Monday, 5 September 2011

အာဆီယံဘော်လုံးပွဲ ဒေါ်စု ကြည့် မည် ဟု သတင်းထွက်

                                ခေတ်ပျက်သူဌေး မက်ဇော်ဇော်  


စက်တင်ဘာ ၈ ရက်နေ့ဆို အာဆီယံနိုင်ငံဘော်လုံးပွဲ ရှိကြောင်းသိရပါတယ်။  မက်ဇော်ဇော်က ဒေါ်စုကို ဖိတ်မယ်လို့သိရပါတယ်။ ဒေါ်စုကလည်း ဖိတ်ရင်လာအားပေးမယ်လို့ ပြောထားပါတယ်။ ဒေါ်စုသွားကြည့် သွားကြည့်မယ်ဟု သတင်းထွက်ပေါ်နေပါတယ်။ ပရိတ်သတ်တွေ ဆူလာပါက ဒေါ်စုနဲ့ ထိမ်းခိုင်းဖို့  ဖြစ်မယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်ရဲဘော်များကတော့ဒေါ်စု ဘောပွဲသွားကြည့်မည့်သတင်းကိုမပျော်ဖြစ်နေကြပါတယ်။ 
စစ်အစိုးရရဲ ပြုပြင်ပြောင်းလဲမှုတွေက ဘာတခုမှ လူထုအတွက်မရှိပဲ ခေတ်ပျက်သူဌေးများအတွက်သာဖြစ်နေတဲ့ အတွက် အရာရာကိုမကျေမနပ်ဖြစ်နေတဲ့ လူထုက ထိလွယ်ရှလွယ်ဖြစ်နေပြီး ပေါက်ကွဲရန် အသင့်ဖြစ်နေကြောင်း သိရပါတယ်။

6 comments :

Anonymous said...

This is the matter of a switch.
Do not be a scape-goat.
Be careful and caution. Intelligently.
Frankly, Max Zaw Zaw is enjoying life with people's blood money and he is just a black money pawn.
NOT WORTHY.

Anonymous said...

ကိုမိုးသီးရေ...လူထုပေါက်ကွဲမှာကိုစစ်အစိုးရက မပူတော့ဘူးဗျ..ဘာဖြစ်လို့ လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရှိနေလို့ ဘဲ...သူများနိုင်ငံက လူထုအုံကြွမှုကြောင့်  အာဏာရှင်တွေ ပျောက်သွားတာကို အားပေးထောက်ခံတဲ့  ဒေါ်စုက မြန်မာနိုင်ငံမှာ လူထုအုံကြွမှုကြောင့် စစ်မှန်တဲ့ ပြောင်းလဲမှု မဖြစ်နိုင်ဘူးဆိုပြီး ပိတ်ပြောထားတော့ လူထုအုံကြွမှုအတွက် စစ်အစိုးရ ကိုယ်စား ဒေါ်စုကထိန်းပေးထားတဲ့ သဘောဖြစ်နေတာပေါ့.။

Anonymous said...

A lot of news are not accurate. Just write whatever.Don't think Daw Su will let it happen and also don't believe everything you read..

Anonymous said...

It takes intelligence, patience (and unwavering determination in the face of 24/7 challenges. So, not easy to be her and also no right to criticize her judgement.

Anonymous said...

ဟုတ်တယ်ဗျ
ဒေါ်စုက လူထု အုံကြွမှုကို အားမပေးတာ
ကျနော် အရမ်းစိတ်မကောင်းဘူးဗျာ
၈၈ လို အုံကြွမှုမဖြစ်ခဲ့ရင် ဒေါ်စုလဲ နိုင်ငံရေးသမားဖြစ်လာပါမလား ကျနော် သံသယ ဖြစ်တယ်။
ပြီးတော့ လူထုကို ခုသူဘာတွေဦးဆောင်နေတာလဲ
ကျနော်တို့မေးရမယ့် မေးခွန်းထဲမှာရှိတယ်
အန်အယ်ဒီကို ကျနော်တို့ မဲပေးခဲ့ပေမယ့်
ဘာမှ ဦးမဆောင်နိုင်ပါဘူး
ပြီးတော့ အာဏာရရင်တော့ တက်ပြီး အုပ်ချုပ်မယ့်သဘောပဲ။
ပါတီနိုင်ငံရေးတွေက တခါတလေ အရမ်း ရွံဖို့ကောင်းတယ်
တွေ့ဆုံမှု အနည်းငယ်ဖြစ်လာတာတော့ ကြိုဆိုပါတယ်
တဖက်မှာလဲ နအဖ ပြုတ်တွေကိုလဲ အိုင်စီစီ တင်မယ်လုပ်နေတာ လဲ အမျိုးသားရင်ကြားစေ့ရေးသွားနေတယ်ဆိုတာ သံသယဖြစ်စရာပါ။
ကြောက်နေတဲ့ခွေးဘီးလူးကို ကို အပိုင်မရခင် ထွက်ပေါက်ပေးသင့်ပါတယ်။
အိုင်စီစီက မြန်မာပြည်နိုင်ငံရေးကိုပြောင်းလဲပေးနိုင်မယ့်လို့ရောယုံကြည်နေကြလား မသိဘူး။
ကျနော်မြင်တာက နိုင်ငံထဲက လူတွေကို အငတ်ဘေးက ကယ်တင်နိုင်တာက ပိုပြီး အကျိုးရှိမယ်။

Anonymous said...

Just wait & see? (hide & seek?)
wait and listen?. don't say nothing?
lol, wake up!!!@!!!!
u guys are doing whatever and enjoy watching what the poor lady is doing.
Go find and try sing Freddie Mercury's(Queen) song that matches u.