Tuesday 23 August 2011

ဒေါ်စု -သိန်းစိန် တွေ့ ဆုံမှု ဆွေးနွေးမှု အတွင်းသတင်းများ- Inside News

ဒေါ်စု နဲ့ သိန်းစိန် တွေ့ စဉ်- ဒုသမတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ၀န်ကြီးတွေလဲတက်ခွင့်ရ- ကြံဖွင့်ခေါင်းဆောင်တွေ သိပ်ကိုစိတ်ဆိုးတယ်လို့ သိရ။ ဒေါ်စုကို ဗွီအိုင်ပီ လို ပြုစုဆက်ဆံတယ်လို့ သိရ။ ဒေါ်စုကရောက် ကာစက ခပ်တောင့်တောင့်ဖြစ်နေ တယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်းပြုံးပြုံရီရီဖြစ်လာတယ်လို့ ဆို။ ဒေါ်စုနဲ့ အတူ ဒီင်္ချုပ်အဖွဲ့ ဝင်တချို့ ပါ၊ ပရောဖက်ဆာ ရီရီမြင့် လဲ ဒေါ်စုနဘေးမှာရှိတယ်။ အစိုးရဖက်ကတော့ ဦးအောင်ကြည်( အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား) ၊ဦးစိုးသိန်း( စက်မှု)၊  မေဂျာသိန်းဌေး (နယ်စပ်) တို့ တက်ရောက်တယ်။ သူတို့ က  ပြုပြင်ပြောင်းလဲမှုသိပ်ဖြစ်ခြင်တယ်လို့  ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စုအစည်းဝေးခန်းမအလာမှာ ပေါ်တီကို မှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်းတို့ က ဒေါ်စုလီမွန်ဇင်းကိုလာဖွင့်ပေးကြ ဟုသိရ။  ဒီအခြေအနေကိုဒီချုပ်ကအကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။ (အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)

အစိုးရအတွင်းအခြေအနေက နှစ်ပိုင်းကွဲနေတယ်။သန်းရွှေသြဇာတနေ့ တခြားကျဆင်းနေတယ်။သိန်းစိန်နဲ့  စစ်တပ်ခေါင်းဆောင်တွေက သန်းရွှေ နဲ့ ခပ်ဝေးဝေး ခပ်ရှောင်ရှောင်လုပ်လာကြတယ်။ သမတအုပ်စုက  က တင်အောင်မြင့်ဦးနှင့်ကျော်ဆန်းကို ကိုမနှစ်မြို့ ။ ဥပမာ -ဦးအောင်မင်းက မြန် မာ့အလင်းသတင်းစာကိုသူ့ စားပွဲပေါ်မတင်ရန် ၀န်ထမ်းတွေကိုကြိမ်းမောင်း - ဒီသတင်းစာကိုတွေ့ ရင်အံခြင်တယ်ကွဟုဆို။ ရွေမန်းကသိန်းစိန်ကို ပိုမိုထောက်ခံလာ။ ပိုနီးစပ်လာ။ သန်းရွေ အနားမယူခင်က သူလုံခြုံရေးတပ်ကို ပြန်လည်ဖွဲ့ စည်းခဲ့။ သို့ သော် မကြာသေးခင်က သူရဲ အတွက်လုံခြုံရေးယူပေးနေတဲ့တပ်ဖွဲ့ များ လျော့ချလာသည်ကိုတွေ့ ရ။ ဦးနေ၀င်း အသက် ၉၀ မွေးနေ့ ပွဲအပြီး သူလုံခြုံရေးတပ်များကို သန်းရွှေ-မောင်အေးဂိုဏ်းက လျော့ချသကဲ့သို့ ရှိနေတယ်။

ဦးနေ၀င်းသေပြီး ၂ ရက်အတွင်း ဦးစိန်လွင်အိမ်ရှေ့ က လုံခြုံရေးတပ်ကို လူပြောင်းတာလျော့ချတာလုပ်သကဲ့သို့ ဖြစ်နေ။ မင်းအောင်လှိုင်က သန်းရွှေလုံခြုံရေးတပ်ဖွဲဝင်အများစုမှာ
တပ်ထွက်များနှင့် ပြန်လည်စုဖွဲ့ ပေးခဲ့သည်မှာထူးခြားနေတယ်။

မင်းအောင်လှိုင်က သန်းရွှေစိတ်ကြိုက်ရွေးခဲ့သူသူဖြစ်။ အရည်အချင်းမရှိ။တပ်တွင်လူကြိုက်နည်းခဲ့သူဖြစ်။ လူကြိုက်များသုမှာ မြင့်အောင်ဖြစ်။ မြင့်အောင်စကားမှားသောကြောင့်တပ်ချုပ်အဖြစ်လျာထားပြီးမှဖယ်ရှားခံရ။ မင်းအောင်လှိုင် အပြောင်းအလဲကို ကျနော်တို့ ဆက်လက်စောင့်ကြည့်နေ။ သိသာရန်ပေးပို့ ။ ကောင်းသည့်အချက်ကတော့တပ်ထဲတွင် သန်းရွှေ ပြန်လာမှာကို စိုးရိမ်နေကြ။ မလိုခြင်တော့။  တပ်ထဲတွင် ဟာသပင်လုပ်နေ- ဦးသိန်းစိန်ရေ သေချာအောင် လုပ်ပေးပါ။ မသေချာရင်-အားလုံး သေမှာဟု နောက်ပြောင်နေ။ 

ရွှေမန်း- သန်းရွှေကိုစိတ်နာနေတယ်။ သမတနေရာကိုသူကိုပေးမယ်လို့  နှစ်ကိုယ်ကြားဆွေးနွေးခဲ့ဘူးဟုသိရ။ သူကိုအယုံသွင်းပြီးခွေထားခဲ့ဟုခံစားနေရ။ 

တင်အေး- အခြေအနေမကောင်း။ သူရောသူသားရော သြာဇာကျဆင်း။ တင်းအေးကလဲသန်းရွှေကိုရှောင်နေတယ်ဟုသိရ။ သူက သန်းရွှေညာလက်ရုံးဟုအပြောခံခဲ့ရသူဖြစ်။ သူကိုလည်းသန်းရွှေကဇယားရွေ့ ခဲ့သည်ဟုံခံစားရ။  သူသားက ပြီးခဲ့တဲ့အပတ်က ဒေါ်စုကို ပင်နှုတ်ဆက်ခဲ့သည့်အထဲမှာလည်းပါဝင်နေတယ်။ 

ဌေးဦး- ရွေးကောက်ပွဲမတိုင်မှီက သူကိုသန်းရွှေက ဒုသမတ နေရာပေးမယ်လို့အယုံသွင်းခံခဲ့ရဟုသိရ။ သန်းရွှေကိုလုံးဝ လက်မခံနိင်တော့သူဖြစ်လာ။ လုံးဝမချစ်နိင်တော့ပြီ။ အောင်သောင်းနဲ့ သိန်းဇော်- သန်းရွှေကိုဆက်ချစ်နေသူများဖြစ်ဟုယူဆရ။ ဆက်လက်ထောက်ခံနေဆဲဟုသုံးသပ်ရ။ 

မင်းအောင်လှိုင်-  တပ်ကို သန်းရွှေ နဲ့ ဝေးရာသို့  ပို့ နေဟုယူဆရ။ သူက ရွှေမန်းကို တလ တကြိမ်တွေ့ ဆုံနေသည်ကို တွေ့ ရ။ သူသြဇာမခံသူဟုယူဆရတဲ့ ဗိုလ်ချုပ်သုံးဦးကို ဖြုတ်လိုက်။ 

ဦးမြင့်- ဦးမြင့်စာတန်းက အစိုးရခေါင်းဆောင်ပိုင်း ကိုသက်ရောက်မှုရှိ။ အထူးသဖြင့်ကျပ်ငွေတန်ဖိုးကို မပြောင်းလဲနိင်ပါက အင်ဒိုးနီးရှားကဲ့သို့ ငွေကြေးအကြပ်ဆိုက်မှုက နေ လူထုအုံကြွမှုကြီးဖြစ် နိင်သည်ကိုအထူးစိုးရိမ်ကြ။ ကျပ်-ဒေါ်လာ လဲနှုန်း ၆၀၀ ဖြစ်ပါ တိုင်းပြည်ပျက်ပြီဟု စီးပွားရေးသမား အများစုယုံကြည်နေ။

6 comments :

Unknown said...

သိပ်ပြီးမယုံနဲ့ ဦး ၊ ဟုတ်ရင်ကောင်းတာပေါ့ ၊ တင်ပေးတာကျေးဇူးတင်တယ် ဒါပေမဲ့ တွေဝေသူတွေကိုအားပေးရာကြနေသလားလို့  ။ တကယ်ဟုတ်မှ (ဦး)သိန်းစိန်လို့ ဘဲ ခေါ်တော့မယ် ။

Nyo said...

Thankyou very much about Burma news Ko Moe Thee

Anonymous said...

ကိုမိုးသီး
ဘာပဲပြောပြော ဒီသတင်း ရာနှုံး ပြည့် မှန်မှန်မမှန်မှန် ကြားရတာ အားရတယ်

Anonymous said...

ကိုမိုးသီး
ဘာပဲပြောပြော ဒီသတင်း ရာနှုံး ပြည့် မှန်မှန်မမှန်မှန် ကြားရတာ အားရတယ်

Anonymous said...

ဝဋ်ဆိုတာ လည်စမြဲပါ သန်းရွှေ အလှည့် ရောက်ခါနီးပြီး ထင်ပါရဲ့

Anonymous said...

We all want Than Shwe to suffer before he gone from this world. He is not worthy to suffer in next life but this life. What goes around, come around! What he has done for people, he must get it back. He can be died of spitting saliva(Ta Twe) from the people's mouth.