Wednesday, 12 October 2011
Subscribe to:
Post Comments
(
Atom
)
စစ်အစိုးရ က အုပ်ချုပ်မှု ရပ်ဆိုင်းရေး
လူထုအစိုးရပေါ်ပေါက်ရေး
3 comments :
.
"ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ဒီနေ့မနက်ကစပြီး မယုံတော့ဘူး (ဇာဂနာ)
(ကိုဇာဂနာ ပြောတာ အပြည့်အစုံကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။)
မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ယုံချင်သလိုလိုပဲ။
ဒါပေမယ့် ဒီနေ့မနက်ကစပြီး "ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ" ဆိုတာကို ကျနော် မယုံတော့ဘူး။
ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကို တကယ် မလိုလားဘူးလို့ ကျနော် ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။
ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။
လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။
http://burma.irrawaddy.org/?p=1019
နှစ်ရှည်ထောင်ဒါဏ်တွေချထားတာဟာ စကားမပြောတဲ့အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်ကိုညွှန်းဆို
တာသာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေအားလုံးကြိုးစားကြရဦးမယ်လို့ယုံကြည်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုဘာကြောင့်မလွှတ်ပေးတာလဲ
http://tarzan88.blogspot.com/
တာဇံ-၈၈
ကိုမင်းကိုနိုင်တို့ အားလုံး မလွတ်တဲ့နေ့ က စိတ်ဓါတ်ကျသွားတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့ ပြန်ဆုံမဲ့နေ့ အတွက် အားတင်းထားကြပါ။
Post a Comment