ကို မိုးသီးခင်ဗျား
ခုမိုးကရွာနေတုံးဘဲ၊ မန်းတလေးတခုတည်းမဟုတ်ဘူး။ မြစ်ငယ်၊ ကျောက်ဆည်၊ တံတားဦး၊မတ္တရာဒီလေးမြို့ မှာဖြစ်နေတာ။ မိုးဆက်ရွာယင် ဆည်တွေကလည်းထိမ်းနိုင်မှာမဟုတ်ဘူးလေ၊ ဆည်တွေက အများသား
ရန်ကုန်နဲ့ မန္တလေးက ခုခါမှာ ဘ၀တူတွေပါ ဗျာ။ တမြို့ ဖြစ်တာကိုတမြို့ မကူနိင်ပဲလက်ပိုက်ကြည့်နေရတဲ့ဘ၀ပါအကိုရာ။
ဆည်တော်ကြီး၊ဆည်တော်လေး၊ဇော်ဂျီ၊ကင်းတား၊ရဲရွာ၊ ဒါသိသလောက်ဘဲရှိသေးတယ် မသိတာတွေလည်းပါတယ်။
လူသေတာ ၁၀ လောင်းကျော်သွားပြီဒါက တိကျတဲ့သတင်းအရ၊ ဒီထက်များမယ်လို့ လူတွေခန့် မှန်းနေကြတယ်။ ကူညီတဲ့သူတွေကလည်း နိုင်သလောက်ဘဲလုပ်နိုင်တယ်နိုင်ငံတကာ အိုင်အမ်ဂျီအိုတွေကလည်း အ၀င်နှေးနေတယ်ဒေသခံအကူအညီတွေကလွဲလို့  ကူညီမဲ့သူရှားတယ်ဗျ။ ကျနော်တို့ မန္တလေးတော့သွားပါပြီဗျ။ ပိုက်ဆံမရှိလို့  နန်းမြို့ က မောင်းထုတ်ခံရ ဟိုရောက်တော့ ရေက ကြီး မီးကလောင်နဲ့ အကိုရာ သွားပါပြီ။ ခင်ဗျား တို့ ကို မြင်စမ်းစေချင်တယ်။
အာဏာပိုင်တွေဆီကဆေးမှူးတောင်မလာဘူး။ဓမာရုံးမှာနေရာချထားတဲ့လူတွေကိုတောင်ပြောင်းခိုင်းတယ်ဗျာ။ တော်တော်ဆိုးဆိုးတယ်အောင်ပင်လယ် ၀ါစီကျောင်းမှာက ၂၀၀၀ ကျော်တယ်။ ကံတပ်ကုန်းမှာက လည်း ၂၀၀၀ လောက်ဘဲ။ အောင်ပင်လယ် ၀ိုင်အမ်စီအေမှာလည်း၃၅၀ လောက်ရှိတယ်ခုရပ်ကွက်ကောင်စိက ၀ိုင်အမ်စီအေက လူတွေကိုဖယ်ခိုင်နေတယ်ဗျလူကြီးတွေ ဆွေးနွေးနေကြတယ်လေ အမက ၁၂ မှလည်း ၂၀၀၀ လောက်ရှိတယ်သိုးခြံမှာလည်း ၃၀၀၀ လောက်ရှိတယ်။ ဒါက မြို့ သစ်ဘဲရှိသေးတယ်ဗျတစ်ခြားမြို့ တွေမပါသေးဘူးလူတွေဒုက္ခရောက်ပုံတွေကို။
ခုကတကယ်ဆင်းရဲတဲ့သူတွေကိုဘဲရွေးဖြစ်တော့သူတို့ရဲ့ဘ၀ကပိုဆိုးသွားတာ၊စားစရာမရှိသောက်စရာမရှိ၊နေစရာမရှိဆေးကုပေးမယ်သူကမရှိအိမ်သာတက်ယင်တောင်ခက်နေတယ်ဗျရေတောင်မချိုးရတဲ့သူတွေရှိတယ်ဗျ
လက်ရှိအကူအညီဆိုတာဆင်ပါစပ်နှမ်းပက်သလောက်ဘဲရှိတာ။ကြံဖွတ်တို့ တစည တို့ က ရောက်လာတယ်ဗျ။ ထုံးစံအတိုင်းပေါ့ဗျာ၊ကယ်တင်ရှင်ကြီးတွေလာလုပ်နေကြတယ်။ ၀မ်းနည်ဖို့ ကောင်းတာက အန်အဲလ်ဒီဘယ်မှာလဲလို့  အဖွားကြီး တွေက မေးကြတယ်ဗျ။ အန်ဒီအက်ဖ်ဆိုတာလည်းမတွေ့ ပါဘူး။မပေးနိင်လည်းဗျာ ဒုက္ခကိုလာရောက်အားပေးရင်တော့ အားတက်ရတာပေါ့။
ရန်ကုန်နဲ့ မန္တလေးက ခုခါမှာ ဘ၀တူတွေပါ ဗျာ။ တမြို့ ဖြစ်တာကိုတမြို့ မကူနိင်ပဲလက်ပိုက်ကြည့်နေရတဲ့ဘ၀ပါအကိုရာ။
မန်းလှိုင်
No comments :
Post a Comment