Monday, 5 September 2011

သီးလေး သီး အဖွဲ့  မှ တချို့  ပြန်တော့မည်သတင်းထွက်ပေါ်

သီးလေးသီးအဖွဲ့သားများက အဖွဲ့ တချို့    မြန်မာပြည်သို့
ပြန်ကြမည်ဟု သတင်းရရှိပါတယ်။ကိုပန်းသီး၊ကိုကြယ်သီးနှင့် မြစပယ်ငုံတို့  က တော့ ဒီမိုကရေစီအရေးကိုဆုံးခန်းတိုင်တိုက်ပွဲဝင်သွားမယ်။မပြန်ဘူးဟု သိရပါတယ်။ သူတို့ ကိုမပြန်စေချင်ဘူးဗျာ
ကိုဇာဂနာတောင်မလွတ်သေးတာပဲ။ စစ်အစိုးရကို ဘယ်လို ယုံရမလဲလို့  မဲဆောက်ရှိသူတို့ ကိုချစ်သောပရိတ်သတ်တဦးက ဆိုပါတယ်။

11 comments :

Anonymous said...

http://www.myanmarwikileaks.org/2011/09/blog-post_03.html#more

AMS said...

Ha..Ha..Water follow...Fish follow He..He..

Anonymous said...

I hope they can perform freely without any censorship. I am their fan.

Anonymous said...

ပထမတင်ထားတဲ့ လင့်ကို ကြည့်မိပါတယ်။ သြော်လူတွေက တော်တော် တရားကျဖို့ကောင်းတယ်။ ကို့မျက်ချီးတော့ ကိုမမြင်။ သန်းဝင်းရေ မင်း ရကသမှာ ကောင်မလေးတွေက ဘယ်လို နှိပ်ပေးခဲ့တယ်၊ အေဘီမှာ ဘယ်လိုနေခဲ့တယ်၊ ဘယ်လို အနှိပ်ခန်းတွေကိုသွားခဲ့တယ်ဆိုတာကို သိပါတယ်ကွာ။ ငါ ရကသမှာကော အေဘီမှာ ရှစ်နှစ်နေခဲ့သူပါ။ ငါ့ဆရာ လည်းမရှိ၊ တပည့်လည်း မရှိသူပါ။ မင်းဘာလုပ်ခဲ့တယ်ဆိုတာကို မင်းသိမှာဘဲ။
ရကသ နှင့် မကဒတ ရဲဘဲဟောင်းတစ်ဦး

Anonymous said...

မြန်မာမင်းသမီးတွေ ပြူးနေအောင် နို့တွေဖော်ပြတာလောက်တော့ ထိုင်းမင်းသမီးတွေက ပျင်းသနားတယ်။ ဟိုက အယ်ပြီးပြူးနေတာ။ ပေါက်စီနဲ့ ကိုကိုးနတ်လို တခြားစီပဲ။ ညဉ်းတို့ နည်းနည်းကြီးအောင် လုပ်ကြအုံး။

Anonymous said...

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး
ရန်ပိုင် Tuesday, 06 September 2011 16:38
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

လူဆိုးသူခိုး များမှာအပြစ်မရှိ ။ ထိုသူများကိုယုံကြည်သူများသာအပြစ်ရှိ၏။
ဆရာကြီး ဦးစိန်ကျော်လှိုင်ရေ အသင့်ကိုကျွန်ပ်မသနား။
ထိုကဲ့သို့လူများရှိလာခဲ့လျှင်လဲမသနား....

aung said...
This comment has been removed by the author.
Anonymous said...

လူဆိုးသူခိုး များမှာအပြစ်မရှိ ။ ထိုသူများကိုယုံကြည်သူများသာအပြစ်ရှိ၏။
ဆရာကြီး ဦးစိန်ကျော်လှိုင်ရေ အသင့်ကိုကျွန်ပ်မသနား။
ထိုကဲ့သို့လူများရှိလာခဲ့လျှင်လဲမသနား....

သွေထွက်အောင်မှန်ပ ပညာတတ်တိုင်း ဥာဏ်မရှိပါ