မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး
ရန်ပိုင် Tuesday, 06 September 2011 16:38
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက်
ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး
ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ
ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း
ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက
မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ
ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း
ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ
လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့
ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက်
မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏ အောင်သပြေ
စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
5 comments :
RFA VOA BBC people are so f...... and just for Adavantages..not for our country..it is good news...
သတင်းသမားတိုင်းလိုလို အများစု က နိုင်ငံရေးယောင်ယောင်နဲ့  ၂ဖက်ခွပြီး ကိုယ်ကြိုးရှာနေသူတွေပါ အရင်က နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ ဖူးပါတယ်ဆိုတဲ့  လူတွေက အစ သတင်းသမားဖြစ်သွားတဲ့  အခါ ကိုယ်ကြိုးအတွက်ဘဲ ကြည့် ကြတော့တာပါ သူတို့ တွေ တိုင်းပြည်အတွက် ဘာမှ အကျိုးမပြုပါဘူး သူတို့  မိသားစု ကောင်းစားရေး အတွက်ဘဲ အလုပ်လုပ်နေကြသူတွေပါဗျာ..။
ဝင်လာသမျှကောင်တိုင်းကို ဒီတိုင်းလွှတ်ပေးရမှာလား
မင်းတို့မှာစဉ်းစားဆင်ချင်တတ်တဲ့ဥာဏ်ကော ရှိကြသေးရဲ့လား။
နဲနဲပါးပါးတော့ စစ်အုံးစေးအုံးမှာပေါ့။
သူများပြန်ရတာကိုမနာလိုစိတ်တစ်ခုကိုရှေ့တန်းတင်ပြီး
လျှောက်ဖွနေ။ ဟိုကလုတွေကသက်သက်ဒုက္ခရောက်မယ်။
နေပါအုံး.... အမေစုတစ်ယောက်လုံးကတောင် တတိုင်းပြည်လုံးရဲ့ ရေရှေအကျိုးစီးပွားကိုကြည့်ပြီး ရင်ကြားစေ့ဖို့ကြီုးစားနေတာ၊ မင်းတို့ကလီးဖြစ်နေကြတာလား။
ကိုယ်ကိုယ်တိုင်လည်း ဘာမှစောက်ဖြစ်ရှိအောင်လုပ်နိုင်တာလည်းမဟုတ်ဘူး။
ကိုဇာနည်တို့လိုအရည်အချင်းရှိတဲ့လုတွေဆုံးရှုံးရတာ
မင်းတို့ရဲ့အဲဒီလိုအောင်တန်းကျတဲ့စိတ်ဓတ်တွေကိုပြင်
ကြတော့။
S.B is right, why r u guys jealous? Go home or not this is personal choice.
ဒီဘိုးတော် က ပြန်သွားတဲ့ ပုံ ကို က ခိုးကြောင်ခိုး)ှက် သူခိုးလမ်း က ပြန်တာကိုး အဖမ်းခံရမှာပေါ့၊ အစိုးရဖမ်းတာကိုဘဲပြောမနေနဲ့ လေ ဒီဘဲ ကြီး ပြန်သွားတဲ့ ပုံ ကို က တရားမှ မ၀င်တာဘဲလေ
Post a Comment