Wednesday 18 August 2010

အမေရိကန် က အရေးယူမဲ့  သတင်း ကြပ်ပြေး က အဘ တွေ မထ နိင်ဖြစ်နေ

 
ဗိုလ်သန်းရွှေနဲ့  အပေါင်းအပါတစုရဲ့   လူသာမျိုးနွယ်တွေကို မျိုးတုန်းသတ်ဖြတ်မှု အတွက်  အမေရိကန် က ကုလသမဂ ကို အရေးယူဖို့ တောင်းဆိုလိုက်တဲ့ သတင်းကြောင့် နိင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်းဟာတုန်လှုပ်နေတယ်လို့ သိရတယ်။ ကြပ်ပြေး ရှိ နိင်ငံခြားရေး ၀န်ထမ်းတွေ လည်း ဒီသတင်းကိုတညလုံး ဘာသာပြန်ကြ၊ သူတို့  ဘော့စ်တွေကို တင်ပြကြနဲ့ အလုပ်တွေ များနေတယ်လို့ သတင်းရတယ်။ မျက်စိပျက်မျက်နှာပျက်နေတဲ့  နိင်ငံခြားရေးရုံးက တာဝန်ရှိသူတွေကို ကြည့်ပြီး ၀န်ထမ်းတွေက  အဘတော့ မထ နိင်တော့ဘူးလို့ တီးတိုး နောက်နေကြတယ်လို့ သိရတယ်။

နိင်ငံခြားရေး ရုံးဟာ များသောအားဖြင့် အလုပ်မရှိကြပဲ ။ ဗိုလ်ချုပ်သားသမီးတွေ နိင်ငံခြားဈေးဝယ်ထွက်တဲ့ ကိစတွေလောက် ကိုပဲ အလုပ်လို သဘောထားပြီးလုပ်နေကြရတာပါ။

များသောအားဖြင့် ၀န်းထမ်းတွေက ပြည်ပဒီမိုကရေစီအင်အးစု အင်တာနက်မီဒီယာ များမှဘာသာပြန်ပြီးသားသတင်းများကို ကိုးကား စုဆောင်း ပြီးအထက်ကိုတင်ပြနေကြ ကြောင်းသိရပါတယ်။သူတို့ မှာ သတင်း အလုံအလောက်မရကြဘူး။ နအဖက ၀က်ဆိုက်တွေကိုပိတ်ထားတဲ့အတွက် သူတို့ လည်း သတင်းကိုခက်ခက်ခဲခဲစုဆောင်းနေကြရပါတယ်။
ဖေ့စ်ဘုတ်နဲ့   ဘလောက်တွေကို အဓိက အားကိုးနေကြရတယ် လို့ သိရပါတယ်။ နိင်ငံခြားမှာသူငယ်ချင်းရှိရင်တော့သူတို့ သူငယ်ချင်းတွေ ကို ဂျီတော့ ကနေတဆင့် ဆက်သွယ်ပြီးရတဲ့သတင်း ကိုလည်း တဖက်တလမ်းလက်ကိုင်ပြုထားကြရတယ်လို့ သိရပါတယ်။

 အင်္ဂလိပ်လို ကောင်းကောင်းတတ်တဲ့ ၀န်ထမ်းအင်အားလည်း လျော့နည်းလာတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်လောက် မရှိတော့ဘူးလို့ ဆိုတယ်။

အင်တာနက်ကိုသုံးစွဲခွင့်ရှိနေတဲ့  နိင်ငံခြားရေးဝန်ထမ်း တွေရဲ့ အဓိက စိတ်အ၀င်စားဆုံးဝက်ဆိုက်ကတော့အမေရိကန် ဂရင်းကဒ် ( Green Card )   ထိုးလို့ ရတဲ့ဝက်ဆိုက်ဖြစ်ကြောင်းသိရပါတယ်။
တိုက်ဆိုင်မှု ကတော့ အမျိုးသားညွန့် ပေါင်းအစိုးရ ကနယူးယောက်မြို့ မှာဖွင့်ထားတဲ့ လောဘီ ရရုံး  မရှိတော့မှ အမေရိကန် က အရေးယူမှု ပေးဖို ပြင်းထန်တဲ့ တောင်းဆိုမှုတွေ သိသိသာသာ ဖြစ်ပေါ်တိုးတက်လာတယ် လို့    မြန်မာ့ အရေး ကျွမ်းကျင်သူများက ဆိုပါတယ်။

လုံးဝမရှိတော့ဘူးဆိုရင်မြန်မာ့ ဒီမိုကရေစီအရေးဟာ ပိုမိုမြန်ဆန်လာနိင်တယ်လို့  မြန်မာ့ အရေး ကိုတစိုက်မတ်မတ် လေ့လာနေတဲ့အမည်မဖေါ်လိုတဲ့ ၀ါရင့် ပညာရှင်တဦးကဆိုပါ တယ်။





3 comments :

Anonymous said...

(နိင်ငံခြားရေး ရုံးဟာ များသောအားဖြင့် အလုပ်မရှိကြပဲ ။ ဗိုလ်ချုပ်သားသမီးတွေ နိင်ငံခြားဈေးဝယ်ထွက်တဲ့ ကိစတွေလောက် ကိုပဲ အလုပ်လို သဘောထားပြီးလုပ်နေကြရတာပါ။) တဲ့ မှန်လိုက်လေ၊ သွေးထွက်အောင်ကို မှန်တယ်။ ပြည်ပရောက် မြန်မာ တွေ အတွက်တော့ မြန်မာပြည်ရဲ့ သံရုံး နိုင်ငံခြားရေး ဌာန တွေဆိုတာ (နွား အား ဖ) ပြောနေကျ စကားလုံး အတိုင်းဆို သောင်းကျန်းသူ တွေပေါ့.. (သောင်းကျန်းသူ များ ကရင်ရွာသို့ဝင်၍ ဆက်ကြေးကောက်) ဒါမျိုး သတင်းတွေ အမြဲပါတယ်။ (နွား အား ဖ) ရဲ့ သံရုံး ဆိုတာ မျိုးကလဲ မြို့ပေါ်က (တရားဝင် ဆက်ကြေးကောက်) သောင်းကျန်းသူ စစ်စစ် ကြီးတွေ ပါပဲ.....

Anonymous said...

အခြေအမြစ်မရှိ ပေါက်ပန်းဆေး အလကားရတဲ့ Blog မှာလျောက်ရေးမနေနဲ့ အရှူး.... အဲဒါမို့လိုမင်းလိုကောင်ကို ဘယ်သူမှစောင့်ဖတ်လုပ်မတုံ့ပြန်ကျတာ။ သူတို့အိမ်မှာမွေးတဲ့ တိရိစ္တန်လောက် ကိုသဘောမထားတာ။

Anonymous said...

ကျွန်တော်သိသလောက် အစိုးရရုံးတွေက နိုင်ငံရေး ဘလော့တွေကို ပိတ်တာမရှိပါဘူး။ တမင်ကို ဖတ်ခိုင်းတဲ့ ပေါ်လစီမျိုးတွေတောင် ရှိသေးတယ်။

ခင်ဗျားအပေါ်မှာပြောတော့ ပိတ်ပင်ထားလို့ သတင်းမရဘူးဆို။ အောက်နားလဲကြရော Facebook နဲ့ Blog တွေဆီက သတင်းရတယ်ဆို။ ဘယ်ဟာက အမှန်လဲ

ကြည့်လုပ်ဦး။