၈လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်က ဖြိုခွင်းတယ်။ ကျောင်းသား ၁သောင်းခွဲကျော်နယ်စပ်ဒေသတွေကို ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့သူတွေ က လက်နက်ရှာပြီး ပြန်တိုက်မယ်ဆိုတဲ့ကြီးမားတဲ့ ရည်ရွယ်ချက်တွေနဲ့ ပါ။ တောထဲရောက်တော့ အခြေနေက ပြည်တွင်းမှာလို မဟုတ်ဘူး။ စိန်ခေါ်မှုအသစ်တွေ ။ မမျော်လင့်ထားတာတွေ။ တချို့ စိတ်ဓါတ်ကျလာတယ်။ တချို့ အားမလျော့ဘူး။
ဒီအခြေအနေကို စစ်အစိုးရက အခွင့်ကောင်းယူတယ်။ ပြန်လာခဲ့ကြ။ ခွင့်လွတ်တယ်။ နိင်ငံရေးလုပ်ခြင်ရင်
ပြည်တွင်းမှာလုပ်လို့ ရတယ် ဆိုပြီး မိန့် ခွန်းတွေ သတင်းစာရှင်းလင်းပွဲတွေနဲ့ အဆက်မပြတ်
ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်းမှာ နိင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားခွင့်ကိုလည်း ခုထက်ပေးထားပါတယ်။ ကျောင်းသားတွေကို ထိုင်းနိင်ငံ တပ်ခ် ခရိုင် စစ်တပ်လေဆိတ်ကနေ တပ်မတာ်
လေယျဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပြီး ပြန်ပို့ ပါတယ်။ ပြန်တဲ့သူတွေတော်တော်ရှိတယ်။ တချို့ က အလံထောင်ပြီး ချီတက်ပြီးတော့တောင်ပြန်သွားလိုက်ကြသေးတာ။ ပုံမှာမြင်တဲ့အတိုင်းပေါ့။
ဒီအချိန်က ကျောင်းသားအများစုက နယ်စပ် ကရင် ၊ မွန် နဲ့ ကရင်နီစခန်းတွေမှာ ။ ကြိုဆိုရေးစခန်းတွေက
တပ်ခရိုင်နဲ့ ကန် ချနပူရီ မြို့ တွေမှာဖွင့်ထားတာ ၊ ပြန်ချင်တဲ့ကျောင်းသားတွေပြန်နိင်ဖို့ အတွက် ထိုင်းရဲတွေက ကူညီတယ်။ ကျောင်းသားတယောက်ကို ပြန်ပို့ ပေးတဲ့ ထိုင်းရဲကို စစ်အစိုးရကဘတ်ငွေ ၅ ထောင် ဆုပေးပါသေးတယ်။ ဘတ်ငွေ ၅ ထောင်ပေးမယ်ဆိုတာကိုလဲ တရားဝင်သတင်းစာတွေမှာကြေညာတာ။ ပြန်ချင်သူတွေ ၊ စိတ်မခိုင်သူတွေအတွက်ပျော်စရာကြီါ်ပေါ့
အကြောင်းပြချက်တွေကလဲရှိတယ်။
မာမီကိုလွမ်းပြီ၊ အမေ့ကိုသတိရတယ်။ ပြည်တွင်းမှာနိင်ငံရေးလုပ်လို့ ရပြီ။ ကရင်တွေဆိုးတယ်။ ကျောင်းသားတွေကွဲနေတယ်။ စသဖြင့်တွေပေါ့ဗျာ။ ကျနော်တို့ ဘာမှ မပြောပါဘူး။
ပြန်ချင်တဲ့သူတွေ ပြန်ပါစေ ပေါ့။ ပြန်လာတဲ့သူတွေကို အစိုးရရဲ သတင်းစာတွေ တီဗွီတွေမှာသူရဲကောင်းတွေလို ဖေါ်ပြကြတယ်။ ကျန် ခဲ့တဲ့ ကျနော်တို့ ကိုတော့ အစွန်းရောက်စစ်သွေးကြွ၊ ကရင့်နောက်လိုက်။
No comments :
Post a Comment