မိတ်ဆွေများခင်ဗျား
ယခုပေးပို့လာသော
လမ်းမကြီးပျက်စီးနေမှုနှင့် ရပ်သူရပ်သား ကျောင်းသူကျောင်းသားများ နေ့စဉ်သွားလာနေရသော ခြေအနေကို
သိမြင်စေရန်နှင့် လိုအပ်သောဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်ရေး သားပေးပို့ အပ်ပါသည်။
လမ်းမကြီးမှာ ကုန်တင်ယာဉ်ကြီးများ ပြေးဆွဲရာ
သံသုမာလမ်းပေါ်ရှိ မြောက်ဥက္ကပမြို့နယ် (၂) ရပ်ကွက် မိန်းမလမ်းမကြီး ဖြစ်ပါ သည်။
နှစ်စဉ်လမ်းမကြီးမှာ ဖျတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများ၊ ဘက်စ်ကားလိုင်းများ၊
ကိုယ်ပိုင်ယာဉ် များ မောင်နှင်းမှုဒဏ်ကို ခံနိုင်ရည်ရှိသော လမ်းတည်ဆောက်မှု
အရည်အသွေးမပြည့်ဝသဖြင့် နှစ်စဉ်ဆိုးရွာစွာ ပျက်စီး ယိုယွင်းနေပါသောကြောင့် အချိန်မှီ
ပြင်ဆင် ပေးနိုင်ရန်နှင့် ပြင်ဆင်ခြင်းမပြုနိုင်သေးပါလျှင် ကုန်တင် ယာဉ်ကြီးများနှင့်
လိုင်းကားများသွားလာမှုကို တားဆီးပေးနိုင်ရန် ရပ်သူရပ်သားများ
ကျောင်းသူကျောင်းသားများမှ ၂၀၁၀ ခုတွင် စုပေါင်း လက်မှတ်ထိုးတောင်းဆိုခဲ့သော်လည်း ယနေ့ချိန်ထိ ပိုမိုပျက်စီးယိုယွင်းကာ
နေ့စဉ် ကားကြီးများမှာ လမ်းမကြီး၏ ချိုင့် များတွင်ကျွံ့ဝင်ခြင်း၊
တိမ်းစောင်းမှုများဖြစ်ပေါ်ခြင်း၊ စက်ဘီးဆိုက်ကားများ ချိုင့်အတွင်းကျခြင်း၊ ကျောင်းသားကျောင်း
သူများ၊ ဈေးသွားဈေးလာများ စက်ဘီဖြင့် စီးနင်းရာမှ အရှက်တစ်ကွဲဖြစ်လောက်သည်အထိ ပြိုလဲခြင်း၊ လမ်းမကြီး၏ အလယ်မှသွားလာနေရခြင်း စသည်တို့သည်
မကြာမတင်ကာလအတွင်းမှာပင် ရပ်ကွက်အတွင်း မမျှော်လင့်နိုင်သော ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သဖြင့် အချိန်မီ သက်တိုင်ရာ တာဝန်ရှိသူများမှ
ဆောင်ရွက်အရေးယူပေးခြင်း မရှိပါက ရပ်သူရပ်သားများနှင့် ကျောင်းသူကျောင်းသားများမှ
သက်ဆိုင်ရာ တာဝန်ရှိသူများထံ လိုအပ်သလို ဆက်လက်ဆောင် ရွက်သွားရန် ပြင်ဆင်နေကြောင်း
ကြားသိရပါသည်။
လေးစားလျှက်
ဒေါင်းမာန်
မှတ်ချက်။ ။ မြို့နယ်အာဏာပိုင်များအား အချိန်မှီပြင်ဆင်ပေးရန်၊
ပြင်ဆင်ရန်အခက်အခဲရှိနေပါက ကုန်တင်ယာဉ်ကြီး များ ဖျတ်သန်းခွင့်
တာဆီးပေးရန်တောင်းဆို ညှိနှိုင်းအောင်မြင်
ခြင်းမရှိပါက မယကနှင့် မြို့နယ်စည်ပင်တို့ထိ တက် ရောက် တောင်းဆိုသွားမည်ဟု
သိရှိရပါသည်။
No comments :
Post a Comment