လူအခွင့်အရေးကော်မတီကိုဖွဲ့ စည်းလိုက်ပြီ။ အဖွဲ့ ဝင် ၁၅ ဦး ပါတယ်။ လွတ်လပ်တဲ့ အဖွဲ့ လို့ ဆိုတယ်။
ဒီအဖွဲ့  မှာ သမိုင်းဆရာကြီးဦးထွန်းအောင်ချိန် ( ကရင်အမျိုးသား) က လွဲလို့ ကျန်သူတွေဟာ စစ်အုပ်စု ရုပ်သေးတွေ လို့  အများက ယူဆထားသူတွေဖြစ်ပါတယ်။ ဥက္ကဌ က ဦးဝင်းမြ ( သံအမတ်ဟောင်း) ကဆောင်ရွက်တယ်။ဒါပေမဲ့ ဒီအဖွဲ့ ဝင်တွေရဲ့  အသံကို မထွက်သေး ပဲ။သမတအကြံပေး နေဇင်လတ်ကပဲ ပြောနေတာက လွတ်လပ်တဲ့ကော်မရှင်မှ ဟုတ်ရဲ့ လားလို့ သံသယဖြစ်စရာပဲ။
လူအခွင့်အရေးချိုးဖေါက်ခံရရင်ဒီအဖွဲ့ ကလွတ်လွတ်လပ်လပ်ဆောင်ရွက်နိင်တယ်လို့ နေဇင်လတ်ကပြောတယ်။ အစိုးရလက်အောက်မှာမရှိပါဘူးလို့ သူက ဆိုတယ်။
နိင်ငံရေးအကျဉ်းသား တွေဟာ လူအခွင့်အရေးချိုးဖေါက်ခံနေရသူတွေပါ။ သူတို့ မိသားစုတွေအနေဲ့ 

လူအခွင့်ရေးချိုးဖေါက်ခံနေရတဲ့ မင်းကိုနိင်နဲ့ နိင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့  သွားရောက်တိုင်တမ်းကြဖို့ လိုတယ်။ သူတို့ အမှုတွေက အစိုးရဟောင်းက ချမှတ်ထားတဲ့မတရားတဲ့ပြစ်ဒဏ်တွေ ဖြစ်တယ်။ ဒီမတရားတဲ့ ပြစ်ဒဏ်တွေကို ပြန်လည်စစ်ဆေးပေးဖို့  သွားရောက် တိုင်တမ်းကြပါလို့ တိုက်တွန်းလိုတယ်။ ဒီအဖွဲ့ ထဲမှာ သမိုင်း ပါမောက္ခဟောင်း ဆရာကြီးဦးထွန်းအောင်ချိန်လည်းပါတယ်။ သူကတော့လေးစားလောက်တဲ့ဆရာကြီးပါ။
သူက ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာ ကရင့်အမျိုးသားအစည်းရုံးနဲ့အပြစ်ခတ်ရပ်စဲရေးလုပ်ဖို့  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်နဲ့ တောထဲကို လာရောက်ခဲ့ဘူးပါတယ်။ သူကို ကျနော်တို့ က ဘာကြောင့်တိုက်ပွဲဝင်နေတယ်ဆိုတာကိုရှင်းပြတော့သူကစာနာမှုကိုပြပါတယ်။ သူ့ ကိုကျနော်တို့ က အခန်းနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကရင့်အမျိုးသားဂုဏ်ပြုတပ်ဖွဲ့ က ကရင့်အမျိုးသားသီချင်းနဲ့ သူဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေကို ကြိုဆိုလိုက်တော့ ကရင်အမျိုးသားသီချင်းကိုသူအားရပါးရသီဆိုနေပါတယ်။ သူဟာ ရိုးသားဖြောင့်မတ်သူလို့ ကျနော်တို့ မြင်ပါတယ်။ ကျန်တဲ့သူတွေတော့မသိပါ။
အခုလူအခွင့်အရေးကော်မတီမှာသူကို ပြန်ပြီးတာဝန်ပေးတာကိုတွေ့ ရတယ်။ ဒါကြောင့် ကျနော်တို လူအခွင့်အရေးချိုးဖေါက်ခံရတဲ့ မှုတွေကို သွားရောက်တိုင်တမ်းကြဖို့  လှုံ့ ဆော်ပေးကြပါလို့  တိုက်တွန်းခြင်တယ်။

(၀ဲမှယာ) ဗိုလ်ချုပ်မြ ၊ ဆရာကြီး ဦးထွန်းအောင်ချိန် ၊ ကိုမိုးသီး ( ၁၉ ၉ ၇)
အခုလူအခွင့်အရေးကော်မတီမှာသူကို ပြန်ပြီးတာဝန်ပေးတာကိုတွေ့ ရတယ်။ ဒါကြောင့် ကျနော်တို လူအခွင့်အရေးချိုးဖေါက်ခံရတဲ့ မှုတွေကို သွားရောက်တိုင်တမ်းကြဖို့  လှုံ့ ဆော်ပေးကြပါလို့  တိုက်တွန်းခြင်တယ်။
No comments :
Post a Comment