-WFWW-
(ဆိုးလ်)
ရေနံ အပါအ၀င် ရေနံထွက် ကုန် တန်ချိန် ၈၀ နှင့် ဒီဇယ် တန်ချိန် ၄၀၊ စုစုပေါင်း တန်ချိန် ၆၅၀၀ ကုန်ပစ္စည်းများ သယ်ဆောင်ခဲ့တဲ့ တောက်ကိုရီးယား သင်္ဘော Dura 3 ဟာ ပင်လယ်ဝါ ထဲမှာ မနက် ၈ နာရီ ၅မိနစ် မှာ ပေါက်ကွဲ နှစ်မြုပ်သွားခဲ့တယ်လို့ ကိုရီးယားသတင်းဌာန မှာ ကြေညာသွားခဲ့တယ်။
သင်္ဘောပေါ်မှာ သင်္ဘောသား ၁၆ ဦးပါရှိပြီး ကိုရီးယားလူမျိုး ၁၁ ယောက်နှင့် မြန်မာလူမျိုး ၅ ဦး ပါရှိခဲ့တယ်လို့ဆိုတယ်။ ပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား ၅ ယောက် သေဆုံးသွား ခဲ့တယ်လို့ပါရှိတယ်။ လောလာဆယ် အလောင်း ၅ လောင်း ကို ရှာဖွေတွေ့ရှိခဲ့ရာမှာ မြန်မာ သင်္ဘောသား ၂ ဦး နှင့် ကိုရီယားသင်္ဘောသား ၃ ဦး ပါဝင်ပြီး၊ ၆ ဦးပျောက်ဆုံးနေကာ ပျောက်ဆုံး နေသူတွေထဲမှာ မြန်မာ သင်္ဘေားသား ၃ ဦးလည်းပါဝင်ကြောင်း ဖော်ပြထားပါတယ်။
သေဆုံးသွားခဲ့တဲ့ မြန်မာသင်္ဘောသား နှစ်ဦးဟာ သက်နိုင်ဝင်း၊ မျိုးမင်းဇော် တို့ဖြစ်ပြီး၊ ပျောက်ဆုံး နေသူတွေထဲမှာ ပါရှိတဲ့ မြန်မာသင်္ဘောသားတွေကတော့ ဆန်းထွန်းလင်း၊ ကျော်မျိုးအောင်၊ အောင်ကျော်စန်း တို့ဖြစ်တယ်လို့ ကိုရီးယား သင်္ဘောသားများ သမဂ္ဂများ ညွှန်ကြားရေးမှူး ဟေဂျွန်ကင်မ် က ဘီဘီစီ ကို ပြောဆိုခဲ့တယ်။
ပျောက်ဆုံးနေသူတွေ ကို အခုချိန်ထိ ရှာဖွေနေဆဲဖြစ်ကြောင်း ကင်မ် က ပြောဆိုခဲ့ပါတယ်။
ကိုရီးယားသတင်းမှာတော့ အခုလိုဖော်ပြထားပါတယ်။
No comments :
Post a Comment