Friday, 19 August 2011

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ နှီးနှော်ဖလှယ်ပွဲ



.စာတန်းတင်သွင်းကြတဲ့ ပညာရှင်ကိုးဦးစလုံးက နိင်ငံတော်ဟာ နိင်ငံရေး၊စီးပွာရေး၊လူမှုရေးအဖက်ဖက်က
ယိုယွင်းနေတဲ့အခြေအနေတွေကိုထောက်ပြကြတယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုအမြန်ဆုံး
လုပ်ဖို့ လိုကြောင်းကို ထောက်ပြကြမယ်လို့ သိရတယ်။အစည်းဝေးကို စီးပွားရေးအကြံပေး ဦးမြင့်နဲ့ ပြည်ပရောက် ပညာရှင်များဖြစ်ကြတဲ့ ကိုကျော်ရင်လှိုင်၊ ဦးတင်မောင်မောင်သန်း၊ ကိုဇော်ဦး တို့ လည်းတက်ရောက်ကြောင်းသတင်းရရှိတယ်။ ကိုကျော်ရင်လှိုင်က လူမွေး၊ပါမစ်ပေးတဲ့စီးပွားရေးစနစ်ကို ဝေဖန် ထောက်ပြသွားခဲ့တယ်လို့ ဆိုတယ်။ဦးမြင့်က လဘ်စားမှု ဆိုတာကော်မရှင် ယူတာကိုဆိုလိုကြောင်း လဘ်စားမှုတွေကို အစိုးရအနေနဲ့ မတိုက်ဖျက်နိင်ရင် စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ  ကို လုပ်ဆောင်နိင်မည်မဟုတ်ပါကြောင်း အလေးနက်ဆွေးနွေးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က  အစည်းဝေး ကို စတိသဘောမျိုးသာ တက်ရောက်ခဲ့ပါတယ်။  အစည်းဝေးကို ၃ ရက်လုပ်မယ်လို့ သိရတယ်။

No comments :