လန်ဒန်အဓိကရုဏ်းအပေါ် ကိုမိုးသီးဇွန် အမြင်များ
နေသစ်-
ကိုမိုးသီးခင်ဗျား ၊ လန်ဒန်ုမြို့ မှာဖြစ်တဲ့အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့  ဘယ်လိုယူဆပါသလဲ။
မိုးသီး-
ဒါတွေက ရာဇ၀တ်မှုလို့ ကျနော်မမြင်ပါဘူး။ ဒါတွေက လူမှုရေးပတိပက- Social
Crisis တွေဖြစ်ပါတယ်။ လူထောင်နဲ့ချီပြီးတော့တိုက်ခိုက်မှုတွေဖျက်ဆီးမှုတွေလုပ်လာရင် ဒါက
လူမှုရေးပြသနာ နိင်ငံရေးပြသနာလို့  ကျနော်မြင်တယ်။
အဓိကဖြစ်ရတဲ့အကြောင်းကတော့
ဆင်းရဲချမ်းသာကွဟာမှု သိပ်ကြီးလာတယ်၊အလုပ်လက်မဲ့နဲ့ ဆင်းရဲတဲ့သူတွေ အတွက် ဘ၀မျော်လင့်ချက်
ကင်းမဲ့နေတယ်။ ဆိုလိုလာတာက လန်ဒန်က ဆင်းရဲသားတွေ ကသူတို့ ဘ၀မှာ အိမ်ပိုင်ယာပိုင်၊ အလုပ်ကိုင်အာမခံချက်၊ ကျန်းမာရေး၊ပညာရေး
ပြည့်ပြည့်စုံစုံဘ၀ တွေ နေခြင်မှာပေါ့။ ဘ၀အာမခံချက်ရှိခြင်မှာပေါ့ ။ ဒီလိုအခြေအနေကိုနိင်ငံတော်က
ဖန်တီးပေးထားနိင်တယ်ဆိုရင် ဘယ်သူကမှာ ဆူပူသောင်းကျန်းခြင်ကြမှာမဟုတ်ပါဘူး။ လူမှုအဆောက်အအုံ- Social Structure မှာသူတို့ ဟာပြဌာန်းချက် တွေရဲ့ အပြင်ကိုအပို့ ခံထားရတယ်။
ကော်ဇော်အောက်ကိုအပို့ ခံထားရတယ်။ စီးပွားပျက်ကပ်ဆိုတဲ့ရေလွမ်းမိုးမှုကြီးဖြစ်လာတော့
့ သူတို့ ဟာဦးစားပေးကယ်တင်ခံရသူတွေမဟုတ်ကြဘူးလေ။ ဒီတော့သူတို့ ရှိနေတယ်ဆိုတာကိုမီးထွန်းပြလိုက်တာပေါ့။
ဒီအခြေလအနေတွေကို ဖြစ်ရတာအဓိက တရား
ခံဟာ
ကွန်ဆာဗေးတစ် ၀န်ကြီးချုပ် ဒေးဗစ် မှာတာဝန်အရှိဆုံးဖြစ်တယ်။
နေသစ်- ဗြတိသျဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် က ဒီလူတွေဟာ စာရိတချို့ ယွင်းသူတွေ
၊ အခွင့်အရေးသမားတွေ၊တာဝန်ယူလိုစိတ်မရှိသူတွေ လို့  စွပ်စွဲထားတာနဲ့ ပတ်သက်လို့ 
မိုးသီး- မသိသားဆိုးဝါးလှတဲ့အမြင်ပဲ။ အေဒီ ၄၀ လောက်က ရောမတွေက
အင်္ဂလိပ်ကိုကျွန်ပြုလိုက်တယ်။ ရောမဘုရင်ခံချုပ် ပေါလီနပ်စ် ( Gaius Suetonius
Paulinus) က မင်းတို
့ ကငါတို့ ကိုကောက်ပဲသီးနှံတွေပေး။ မင်းတို့ ကို ငါတို့ က ယျဉ်ကျေးမှုပေးမယ်။ ဘုတိကာ
- Boudicca ဆိုတဲ့အင်္ဂလိပ်လူမျိုးသမီးတဦးက ( သူကိုဘုရင်မလို့ လဲ တချို့ သမိုင်းတွေကဆိုတယ်) ဦးဆောင်ပြီး ရောမတွေ အုပ်ချုပ်နေတဲ့မြို
့ပိုင်ရုံးတွေ၊ ကုန်လှောင်ရုံတွေကိုမီးရှို့ ပြီးတော်လှန်လိုက်ကြတယ်။ သမိုင်းမှာတော့
ကုန်လှောင်ရုံတွေ၊တရားရုံးတွေကိုမီးရှို့ လိုက်တဲ့ ဘူတိကာနဲ့အဖွဲ့  ကို စာရိတ္တချို့ ယွင်းသူတွေလို
့မသတ်မှတ်ကြပါဘူး။ ဒီအချိန်က အင်္ဂလန်နိင်ငံရဲ
့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးတွေမှာ ခံစားခွင့်မရှိပဲ
ဘေးကိုရောက်နေကြတဲ့အတွက် ဘူတိကာ က ဦးဆောင်ပြီး တော်လှန်လိုက်တာ။ တိုင်းတပါးကအုပ်ချုပ်နေတဲ့ကာလဆိုတော့သူတို
့ကို မျိုးချစ်တွေ၊လွတ်လပ်ရေးကိုကျိုးပန်းသူတွေပေါ့။ တကယ် တိုင်းတပါးပဲအုပ်ချုပ်ချုပ်၊ကိုယ်လူမျိုးကပဲအုပ်ချုပ်ချုပ်
နိင်ငံတော်က လူတွေရဲ့  အကျိုးစီးပွားကို
လှစ်လျူရှု့ ထားလာပြီဆိုရင်တော့ တော်လှန်ပုန်ကန်မှုတွေဖြစ်လာမှာပဲ။ တော်လှန်ပုန်ကန်မှုတွေဖြစ်လာပြီဆိုကတည်းက
၁၀ ရက်တရားစခန်းဝင်သလို ဘယ်လာသိမ်မွေ့ နိင်တော့မလဲ။ လူသားရဲ့ အခြေခံအကျဆုံးဗီဇစေ့ဆော်မှု တွေကို ကိုလူတိုင်းကဖေါ်ပြလာကြမယ်။ ဒီနေ့ လူသားရဲ့  အဆင့်အမြင့်ဆုံးဇာထိုးပန်းထိုးယျဉ်ကျေးမှုတွေက
နီယန်ဒါသော်လ် (Neanderthal
) ခေတ်ကယျဉ်ကျေးမှုလောက်ကိုရောက်သွားမှာပဲ။
လူတွေကို ဒီလိုရောက်သွားအောင်လုပ်တဲ့ စနစ်ကို ပြန်လည်ဆန်းစစ်ကြည့်မှာသာ အဖြေမှန်ကိုရမှာဖြစ်တယ်။
အင်္ဂလန်လူအဖွဲ့ စည်းရဲ့ အောက်ဆုံးအလွာလူ့ ကြမ်းပြင်မှာ ရေကွက်တွေ့ ပြီဆိုတော့ ဒီလူအဖွ
ဲ့ စည်းရဲ့ အမြင့်ဆုံး ခေါင်းမိုးပေါက်နေတာ ကို ကျနော်တို့ မြင်ခွင့်ရလိုက်ပြီ။ ဒါကိုစာရိတ္တချိုယွင့်မှုလို
့ဆိုရင် ဒီစာရိတ္တရဲ့ အခြေခံလူမှုအဖွဲ့ စည်းမှာ ခေါင်မိုးကိုပြန်ပြင်ဖို့ အရင်ဆုံးလိုမှာပေါ့။
ဂျက်လန်ဒန်ရေးတဲ့ ဂျောက်ကမ္ဘာကြီးထဲကလူသားများ ဆိုတဲ့ဝတ္ထုကို ကျနော် ကိုးတန်း- ၁၅ နစ်သားလောက်တည်းက
ကဖတ်ဖူးပါတယ်။ အခုဖြစ်နေတာတွေကဒီလိုပဲ။ နောက်ကျနော်ငယ်ငယ်က ကြည့်ဖူးတဲ့ Metropolitan ဆိုတဲ့ အော်ပရာ လိုရိုက်ထားတဲ့
အဖြူ-အမဲ ( Black and White) ရုပ်ရှင်ကို ပြန်သတိရတယ်။
ဒီနေ့ ကမ္ဘာကြီးမှာဖြစ်နေတာတွေကိုပေါ့။ လူအဖွဲ
့စည်းအောက်ဆုံးကလူတွေဟာ လူအခွင့်အရေးရော၊တခြားအခွင့်ထူးခံစားမှုတွေအနည်းဆုံးရသူတွေဆိုတာလူမှုရေးပညာရှင်တိုင်းသိကြပါတယ်။
သူတို့ မှာ တာဝန်ယူခွင့်ရှိရင်သူတို့  တာဝန်သိလာမှာပါ။ ဒီတော့ ဒသနိကပညာရှင် မာတင်လူသာပြောသလို ပေါ့
သူအနာဂတ်ကိုသူမယုံရင်သူက ဘာတာဝန်ယူမှုကိုမှလုပ်မှာမဟုတ်တော့ဘူးလေ။ ဂျွန်လောခ် (
John Locke )ပြောတဲ့ မွေးရာပါအခွင့်အရေးအစစ်အမှန် (Natural Rights) ကိုသာသူတို့ ကိုပေးလိုက်ကြည့်ပါ။ သူပြောတဲ့မွေးရာပါအခွင့်အရေးဆိုတာက
Life, Liberty an Estate ) ကိုပြောတာကိုး။ ကွန်ဆာဗေးတစ်အစိုးရနဲ့ သံယောင်လိုက်သူတွေက
ဒီအခွင့်အရေးတွေကိုပေးထားတယ်။့ ဒါတွေလုပ်ပေးထားတယ်လို့ ယူဆပေမဲ့ မီးရှို့ သူများ ဒါတွေမရှိဘူးလို
့ ခံယူထားတာကိုး။
နေသစ်-
ကျင့်ဝတ်နဲ့ ပတ်သက်လို့  ဘာပြောခြင်လဲ။
မိုးသီး-
လန်ဒန်အဓိကရုဏ်းဟာ သာမန်ပြသနာမဟုတ်ပါဘူး။ နိင်ငံရေးနဲ့ ကျင့်ဝတ်ဆိုင်ရာတွေပါပါဝင်နေတယ်လို
့ ကျနော်မြင်တယ်။ ကျင့်ဝတ်အရကြည့်ရင်
သူတပါးပစည်းကိုလုယက်တယ်၊
ဖျက်ဆီးတယ်ဆိုတာဟာ မကောင်းမှုပဲရာဇ၀တ်မှုပဲ။ စာရိတပျက်စီးတာလို ဆိုရင် အင်္ဂလိပ်ဘုရင်မကြီးကနေ
အင်္ဂလိပ်ဝန်ကြီးချုပ်တွေလဲ စာရိတမကောင်းသူတွေဖြစ်မှာပေါ့။ သူတပါးယျဉ်ကျေးမှုလွတ်လပ်ရေးတွေကိုဖျက်ဆီးခဲ့တယ်။
နိင်ငံအတော်များများဟာ ခုထိပြသနာတွေမ ပြီးသေးဘူး။ သူတို့ ခိုးဆိုးလုယက်မှုတွေအတွက် မူလပိုင်ရှင်တွေဟာခံစားနေရတုံး။
လန်ဒန် ဂိုလ်ထောင်ကိုမီးရှို ပြီး လုယက်နေကြတဲ့ လူငယ်လေးတွေ ကိုစာရိတချိ့ ယွင်းမှုနဲ
့ဖမ်းတယ်၊ရှုတ်ချမှုတွေလုပ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံဖို
့ နောက်ကွယ်ကနေမြောက်ပင့်ပေးလိုက်တဲ့ လူတွေထက်စာရင် ဘယ်သူကပိုပြီးရာဇ၀တ်မှုမြောက်သလဲ။
ဦးစောကို လက်နက်တွေထုတ်ပေးလိုက်ဖို့  ကက်ပတိန်ဗီဗီယမ်းကို တာဝန်ပေးလိုက်သူက ပိုပြီး
စာရိတပျက်ယွင်းသူပေါ့ဗျာ။ ဒီလိုအမိန့်မျိုးကိုပေးနိင်တာ အင်္ဂလိပ်အစိုးရထဲက တာဝန်အရှိဆုံးသူတဦးဦးဖြစ်မှာပေါ့ဗျာ။
အခုလဲ
စစ်အုပ်စုက မြန်မာတမျိုးသားလုံး ကိုကျွန်ပြုထားတယ်။ ဒုကတွေ့ နေရတယ်။ အင်္ဂလိပ်အစိုးရက
ဘာတခုမှ ထိထိရောက်ရောက်မကူညီသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုဆုပေးဒီဆုပေး လုပ်နေတာကလွဲလို
့မြန်မာ ပြည်ရဲ့ လူအခွင့်အရေးရရှိဖို့  သူတို့ တကယ်ကိုဆနအမှန်မရှိပါဘူး။ ဒါဟာတကယ်ကို
ကြောင်သူတော် ( Hypocrisy) တွေပါ။
နေသစ်- အာရပ်ကမာဖြစ်တဲ့ လူထုလှုပ်ရှားမှုနဲ့ အင်္ဂလန်မှာဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေ
ဘာကွာခြားမှုရှိသလဲ ။
မိုးသီး-
အခြေခံအားဖြင့် တော့သိပ်မကွာဘူး။ ဆင်းရဲချမ်းသာကွာဟမှုပဲ။ Social Medias တွေကိုရန်သူလိုသဘောထားမှုတွေကိုကြည့်ရင်ပေါ့။ အာရပ်ကမာမှာလူထုလှုပ်ရှားမှုတွေဖြစ်တော့
လူမှုကွန်ယက်တွေက အထောက်ကူပြုတယ်သူတို့ ပြောတယ်။ အခုအင်္ဂလန်မှာ ဖြစ်တော့ ရာဇ၀တ်မှုကျူးလွန်သလိုကွန်ဆာဗေးတစ်အစိုးရက ပြောတယ်။
ကွာခြားမှုတခုတော့ရှိတယ် ဒါကတော့ အာရပ်ကမဘာမှာပုဂိလိကပိုင်ပစည်းတွေကို မဖျက်ဆီးကြဘူး။မလုယက်ကြဘူး။
လူတွေကဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေကိုပြောတယ်။ လန်ဒန်မှာတော့ လူတွေက တကယ်က ပိုမိုကောင်းမွန်တဲ့ဘဝ
( Better Life) ကိုလိုခြင်တာ ဒါကိုသူတို့ မထုတ်ဖေါ်ပြတတ်ဘူး။
ဒါကိုကြည့်ရင် အင်္ဂလိပ်အစိုးရတွေက လူတွေကို ပညာပေးမှုအလေးအနက်မထားခဲ့ဘူးဆိုတာကိုပြနေတာပေါ့။
နေသစ်-
ဘာပြောချင်သေးလဲ။
မိုးသီး- သေဆုံးသွားတဲ့ လူဆိုးဂိုဏ်းဝင်လို့ ယူဆထားတဲ့ လူမဲအမျိုးသားရဲ
့အာသုဘချတဲ့နေမှာတော့ပွဲကောင်းဦးမယ်ဗျ။ လူဆိုးဂိုဏ်ဝင်းသေတာထက်ကျန်ရစ်သူလူမဲတွေ၊လူဖြူဆင်းရဲသားတွေ-ဒါတွေကို
ကျနော်တို့ မြန်မာ တွေသွားအားပေးသင့်တယ်။ ဈာပန ကိုလိုက်ပို့ သင့်ပါတယ်။
9 comments :
တိုင်းတပါးပဲအုပ်ချုပ်ချုပ်၊ကိုယ်လူမျိုးကပဲအုပ်ချုပ်ချုပ်
နိင်ငံတော်က လူတွေရဲ့  အကျိုးစီးပွားကို လှစ်လျူရှု့ ထားလာပြီဆိုရင်တော့ တော်လှန်ပုန်ကန်မှုတွေဖြစ်လာမှာပဲ။ တော်လှန်ပုန်ကန်မှုတွေဖြစ်လာပြီဆိုကတည်းက ၁၀ ရက်တရားစခန်းဝင်သလို ဘယ်လာသိမ်မွေ့ နိင်တော့မလဲ။ လူသားရဲ့ အခြေခံအကျဆုံးဗီဇစေ့ဆော်မှု တွေကို ကိုလူတိုင်းကဖေါ်ပြလာကြမယ်။
အင်္ဂလန်လူအဖွဲ့ စည်းရဲ့ အောက်ဆုံးအလွာလူ့ ကြမ်းပြင်မှာ ရေကွက်တွေ့ ပြီဆိုတော့ ဒီလူအဖွဲ့ စည်းရဲ့ အမြင့်ဆုံး ခေါင်းမိုးပေါက်နေတာ ကို ကျနော်တို့ မြင်ခွင့်ရလိုက်ပြီ။ ဒါကိုစာရိတ္တချိုယွင့်မှုလို့ ဆိုရင် ဒီစာရိတ္တရဲ့ အခြေခံလူမှုအဖွဲ့ စည်းမှာ ခေါင်မိုးကိုပြန်ပြင်ဖို့ အရင်ဆုံးလိုမှာပေါ့
WHAT ARE YOU GUYS TALKING ABOUT?? IF YOU WORK PROPERLY AND PAYING TAX TO UK GOVERNMENT YOU CAN BUY EVERYTHING IN UK,AND YOU CAN GET ALOT OF BENEFIT FROM UK GOVERNMENT.DAVID CAMERON IS SAYING RIGHT,THAT PEOPLE ARE RUBBISH,LOOTERS,ROBBERY,EVEN THEY BEATEN AND ROBBED FROM A MALAYSIA STUDENT.THEY ARE LAZY GUYS.U SAW WAS A BURMESE,WHY HE AGREE TO KILL BO AUNG SAN.DONT BLAME TO ENGLISH.
I agree with Kmoe.
Do not blame English.
English are master race.
Kmoe , an obedience and cute puppy serving English masters, will never let people blaming English for solid and tangible facts.
If you don't want to be enslaved, then that's your problem. If you want to be recognized as lower middle class, who can't even afford to buy underwear from Harvey Nichols, at least, you have to let them suck your blood firstly.
Therefore, from now on, do not blame English. I repeat do not blame English. If not I will be so so angry and must report to my masters.
Slave race in U.K
Yoo Ko Moe Thee,
You think those rioters are not to blame? So you don't blame thieves? They are nothing but Thieves. They were not there to protest anything. They were there to loot and distrub the communities. Please do not talk about things that you really don't know. Just admit you don't know. Young burmese people need to have someone to look up to. I thought you might be the one. I guess I was wrong.
TYA
wake up !!!!!!!!!!!
စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေးကြီးများ
အ သိ ပြင် ညာ ယှဉ် ဂျီး များ
အသင်တို့ သည်
ဗမာနိုင်ငံတွင် ဆန်ကုန်မြေလေး
ငသန်းကျွန် ဖြစ်ခံနေရခြင်း အရသာဖြင့် မတင်းတိမ် မရောင့်ရဲ ခြင်း မက
ရောက်ရှိရာ တိုင်းပြည်၏
ပြည်သူလူထုဘဝ ကို လစ်လူရှုကာ
ကျွန်ပါးဝ ပြ နေခြင်း ကို ရပ်တန့်  ကြပါလော့ 
ဦးစောမိုက်လုံးကြီး ခဲ့လာစေရန်
which evil&bitch plotted it ??????????
မွေးရာပါ အနူများ
နှင့် ဆင်းရဲသား များ ကို ကူညီကြ မည်လော
မြေနိမ့်ရာ လှံစိုက်ကြမည်လော
နေရိပ်ရာအရပ်တွင်
ဆီဦးထောပတ် စားကာ
နေပူကျဲတဲတွင်
အမှိုက်ကောက်စားနေသူများ နှင့်
သူတောင်းစားများ အငတ်ဒဏ်မခံနိုင်တော့လို့ 
ုလုစားမိခဲ့ သည့်တိုင်စေငြား သေဒဏ်ခတ်မည်လော
ပြုပြင်ထိမ်းသိမ်းမည်လော
ကမ္ဘာအဝှန်းဖြစ်ပေါ် ခဲ့/နေစဲ
အငတ်ဘေးများ ကိုကြင်နာစိတ်ထားကူညီ
မည်လော
မျက်နှာကြီးရာ ဟင်းဖတ်ပါ
ခေါင်းညိမ့် လျှာလွှဲ နေကြမည်လော
လက်ရှိဗမာနိုင်ငံအရေးကို
အာရုံ ပြောင်း ဟန်ပြ ထူးမခြားနား
တွေ့ ဆုံဆွေးနွေး နေကြဦးမည်လော
ထောင်တွင်းရှိ အာဇာနည်များအား
ချက်ချင်းလွှတ် ပေးမည်လော
ယခုလို အရေမရ အဖတ်မရ
internet စစ်ပွဲဆင်နွှဲနေကြဦးမည်လော
ငါဘာကောင်သူဘာကောင် ဘေးဖယ်ကာ
ထောင်တွင်းရှိအာဇာနည်များ အား နှစ်မကူးခင်
မလွှတ်ပေးခဲ့သော်
ငါတို့ ဘာဆက်လုပ်ကြမည်လော????????
My view on this roit was started from exhausted UK government social welfare system due to the bogus asylum seekers, refugees and eastern european. After opening of EU, all the eastern european came into the country and enjoy all the social benefits without contributing single penny. Almost all the British building, electrical and plumbing jobs were taken by the Polish workers. Those workers only take $$$ Cash and do not pay the tax and national insurance. They take child benefit (even for their children back home), free NHS (National Health Service) treatment and housing. UK Social Welfare are contributed by the British citizen for many years and now that funds were abused by those outsiders. Now, government is broke and has to cut here and there everywhere including the health workers, teachers, council workers and the police.
Now here in the UK with so many unemploy people, higher food cost, higher education fees, higher inflation plus all the current jobs were taken by the foreigners. Bank of England warn the government that social unrest like these will happen if you cut so much. At the end, people run out of idea and go out on the street. Teenagers and the wild cats took the advantage and loot the shops. Because of the UK law, parent can not control their own children, and these teenagers do not scare anybody including the law enforcement. UK is broken and government has to change their policy seriously.
You badly need a counseling Moe Thee. Do it in no time or the world will be in Danger.
(Pala)
I totally agree with Ko Moe Thee's analysing on this matter.
Post a Comment