ဧရာဝတီ နှင့် စပ်လျဉ်း၍ ...။
by ကိုဝိုင် ဝိုင်ကေ on Thursday, August 18, 2011 at 2:26am
ဒေါက်တာသန်းထွဋ်အောင် က "ကချင်ပြည်နယ်ဟာ ပြည်ထောင်စု အတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေဝပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်း ဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြား သတ္ထုတွေ ဆုံးရှုံးသွားမယ်။ ဒီ တန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ " ဒီလိုထောက်ပြနိုင်တာ သိပ်ကောင်း တယ်။ လျော်ကြေးပေးတဲ့ အပိုင်းဆိုလဲ တကယ်ရရဲ့လား သေချာရဲ့လားတွေ မေးသင့်တယ် လို့ ဆိုပါတယ်။
ကိုနိုင်ထူးအောင် ရဲ့ ဆောင်းပါးမှာ ဆည်တစ်ခုဟာ ဘာအမျိုးအစားပဲ ဖြစ်နေဖြစ်နေ ငလျင်ဒဏ်ခံနိုင်တာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဆည်တစ်ခု ဆောက်တော့မယ်ဆိုရင် ဆည်ရဲ့ ပတ်ဝန်းကျင် အနေအထားပေါ် အများကြီး ထည့်သွင်းစဉ်းစားပြီး ဘာပစ္စည်း နဲ့ ဆောက်မယ် ဆိုတာ ဆုံးဖြတ်တာပါ ဆည်ဆောက်လုပ်ရင် ကုန်ကျမယ့် စားရိတ်ဟာ ဆောက်လုပ်ရေး ပစ္စည်း ပေါ်မှာ 75 % တည်မှီနေပါတယ်။ ဒါကြောင့်မို့ တည်ဆောက် မယ့် ပတ်ဝန်းကျင်က များများစားစား အသုံးပြုနီုင်မယ့် ကုန်ကြမ်းပေါ်မူတည်ပြီး ဆောက်မယ့် တမံ အမျိုးအစားကို ရွေးချယ်ရတာမျိုးပါ။ နောက် မြေမျက်နှာသွင်ပြင် အနေအထား ဆည်တစ်ခုရဲ့ ဝန် စတာတွေနဲ့ တွက်ချက်ရတာပါ အခုဆောက်မယ့် ဒေသ ဟာ ကျောက်တောင်တွေ ပေါတဲ့ဒေသဖြစ်တာကြောင့် CFRD Type ကို ရွေးချယ်ထာတာပါ။နောက်တစ်ခုက CFRD က ငလျင်ဒဏ်ခံနိုင်တယ် ဆိုတာမျိုးပြောရင် ဒီဆရာဟာ ပညာရှင်မဟုတ်ပါဘူး ရိုးရိုးလေးဥပမာပေးမယ်ဗျာ ငလျင်ဒဏ်ခံနိုင်တယ်ဆိုတာ Structure တွက်တဲ့ အပိုင်းပေါ်အများကြီးတည်မှိနေတာမျိုးပါ Magnitude ဘယ်လောက်ခံနိုင်အောင် ထည့်သွင်း Design လုပ်ထားတဲ့ပေါ်ပဲ မူတည်ပါတယ်။RC တိုက်တစ်လုံးကို Magnitude 8 ခံနိုင်အောင်လဲ တွက်လို့ရတယ်။ 4 လောက်ပဲ ခံနိုင်အောင်လဲ တွက်လို့ ရပါတယ် ။Earthquake ရဲ့ အကျိုးသက်ရောက်မှုဟာလဲ နေရာ အနေ အထားပေါ် မူတည်ပြီး အကျိုး သက်ရောက် မှု ကွာပါတယ်။ ငလျင်တစ်ခုရဲ့ Hypocenter နဲ့ နီးတိုင်းလဲ သက်ရောက်မှုချင်း မတူပါဘူး။ ဒီမှာ ဒါဖြစ်လို့တောင် ခံနိုင်ရည်ရှိတယ် ငါတို့လဲ ဒီလို လိုက်ဆောက်ရမယ် ဆိုတာ က တိုက်ဖွိုက်သမား အစာကြေဆေး ကျွေးတဲ့ ကုထုံးပါ လို့ ဆိုပါတယ်။ နောက်ပြီး ဒီဒေသ ဟာ ground velocity ဘယ်လောက်ရှိတယ်ဆိုတာမျိုး ဖော်ပြ မထားပဲ၊ Structure ရဲ့ Quality Control ကို ဘယ်လို စနစ်နဲ့ လုပ်မယ်ဆိုတာတောင် ပြောမထားပါဘူး။
နောက် Monitor လုပ်တယ်ဆိုတာ ရေ အနေ အထား ဘယ်လောက်ဝင်နိုင်တယ် ဘယ်လောက်တက်လာပြီဆိုတာ ဆည်တိုင်းရှိပါတယ်။ ရဲရွာ မှာက ဆည်ရဲ့ လှုပ်ရှားမှု ရွေ့လျားမှုတွေကို Monitor လုပ်တာပါ။ ခက်တာက Monitor လုပ်တယ်ဆိုတာ ရေလောက်ပဲ control လုပ်လို့ရတာပါ။ ဆည်ကြီးရွေ့နေတာကို ဝါးတိုင်နဲ့ ကျားကန်လို့မရဘူး ထိုင်ကြည့် နေကြရုံပါပဲ။
စစ်ကိုင်းပြတ်ရွေ့ကြောဟာ( life circle ) အရ ငလျင် ပြန်လှုပ်မယ့် အချိန် အတိုင်းအတာ တစ်ခု ထဲဝင်နေပြီ ပညာရှင် တွေ အနေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ သတင်းကြောင့် အကျိုးထက် အပြစ် ဖြစ်နိုင်တာတွေ ကြောင့် မဖော်ပြ ကြတာပါ ။ နောက် Policy ပိုင်းတွေ လဲ ပါပါတယ်။
ဆည်တစ်ခုဆောက်တော့မယ်ဆိုရင် မြစ်ရဲ့ ရေစီးနှုန်း ဆည်ရေဝေရေလဲ ဧရိယာရဲ့ မိုးရွာသွန်းမှု မိုးရေချိန် ပမာဏ တွေကို အနည်းဆုံး ၁၀နှစ် ကနေ အနှစ် ၃၀ အထိ ထည့်သွင်း တွက်ချက်ရပါတယ်။ အခု အစိုးရ သတင်း စာပါ တွက်ချက်မှုတွေက (ရေစီးနှုန်း စတာတွေက) နှစ်ပေါင်းမည်မျှက ဆိုပြီး ဘယ်နှစ်ကို အခြေခံပြီး တွက်ချက် ထားသလဲ မေးသင့်ပါတယ် ရေများတဲ့နှစ်တွေကို အခြေခံပြီး တွက်ပြထားတာလား ။ ရေ နည်းတဲ့ နှစ်ဆိုရင် ဘယ်နုန်းလဲ..။ ဒါ အင်မတန် မှ အဓိကကျပါတယ်။ မြေအောင်ရေ ထိန်းသိမ်းနိုင်စွမ်းနဲ့ ပတ်သက်လို့ လဲ ထည့်သွင်း စဉ်းစား ထား ရဲ့လား။ မြန်မာနိုင်ငံရဲ့ မြေအောင်ရေ Level ဟာ နှစ်ပေခန့်အထိ နိမ့်လာတယ် ဆိုပါတယ်။ နောက်တစ်ခုက ဧရာဝတီမြစ်ဖျား ခံတာက ဟိမဝန္တာ ရေခဲပြင် တွေဆီကပါ။ ရေခဲထုကြီး ပါးလာ တာက အစ ထည့်သွင်း တွက် ချက်ပါရဲ့လား စဉ်းစားပေးစေ လိုပါတယ်။
"ခြောက်သွေ့ရာသီ (Dry Season)ဖြစ်သည့် နိုဝင်ဘာလမှ ဧပြီလအထိကာလတွင် ယခင် ပုံမှန်မြစ်ရေထု စီးနှုန်းမှာ 1830 m3/s ဖြစ်သော်လည်း ရေကာတာ တည်ဆောက် ပြီးစီးချိန်တွင် ဖြစ်ပေါ်လာမည့် မြစ်ရေထ စီးနှုန်းမှာ 2120 m3\s အထိ တိုးတက်လာမည် ဖြစ်သည်ကို တွေ့ရှိရသည်။"သတင်းစာ ဆောင်းပါး၌ ဖော်ပြ ထားရာ- ရာသီဥတု ဖောက်ပြန်မှုတွေ သဲနှုန်းပို့ချချက်တွေ ရွှေကျင်တာတွေကြောင့် ပျက်စီးနေတဲ့ မြစ်ကို ထိရောက် တဲ့ ထိမ်းသိမ်းမှု မလုပ်တဲ့ အပြင် ဆည် ဆောက်လိုက်လို့ ပိုထိခိုင်သွားရင် မြစ်ကောတာက အစ မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ အများကြီး ဖြစ်လာနိုင်တယ်။
"တမံရဲ့ သိုလှောင်ရေ ပမာဏဟာ စီးဝင်ရေပမာဏရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ကျန်စီးဝင်ရေ ၉၂ ဒသမ၄ ရာခိုင်နှုန်းဟာ ဧရာဝတီ မြစ်ထဲကို နဂိုမူလ အတိုင်း စီးဆင်းမြဲ စီးဆင်းနေမှာသာ ဖြစ်ပါတယ်။" လို့  သတင်းစာ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒါဆို ရေပိုလွှဲ ရဲ့ Capacity မသိရပဲ turbine တွေကရော ဘယ် လောက် နှုန်းနဲ့ ရေပြန်ထွက်လာမှာလဲ ဆိုတာတော့ ဖော်ပြထားခြင်း မရှိတော့ ဘာကို အခြေခံပြီး ပြော လည်း မသိပါ။
"မြစ်ဆုံ တမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းလာတဲ့အချိန်မှာ အဲဒီနုန်းတွေကို ပြန်ထုတ် နိုင်ဖို့ တမံဒီဇိုင်းမှာ သဲနုန်း ထုတ်ပေါက်တွေ ပါပါတယ်။ အချိန်တန်ရင် အဲဒီ ထုတ်ပေါက်တွေကနေ သဲနုန်းတွေ ဧရာဝတီ ထဲ ပြန်ရောက်လာမှာ ဖြစ်လို့ နုန်းတင်မြေနု ရှားပါးသွားမယ့် ကိစ္စဟာ ပြောပလောက်စရာ မရှိပါဘူး လို့ပဲ ဆိုပါရစေ။"လို့  ရေးထားပါတယ် ။
နှုန်း ဆိုတာမျိုးဟာ နဲနဲချင်း ပို့ချတဲ့ အမျိုးပါ စုထားတဲ့ နှုန်းတွေကို ဖောက်ချ လိုက်ရင် ရေကြောင်းပြောင်းလဲတာတွေ မဖြစ်လာနိုင်ဘူးလား ဆိုတာ ပြန်မေးချင်ပါတယ်။
ဆရာ လူထုစိန်ဝင်း ရှင်းပြထားတာလည်း မြစ်ချောင်းက ရေတွေကို ရေဝေတောလို့ ခေါ်တဲ့ သစ်တောတွေက ထိန်းသိမ်း ပေးထားတာ ။ အဲဒါကို ရောင်းလို့ရတာ အကုန်ရောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ရိုးမကြီးက ကတုံးပြောင်သွားပြီ ။ အဲဒီ အကျိုးဆက် ကြောင့် မြစ်ရေတွေ ခမ်းတာ အရမ်းမြန်လာတယ် ။မြန်မာပြည်ကို သဘာဝ က အကြိမ်များစွာ သတိပေးခဲ့သလို အခုချိန်ထိလည်း သတိပေးနေတုန်းပါဘဲ ။
ဧရာဝတီကိုသာ စနစ်တကျ ထိန်းသိမ်းပြီး အကောင်းဆုံး ဖြစ်အောင် အသုံးချနိုင်ရင် ကုန်စည်ပို့ဆောင်ရေး အတွက် ကုန်ကျ စရိတ် နည်းပါးကာ ပြည်သူလူထု အတွက် ဈေးနှုန်းတွေ သက်သာ လာစေမယ် ဆိုတဲ့ အချက်ကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားသင့်တယ် ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက် မှာ အစ္စရေးပညာရှင်တဦးကပြောခဲ့ဘူးပါတယ်။ ခင်ဗျားတို့ နိုင်ငံရဲ့အလယ်တည့်တည့်မှာ ဧရာဝတီ ဆိုတဲ့ မြစ်ကြီးက ဖြတ်စီးနေတာ ခင်ဗျားတို့ ချမ်းသာအောင် မလုပ်နိုင် ဘူးလားတဲ့။ ဟုတ်ပါတယ် ကမ္ဘာမှာ ဈေးနှုန်း အချိုသာဆုံး ရေကြောင်းပို့ဆောင်ရေးပါလို့ နိုင်ငံတကာ က သတ်မှတ်ထားပါတယ် ။
နောက်ပြီး ဒီဒေသမှာ ပရောဂျက် အားလုံးပေါင်း (ဆည် ၇ )ခု ဆောက်မှာပါ၊ ဒီ ဆည်တွေကြောင့် ပျက်စီး သွားရမယ့် အမျိုးသား အမွေအနှစ်နဲ့ သဘာဝ ပတ်ဝန်းကျင် ကိစ္စ ဟာ ပညာရှင် မဟုတ်တဲ့ (သာမန်) စာဖတ် သူတောင် နားလည် နိုင်ပါတယ်၊ မြစ် အောက်ပိုင်းက ကိစ္စကို ထားလိုက် ပါဦး။
ဒီမြစ်ဆုံနဲ့ ဧရာဝတီဟာ အမျိုးသား အမွေအနှစ် တစ်ခုအနေနဲ့ သဘောထားပြီး မြင်စေချင် ပါတယ်။ ရာနုန်းပြည့် အကျိုးအမြတ် ရမယ်ဆိုလည်း မယူထိုက်ဘူးလို့ထင်ပါတယ် ၊ (National Heritage, Natural Heritage) ဖြစ်နေလို့ပါ။ တကယ်တော့ ဧရာဝတီဟာကျနော်တို့ တိုင်းပြည်ရဲ့ကျေးဇူးရှင်ပါ။ အမိ မြန်မာနိုင်ငံသားတွေရဲ့ အားထားရာ အထက်/အောက် စုန်-ဆန်ရာ ပင်မ သွေးကြော ကြီး ဖြစ်တာကြောင့် ရင်နှင့်အမျှခံစားပြီး ကန့်ကွက်ကြတာလို့ ခံယူပါတယ်။ သူတို့ရဲ့ ယန်စီ မြစ် (တရုတ်နိုင်ငံရဲ့ မြစ်ကြီး) ကိုတော့ အလှအပပျက်မှာကြောင့် အရိပ် တစ် ကြည့်ကြည့် နဲ့ထားပြီး ကျွန်တော်တို့ မိခင် ဧရာဝတီကိုမှ ရန်လာရှာနေပါတယ်။ အကျိုးအမြတ်ရတိုင်း လုပ်သင့် ပါသလား ။ အကျိုးအမြတ်ရလို့ ဆိုပြီး ရွှေတိဂုံဘုရား ကို ရောင်းမယ်ဆိုတဲ့ သဘောစဉ်းစားယင်ကို သင့်တော် ပါ့မလား .. စဉ်းစားသင့်ပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့မြေလွှာအောက်မှာ သယံဇာတတွေ အများကြီး ရှိတယ် ရေနံတွေရှိတယ် ဒါပေမဲ့ သူတို့မိခင်မြေကြီးကို တူးဆွဘို့ အခွင့်ရေးမပေးဘူး။ သဘာဝ အရင်း အမြစ် တွေ ပျက်သုဉ်းပြီး လူသားတွေ ထိခိုက်နစ်နာမှာ စိုးရိမ်လို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မျက်စိတဆုံး ကျွှန်းသစ် စိုက်ခင်းကြီး တွေရှိတယ် ဘယ်သူမှ မခုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ထဲက သစ်မှန်သမျှ ကိုတော့ ခုတ်ယူပါတယ်။ ခုတ်ခွင့် ပေးတဲ့သူ တွေ ကလည်း ပေးနေတဲ့ အပြင်၊ တရားမဝင် ထုတ်နေတာ က လည်း အများသားပါ။
ဒီနေ့ ကျွန်တော်တို့ဆီက ဈေး ပေါပေါနဲ့ဝယ်သုံးပြီး နောင် တစ်ချိန် မှာ ကျွန်တော်တို့က ရောင်းစရာ မပြောနဲ့ (သုံးဖို့ ) ပြန်ပြီး လိုအပ်လာတဲ့ တစ်နေ့ မှာ ယနေ့ ရလိုက်တဲ့ တန်ဖိုး (ယခု သူတို့ပေးတဲ့ နုန်း) ထက် အဆမတန်စွာ နဲ့ ပြန်ရောင်း ပါလိမ့်မယ်။ ဒါတောင် မသေချာ ပါဘူး၊ သူတို့ပဲ သုံးပြီး လှည့်မကြည့်ပဲ နေဖို့ များပါတယ်။ အတွေးအခေါ် အမြှော် အမြင်ရှိသူများ က ပညာကို ရောင်းစားပြီး တိုင်းပြည် ကို ထူထောင် တယ်။ အတွေးအခေါ် အမြှော် အမြင်မဲ့သူများ က သဘာဝ အရင်းအမြစ် တွေ ကိုရောင်းစားပြီး ကိုယ်ကျိုး အတွက် အလုပ်လုပ်တယ် လို့ ပြောကြပါတယ်။ တိုင်းပြည် အတွက် သယံဇာတ တွေ လည်း မနေရ၊ သဘာဝ ကို အလွတ် မပေးဆိုရင် တရားမမျှတမှုကြောင့် သဘာဝ တရားက ဒါဏ်ခတ်လာ ရင် အရင်ဆုံးခံရမှာ ပြည်သူ တွေ ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးတွေကြောင့် ရခဲ့တာနဲ့ ကုန်ကျတာ မမျှတ တာ ကို ထည့်သွင်း စဉ်းစား သင့်ပါတယ်။ အထူးသဖြင့် သဘာဝ ဘေးဒါဏ်ကြောင့် ရခဲ့တဲ့ စိတ်ဒါဏ်ရာ တွေကတော့ ပြန်အစား ထိုးလို့  ရ/မရ နာဂစ်ဒေသ တွေ ကွင်းဆင်းကြည့်လိုက်ပါဦး။
ယခု ဆိုရင် ဧရာဝတီ (မြစ်ဆုံ) ရေကာတာ ဆက်လက် ( တည်ဆောက်သင့်/ မတည်ဆောက်သင့် ) အပေါ် သုံးသပ် ဆွေးနွေး ကြရာမှာ ဆက်နွယ်ရာ အပိုင်း ကနေ လျှပ်စစ်အင်ဂျင်နီယာတွေ ၊ တည်ဆောက်ရေး အင်ဂျင် နီယာတွေ ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်တွေ ပါလာတာက အားရစရာဖြစ်မိ သလို ၊ မိုးလေ ဝသ ပညာရှင်တွေနဲ့  ငလျင် ပညာရှင် တွေ လဲ ငြိမ်ပြီး မနေပဲ အချက်အလက်တွေ ထောက်ပြ သင့် ပါတယ်။ ပညာရှင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ အနေနဲ့ Policy ကြောင့်၊ ရာထူး ကြောင့် ၊ အခြား ထိခိုက် မှာကြောင့် မိမိနဲ့ မသက်ဆိုင်သလို မနေသင့်ပါဘူး။ အဖြေ တစ်ခု ထွက်လာအောင် အမျိုးသားရေး တာဝန်၊ အမျိုးသားရေး အသိဖြင့် ဝိုင်းဝန်း သင့်ပါကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။
အင်တာနက် စာမျက်နှာ ထက်က ဖတ်ရသော အချက်အလက်များ အခြေခံ ရေးတာပါ။ ဖတ်ပြီးသား စာတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ခုလို စုစုစည်းစည်း ဖတ်ရတာ ပိုကောင်းပါစေလို့ မျှော်လင့်ပါတယ်။
ချို့ ယွင်းမှု ရှိခဲ့ယင် တော့ သီးခံပေးပါ။ အချို့ ရေးသူရဲံ နာမည် တွေ မပါတာ သီးခံ နားလည်ပေးပါ။
အများစုက နှစ်သက်ရင် အပိုင်း (၂) ကို ဆက်လက် စုစည်းပေးပါဦးမယ်။
လေးစားစွာဖြင့်-
ရဲင့်ကျော်
(ကိုဝိုင်ဝိုင်ကေ)
၁၈-၈-၁၁
4 comments :
လျှပ်စစ်လျှော့ဖြစ်လို့ မီးသီးလောင်သွားရင် မီးသီးကိုပဲ အသစ်လဲမှာလား ? ဒါမှမဟုတ် မီးသီးဘာကြောင့် လောင်ရသလဲဆိုတာကို အဖြေရှာပြီးမှ မီးသီးကိုလှယ်မှာလား ? ဒါကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်မှာရမှာပဲ ... မီးသီးကို လဲလိုက် နောက်တခါ ပြန်လောင်လိုက်နဲ့ အဆုံးသတ်မဲ့ အစီအစဉ်ရှိမှာမဟုတ်တော့ဘူး ... မီးသီးလောင်သွားတာက ပြဿနာလား ... လျှော့ဖြစ်တာက ပြဿနာလား ဆိုတာ အရင်ဆုံး သေချာဆန်းစစ်ပါအုန်း...
every citizen should protect and preserve our National Heritage.
Singapore depends on Human Resources, Myanmar depends on Natural Resources. No good education for children, grand children.
ဆက်ရေးပါ ကို YYK ...
ဒီဆောင်းပါး က နွား တွေဖတ်ဖို့ လိုပါတယ်။ အင်း .. ဒီ နွားတွေ ကို ပလာတာ သွားကြွေး နေသလို ဖြစ်နေမလားဘဲ ..
Post a Comment