Tuesday 23 August 2011

ကာဒါဖီး နေထိုင်ရာ အိမ်ကို သူပုန်တွေ သိမ်းလိုက်ပါပြီ

ကာဒါဖီး အိမ်က ရွှေ ရည်စိမ် အေကေ ၄၇ - သေနတ်ကို သူပုန်တွေသိမ်းလို့ ရလာတာကိုတွေ့ ရပါတယ်။
------------
နောက်ဆုံးရတဲ့ သတင်းအရ ကာဒါဖီးအိမ်ကိုသူပုန်တွေသိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ကာဒါဖီးနဲ့ သူမိသားစု
တခုလုံးကို အိမ်မှမတွေရ။ ထွက်ပြေးနေဆဲလို့ သိရတယ်။ သူပုန်တွေက ကာဒါဖီးကို တအိမ်ဆင်းတအိမ်တက်
လိုက်လံရှာနေတယ်။ ကာဒါဖီဟာ လစ်ဗျားရဲ့ သမတ ဘ၀မှာ အိမ်ပြေးဘ၀ သို့ ကျရောက်သွားပြီဖြစ်ပါတယ်။

3 comments :

Anonymous said...

ဘ၀ သံသရာ ပဲ
သနားစရာပါလား
မိဘအမွေတောင် ထိုက်မှစားရတာ
အာဏာ ဆိုတာ ဘိုးဘွားပိုင်ဆိုရင်တောင်
အန္တရာယ်ရှိပါတယ်
ပြေးဟေ့ ပြည်သူတွေချစ်ပါတယ်ဆိုတဲ့ ကဒါဖီရေ

Anonymous said...

ကဒါဖီ သတင်းကြားရတာတော့ဝမ်းသာပါတယ်။ ကမ္ဘာမှာဘယ်အာဏာရှင်မှမတည်မြဲဘူးဆိုတာသက်တည်ပြနေပြီ...ဒါပေမယ့်ကိုမိုးသီးရေထားတဲ့ ‘‘ကဒါဖီနေထိုင်ရာကိုသူပုန်တွေသိမ်းလိုက်ပါပြီ’’ တဲ့။ သူပုန်ဆိုတာဘာလဲ...ကျနော်ကတော့ အာဏာရှင်ကိုတိုက်ခိုက်နေတဲ့သူတွေကိုတော်လှန်ရေးသမားတွေလို့ပဲသိတယ်။ကိုမိုးသီးလည်းအာဏာရှင်ကိုတော်လှန်နေတဲ့လူတစ်ယောက်ပဲ။ကိုမိုးသီးကဘာလို့သူပုန်တွေလို့အမြဲရေးတာလဲ။ တော်လှန်တာနှင့်ပုန်ကန်တာမတူပါဘူး။တော်လှန်တယ်ဆိုတာကကိုယ့်အပေါ်မတရားလုပ်တဲ့လူကိုတော်လှန်တာ၊ ပုန်ကန်တယ်ဆိုတာက ကျေးဇူးရှင်ကိုပုန်ကန်တာပါ။ ကိုမိုးသီးအဲဒါလေးတော့ကွဲအောင်ရေးပေးပါဗျာ။

Anonymous said...

ကြားရတဲ့သတင်းကတော့ကောင်းပါတယ်။ဒါပေမယ့် ကဒါဖီကိုဖမ်းမိဖို့လိုသေးတယ်။