီဆရာတွေရဲ့  ဟန် သစ်တွေ လက်ရာတွေကိုလည်းလေ့လာခံစားခွင့်ရရှိခဲ့ကြပါတယ်။

No comments :