Tuesday 3 August 2010

သူတို့ ဘာကြောင့်မလုပ်နိင်ကြတာလဲ ( မိုးသီးဇွန် )

ဒီနေ့ အာအက်ဖ်အေ သတင်းထောက် ကိုဇော်မိုးကျော်က ကျနော်ကို မေးခွန်းတခုမေးလာပါတယ်။ မေးခွန်းကတော့ ဘာဖြစ်လို့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ဖိလစ်ပိုင်တို့  ထိုင်းတို့ က စစ်ခေါင်းဆောင်တွေလို ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်နိင်စွမ်းမရှိတာပါလည်းဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ကျနော်မြင်တဲအမြင် ကတော့ မြန် မာ့ တပ်မတော် ခေါင်းဆောင်တွေ ဥပမာ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်ကျော်ထင် ၊ ဦးစိန်လွင် ၊ ဗိုလ်ချုပ်စောမောင် နောက်သန်းရွှေ ပေါ့ဗျာ သူတို့ ကိုကြည့်ရင် ပညာကောင်းကောင်းမသင်ခဲ့ရဘူး၊ မိသားစုနောက်ခံတွေမကောင်းဘူးလို့ ကျနော်ပြောချင်ပါတယ်။

တခြားနိင်ငံက ဗိုလ်ချုပ်တွေက အာဏာသိမ်းကြတယ်။ တိုင်းပြည်ကောင်းအောင် လုပ်နိင်စွမ်းရှိကြတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ သူတို့ ဟာ တက္ကသိုလ်က ဘွဲ ရတယ်။ နိင်ငံခြားတကသိုလ်တွေ စစ်ကျောင်းတွေမှာပညာတော်သင်တွေသင်တန်းတွေတက်ရောက်နိင်ခဲ့ကြတယ်။ ဒီတော့ နိင်ငံရေးစီးပွားရေး၊ အုပ်ချုပ်ရေး သင်တန်းတွေကိုစနစ်တကျ တက်ခဲ့ရတယ်ဗျ ။ ဒါဟာ သိပ်အရေးကြီးတယ်။ သူတို့ ဟာ တကသိုလ်တခုကို မတက်ခဲ့ကြရဘူး။ မြန်မာ ပြည်က တက္ကသိုလ်တွေဟာအရေအသွေးနိမ့် ကျနေသေးတယ်။ ထားဦးတော့ တကသိုလ်တခု ရဲ့  ရင့်ကျက်ပေးမှု ( Mature) နဲ့ လူဝင်ဆန့် မှု ( Social Networking) ကိုတော့ မြန်မာ ပြည်က တကသိုလ်တွေကပေးနေတုံးဖြစ်ပါတယ်။ ဒီရင်ကျင့်မှုကအရေးကြီးပါတယ်။

ဒါကြောင့် မြန်မာ ပြည်က စစ်ခေါင်းဆောင်တွေဟာ ပညာမတ်ကြဘူး။ ပညာမတတ်တော့ ကျင့်ဝတ်ပါမသိဘူး။ ဒီတော့ ဆိုးတဲ့အဆင့်ကျော်ပြီးယုတ်မာတဲ့အဆင့်ကိုရောက်ကုန်ကြတယ်။ သူတို့ ခေတ်က ဒုတိယကမ္ဘာစစ်ကို ဖြတ်သန်းနေရတဲ့အတွက် ပညာကောင်းကောင်းမသင်နိင်ဘူးထား။ ပညာမတတ်ကြဘူးထား စိတ်ကောင်းနှလုံးကောင်းရှိရင်လည်း တိုင်းပြည်ကိုအုပ်ချုပ်လို့ ရတယ်။ ပညာတတ်တဲ့သူတွေရဲ့ အကြံပေးချက်ကိုနားထောင် နိင်စွမ်းရှိဖို့ လိုတယ်။ ပါရမီရှိဖို့ လိုတယ်။ အမေရိကန်သမတတွေဟာ အတော်ကြီးမဟုတ်ကြဘူး။ ဒါပေမဲ့သူတို့ က နားလည်တဲ့သူတွေ ပညာပေးတာကိုလက်ခံကြတယ်။


နောက်အရေးကြီးဆုံးအချက်ကတော့ သူတို့ မိသားစု နောက်ခံ တွေကမကောင်းဘူး။ သူတို့ ဟာ လူအဖွဲ့ စည်းရဲ့  အောက်ဆုံးအလွာ (Bottom of Society) က နေလာခဲ့ကြရတယ်။ ဒါက ကျနော် ချို့ နှိမ်တဲ့ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ဘူး။

ရှင်းရှင်းပြောရရင် ကလေးဘ၀တလျောက်လုံးမှာ သူတို့ မှာ နာကျည်းမှုတွေပြည့်နေတယ်။
သိသာတာက သူတို့ တိုင်းပြည်ခေါင်းဆောင်ရယ်လို ဖြစ်နေတာတောင် သူတို့ မိဘတွေအကြောင်း သိပ်မပြောချင်ကြဘူး။ ဘာုဖြစ်လို လည်းဆိုတော့ သူတို့ မှာ နာကျဉ်းစရာ၊ အရှက်ရစရာတွေရှိနေတယ်။ ဒါက မြန်မာ့ တပ်မတော် စစ်သားကနေ ဗှိုလ်ချုပ် ၉၀ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒီထဲက ဘယ်သူဘဲတက်တက် သူတို့ အာဏာရလာရင် သူတို့ မိသားစုအကြောင်းကို လျိုလ်ဝှက်ထားကြမှာပဲ။ ရှင်းရှင်းပြောရရင်တော့ စိတ်ဒဏ်သင့်လာတဲ့လူတွေအာဏာရလာတဲ့အခါမှာ လေထန်ကုန်းဝထုထဲက ဇတ်ကောင် ဟီးကလစ်လို ဖြစ်လာတာတော့။ သူများတွေပျော်ရွှင်မှုကိုမလိုလားတော့ဘူး။ နိင်ငံသားတွေပျော်ရွင်မှု သုခ ( Pleasure ) ကိုသူတို့  မလိုလားဘူး။ ကလေးဘ၀ အတိတ်က နာကျဉ်းမှု (Trauma) က သူတို ရဲ့ အရေ့း ဆုံးဖြတ်ချက်တွေ တွေကို လွှမ်းမိုးထားတယ်။ သူတို့ ရင်ထဲမှာ နာကျင်မှုဝေဒနာ ( Pain) ဖြစ်နေကြတယ်။

လူတယောက်ဟာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုလုပ်တဲ့အခါမှာ သုခ( Pleasure ) နဲ့  ဝေဒနာ (Pain ) နှစ်ခုမှာ တခုခု ကို အခြေခံရပ်တည်ပြီးဆုံးဖြတ်လေ့ရှိကြတယ်။ ဒီတော့သူ တို့ ငယ်ငယ်ဘ၀ က အလွန်နိမ့်ကျတဲ့ဘ၀တွေက လာရတော့ ပါလာတဲ့ဒဏ်ချက်တွေက သူတို့  ရင်ထဲမှာ ဝေဒနာကြီးတွေက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာတယ်။ ဒီတော့သူတို့ ဟာ ဝေဒနာ ( pain) အပေါ်မှာအခြေခံပြီး ပြသနာာတိုင်းကိုကြည့်ရှု့ ဆုံးဖြတ်လာတော့တယ်။
နိင်ငံတော်လုံခြုံရေး၊ စီးပွားရေး ၊ပညာရေး၊လူမှုရေး ၊ဘာသာရေး ယဉ်ကျေးမှုတွေအားလုံးကို ဝေဒနာ ( Pain) ပေါ်မှာ အခြေခံပြီးဆုံးဖြတ်ကြတယ်။ ဒါကြောင့်ခေါင်းဆောင်တယောက် ဟာ ပညာတတ်ဖြစ်ရမယ်။ မိသားစုနောက်ခံဟာအရေးကြီးတယ်။

ဒီနစ်ခုမရှိရင် သူတို့ ဟာ သူများတွေရဲ့  ပျော်ရွှင်နေတာတွေကိုမရှု့ စိမ့်တဲ့ ဟီးကလစ်လို ဖြစ်ပြီး တိုးတက်ပြောင်းလဲမှုတွေကို မလုပ်ခြင်ကြဘူး။ လုပ်နိင်စွမ်းလည်းမရှိတော့ဘူး။ ခင်ဗျားတို့  ကျနော်တို့ ရီမောနေတာကိုက သူကိုလှောင်နေတယ်လို့ ထင်နေတယ်။ ရန်သူလို့ မြင်နေတော့တာကိုး။
ခင် ဗျား တို့  မြန်မာ ပြည်ကို တချိန်အုပ်ချုပ်တဲ့အခါမှာ ဒါမျိုးမဖြစ်စေနဲ့ ။

12 comments :

Anonymous said...

I agree some parts. Not all of them.
It was important of having maturity and knowledge that depend on individuality, not totally rely on family background. Many people who become leaders are not from good family background but excellent characters themselves.

Anonymous said...

ကျွန်တော် ကိုမိုးသီး နဲ့ အမြဲတမ်း အမြင်တူသူ မဟုတ်ပါဘူး။ ဒီဘလော့က တချို့တင်ပြချက်တွေကို မကြိုက်တာ၊သဘောမတူတာတွေရှိဖူးပါတယ်။ဒါပေမယ့်
အခု ဒီဆောင်းပါးက ကိုမိုးသီးရဲ့ အဖြေကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ အလွန်မှန်ကန်သော သုံးသပ်မှုဖြစ်ပါတယ်။ sociology or behavioral science or psychology ရှုထောင့်များရဲ့ အမြင်နဲ့လဲ တိုက်ဆိုင်ပါတယ်။

Anonymous said...

ူခိုးကိုဓါးရိုးကမ်းတဲ့အိန္ဒိယအစိုးရ။အိန္ဒိယအစိုးရရဲ့စစ်အုပ်စုအပေါ်ထားရှိတဲ့နိုင်ငံခြားရေးပေါ်လစီကို
ဆန့်ကျင်ကြ။သဘေားထားပေးပို့ကြ။ကန့်ကွက်ကြောင်းထုတ်ဖော်ကြ။ပထ၀ီအပေါ်အခြေခံပြီးမိမိနိုင်ငံ
ကိုယ်ကျိုးအတွက်ဒီမိုကရေစီအရေးကိုလှစ်လှူရှု့သောနိုင်ငံခြားရေးဝါဒကိုဆန့်ကျင်ကြ။

Anonymous said...

Dear Ko Moe Thee,

Please ask yourself first why you are not able to achieve our country's democracy. It is easy to criticize others.

Please give people reason why you fail for so many years.

Anonymous said...

Hmm, something to think about...

Current Burmese leaders are short sighted, not willing to compromise. They dare not to deal with international standard.

They are like a spoiled child whose brain was not fully matured. The only way to deal with national's economic and social problem is by force or by bullying. They lack negotiation, conflict resolution skill. They used dirty tactics, make countrymen poor and uneducated.

Anonymous said...

ခဏလေး မိုးသီး..ခင်ဗျားရော ဘွဲ့ရပြီးပလား...ပညာမတတ်တဲ့ သူတွေ နိုင်ငံရေးလုပ်ပြီး ကလေးအထာတွေလုပ်နေသရွေ့ မြန်မာပြည် ဒီမိုကရေစီ ရနိုင်စရာ အကြောင်းကို မရှိဘူး...၀မ်းနည်းပါတယ် မိုးသီး...ခင်ဗျားသေသာသေသွားမယ်...မြန်မာပြည် မြေပေါ် ခြေချနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တင်မဟုတ်ဘူး...အားလုံးကယုံကြည့်ပြီးသားပါ...ခွေးတိုးပေါက်က ၀င်ရင်တော့လဲ ....အပေါက်ကိုက ခွေးတိုးပေါက် ဆိုမှတော့......

minaungnaing said...

သူတို.တွေ၇ဲ.မိဘမျိုး၇ိုးကိုသိလျှင်ဖော်ပြပေးပါ။
မသိပဲနဲ.၇မ်း၇ွှီးတာမျိုးတော.မလုပ်ပါနဲ.။

minaungnaing said...

သူတို.တွေ၇ဲ.မိဘမျိုး၇ိုးကိုသိလျှင်ဖော်ပြပေးပါ။
မသိပဲနဲ.၇မ်း၇ွှီးတာမျိုးတော.မလုပ်ပါနဲ.။

minaungnaing said...

သူတို.တွေ၇ဲ.မိဘမျိုး၇ိုးကိုသိလျှင်ဖော်ပြပေးပါ။
မသိပဲနဲ.၇မ်း၇ွှီးတာမျိုးတော.မလုပ်ပါနဲ.။

minaungnaing said...

သူတို.တွေ၇ဲ.မိဘမျိုး၇ိုးကိုသိလျှင်ဖော်ပြပေးပါ။
မသိပဲနဲ.၇မ်း၇ွှီးတာမျိုးတော.မလုပ်ပါနဲ.။

JEFF said...

ကိုမိုးသီး၇ဲ. အမြင်နဲ. သုံးသပ်ချက်ကို ဖတ်မိသလောက်ပြော၇၇င် တချို.အချက်အလက်တွေကို တတ်နိုင်သေ၇ွ. ခိုင်လုံစေချင်ပါတယ်။ ဘာဖြစ်လို.လဲဆိုတော.တော်တဲ.သူတိုင်းက မကောင်းနိုင်သလို၊ ကောင်းတဲ.သူတိုင်းကလဲ မတော်နိုင်ပါဘူး။နောက်ပြီး ကွန်းမန်တွေကိုဖတ်မိတိုင်း ကာတွန်း ဆ၇ာဟန်လေး၇ဲ.(ကျွနုပ်တို.သည်) ဆိုတဲ.ကာတွန်း ၁ နဲ.၂ ကို ပြေးပြီးသာမြင်ယောက်မိပါတယ်။

Anonymous said...

WFWW ဘာလဲ ဘယ်လဲ။

စစ်အုပ်စုဖက်ကရေးတဲ့ minaungnaing ရဲ့ ထပ်နေတဲ့ comment တွေနဲ့ အခြား comment တွေကိုမဖျက်ပဲ ဘာအကြောင်းနဲ့ ကျွန်တော်ရေးတဲ့ comment တွေကို တင်ပြီးမှ ဖျက်ရတာလဲ နားမလည်နိုင်ပါ။

ဒီမိုကရေစီရေးနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်နေတာလား
ကိုယ့်အတွက်ကိုယ် အလုပ်လုပ် နေကြတာလား။
စစ်အုပ်စုအတွက် တဖက်လှည့် စင်ထောင်ပေးပြီး နှစ်သီးစား နေကြတာလား။

ဒီမိုကရေစီရေးအတွက် ဘယ်တော့မှ စိတ်ပျက်မှာ မဟုတ်ပေမဲ့
WFWW ကိုတော့ စိတ်ပျက် သံသယ ဖြစ်လာပြီ။

ကျွန်တော်က ကိုယ့်အတွက်ကိုယ် လုပ်နေတာ မဟုတ်လို့ anonymous ဆိုပြီးရေးနေတာပါ။