Wednesday 12 October 2011

အချိန်ဆွဲ နေ တဲ့ စစ်အုပ်စု ဗျူဟာပေါ် ကိုဇာဂါနာ အမြင်

ဆက်ပြီး ကူးမှာလား၊ ခုန် ထွက် မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို
ပြေးကိုက် ကြမလား။ မျက်နှာကို ခုန်အုပ် ကြမလား။ တခုခုတော့ ဆုံးဖြတ်
ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ် မတန် လှပေဘူး။

_


ကျနော်တို့ ဆေးကျောင်း ရောက်ကာစ က ဖားခွဲ ရပါတယ်။ ဦးထွန်းမောင် ဆိုတဲ့ ကုလားကြီး ဆီကနေ ဖားအရှင် ၃ကောင် တရာ နဲ့ ၀ယ်ရတာပါ။ ပြီးတော့ အဲဒီ ဖားတွေကို ပုံ မပျက်အောင် ကျွက်ကျွက်ဆူ နေတဲ့ ရေနွေးအိုးထဲ ထည့်ပြီး သတ်ရပါတယ်။

ကျွန်တော်တို့ က ဘာ သိမလဲ။ ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ် ထည့် လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲ ရေနွေးကို ခြေထောက်နဲ့ တစ်ချက်ပဲ ထိပြီး ခုန် ထွက် သွားလိုက်တာ ၃ ကောင်လုံး လွတ်သွားရော။

ကုလားကြီးက ရယ် သလေ့။ ဒီလို သတ်ရတယ်ကွ … တဲ့ ဆိုပြီး ရေအေးတွေထည့်၊ ဖားကို ရေအေး ဇလုံထဲ ထည့် လိုက်တာ၊ ရွှေဖားလေးတွေက ရေအေးကန်ထဲ ပျော်လို့ ကူးခတ် နေလိုက်တာ။

ဒီမှာတင် ကုလားကြီးက အပူချိန်ကို ဖြေးဖြေးချင်း တရစ်ချင်း တိုး လာ
လိုက်တာ၊ ငါး ဒီဂရီ လောက် တိုးတော့လည်း ဖားလေးများ ကူးခတ်ဆဲ၊ နောက်ထပ် ငါး ဒီဂရီ ထပ်တိုးလည်း သူကောင့် ဖားတွေက နေသာသေးတယ် ဆိုပြီး ကူးခတ်ဆဲပ၊ဲ

အပူချိန် ၆၀ လောက်လည်း ရောက် ရော ဖားတွေ မလှုပ်နိုင်တော့ဘူး။ ရှစ်ဆယ် လောက်လည်း ရောက် ရော အားလုံး … ဂန့် … ဂန့် … ဂန့် … ဂန့်။

ကျွန်တော်တို့လည်း ခုတော့ ဒီ ၀ဋ်တွေ လည်ပါပြီ။ တရစ်ချင်း တရစ်ချင်း ကျပ်လာပြီ။ ငါတို့တော့ နေလို့ ရသေးတယ်။ ဘာမှ မဖြစ်သေးဖူး ဆိုပြီး … ဆက်ပြီး ကူးမှာလား၊ ခုန် ထွက် မှာလား။ အပူချိန်မြှင့်နေတဲ့ လက်ကို ပြေး ကိုက် ကြမလား။ မျက်နှာကို ခုန်အုပ် ကြမလား။ တခုခုတော့ ဆုံးဖြတ် ရတော့မှာပဲ။ ဆုံးဖြတ်ပြီးရင်လည်း ဖြစ်အောင် လုပ်ရတော့မယ်။ မဟုတ်ရင်တော့ ရေနွေးအိုးထဲ သေရတာ သိပ် မတန် လှပေဘူး။ ~~ ကိုဇာဂနာ ~

3 comments :

Anonymous said...

ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ
အာလူးလေး - 2:29 AM
Labels: ဟာသ
YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။
ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။

အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊

နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။

ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။ from yy

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ) said...

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ)

(ကိုဇာဂနာ ပြောတာ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)


မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။

အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။

တကယ် မလိုလားဘူး ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။

ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။

ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။

လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။


http://burma.irrawaddy.org/?p=1019

Anonymous said...

What an execllent example for current situation in which unvisionary politicians are frogs inside the water of Kalargyi (government)'s strategy! Wish those who do not understand that situation properly, are now aware of it taking Ko Zagana's example.