Thursday, 31 January 2013

ပါးလွှာလာတဲ့ စည်း မျဉ်း ( မိုးသီးဇွန် )

ပါးလွှာလာတဲ့စည်းမျဉ်း

လူနဲ့တိရိစ္ဆာန် ကြားခြားနားမှုထားတဲ့ စည်းမျဉ်းက တဖြေးဖြေး ပါးလွှာလာတယ်။ လူနဲ့တရိစ္တာန်ခြားနားမှုက ဘာသာရေးလား၊ အသိညဏ် လား။ ဘာသာရေးဆိုရင် လူတချို့ က ဘာသာရေးအဆုံးမတွေကို
ဘာကြောင့်လိုက်နာမှုမရှိတော့တာလဲ။ အသိညဏ်ဆိုရင် လူတချို့ ဟာ လောက ပါလ အသိတရားတွေ ဘာကြောင့်ချို့ ယွင်းလာကြသလဲ။

ဘာကြောင့်တရိစ္ဆာအချို့ဟာ လောကပါလ အဆုံးအမ ဖြစ်တဲ့ တရားမျှတခြင်း၊ ကြင်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွေကိုလုပ်လာနိင်ကြပါသလဲ။

တခါက ဆောင်းပါးတခုမှာ တရိစ္တာန်တွေရဲ့  ပြသနာကိုဖြေရှင်းနိင်စွမ်း ( Problem Solving Skill) ကို ဆောင်းပါးတပုဒ်ရေးဖူးပါတယ်။ခုတခါတော့

တရိစ္ဆာန်လလောက ကလောကပါလာ တရား ကို လိုက်နာလာသလို
လူလောကက လောကပါလာတရားတွေကိုချိုးဖေါက်လာလာကို ဆွေးနွေးခြင်တယ်။

လူနဲ့ တရိစ္တာန် ကြားက ခံစားချက်များ

တရိစ္ဆာန်တွေမှာလူတွေမှာရှိတဲ့ခံစားမှုတွေရှိတယ်။ ကြောက်ရွံမှု၊ရက်စက်မှု၊၀မ်းနည်းမှု၊ပျော်ရွင်မှု၊ အသိမှတ်ပြုခံခြင်မှု၊ မနာလိုမှု၊ အာဏာရယူလိုမှု၊ တကိုယ်ကောင်းဆန်မှု၊ ပိုင်နက်ကိုချဲ့ ထွင်လိုမှု၊ ကာကွယ်လိုမှု စတာတွေရှိတယ်။

တခါ တိရိစ္တာန်တွေမှာလဲ လူတွေလိုပဲ မြင့်မြတ်တဲ့စိတ်တွေရှိနေကြပြန်တယ်။
အမျိုးချစ်စိတ်၊ မျိုးမတူတာခြင်း ပေါင်းသင်းနေထိုင် တတ်မှု၊ မွေးစားမှု၊ စောင့်ရှောက်မှု၊ ပူးပေါင်းဆောင်ရွက်မှု စတာတွေလဲရှိကြောင်း သိပံပညာရှင်တွေကဖေါ်ထုတ်လာနိင်ကြတယ်။

တခါက အာဖရိကတောထဲက ကျားသစ်မ တကောင် ကို သပံပညာရှင်တွေက ဗွီဒီယိုမှတ်တမ်းတခုတင်ဖြစ်ဖြစ်တယ်။ သူဟာ ၇ ရက်လောက်တောလို်က်မရဖြစ်နေတယ်။ အရမ်းကိုဆာလောင်နေတယ်။
ီကံကောင်းပြီး မြက်အုပ်ထဲက မြောက်မောင်းမ တကောင်ကို တွေ့ ပြီး ဖမ်းဆီးသတ်ဖြတ်နိင်ခဲ့တယ်။ ရထားတဲ့အမဲကို စာစာနဲ့စားမလို့ အလုပ်မှာ
မြောက်မောင်းမ ရင်ခွင်ထဲက မျောက်သားငယ်လေးကိုသူတွေ့ လိုက်ရတယ်။
သူအံသြသွားတယ်။ မျောက်ငယ်လေးက ရက်သားလေး၇ှိသေးတယ်။
သူဟာ သူရဲ့ သားကောက် မျောက်မကြီးကိုဆက်မစားတော့ပဲ ကလေးကို ပို အာရုံေ၇ာက်သွားတယ်။ ချက်ခြင်း သူက သူကိုယ်ကိုလှည်ချလိုက်ပြီး ကလေးကိုနို့ တိုက်သလို လုပ်လိုက်ပါတယ်။ သူဟာ ကလေးမမွေးဘူးသေးတဲ့ကျားသစ်ပျိုမ တကောင်ဖြစ်တယ်။
သူဗီဇ စေ့ဆော်မှုက မိခင်စိတ်ကို ဖြစ်ပေါ်စေခဲ့တယ်။ မလှမ်းမကမ်းမှာ
အလွန်ဆိုးတဲ့ တောခွေး အုပ်က ပေါ်လာတဲ့အခါမှာ ကလေးငယ်အတွက်သူက စိုးရိမ်လာတယ်။ ချက်ခြင်းပဲ
မျိုးမတူတဲ့ တရိစ္ဆာန်ကိုမွေးစားဖို့ သူဆုံးဖြတ်လိုက်တယ်။
တရိစ္တာန်တွေဟာ မျိုးမတူတဲ့ ကလေးတွေကို မွေးစားမှု (Adoption ) ရှိနေပါလားဆိုတာကို ပညာရှင်တွေသတိပြုမိကြတယ်။

ကျနော်တို့ ငယ်ငယ်က ကြက်မကြီးက ဘဲလေးတွေကိုစောင့်ရှောက်တာ၊
မကြာခန သတင်းတွေမှာတွေ့ ရတဲ့ ကြောင်မကြီးက ကြွက်ကလေးတွေကို စောင့်ရှောက်တာ၊ အိန္ဒယ ဟင်ဒီဘုရားရှီခိုးကျောင်းတခုမှာ မျောက်မ တကောင် ခွေးငယ်တကောင်ကို ပွေ့ ပိုက်မွေးစားထားတာ တွေ့ လာရတယ်။
ဗုဒဇတ်တော်တွေမှာ ကျွဲ မကြီးက လူသား ကလေးငယ်ကို နို့ တိုက်မွေးစားတာ စတဲ့ဇတ်လမ်းတွေကို ကျနော်တို့ 
မကြာခန ဖတ်ဘူးကြတယ်။

ဥရောပ နိင်ငံတွေမှာရေခဲ ပြင်ထဲ ဒုက္ခရောက်နေတဲ့ လူနဲ့ တခြားတရိစ္တာန်တွေ
စိန့် ဘားနပ် ခွေးကြီးတွေကိုသုံးပြီး ကယ်တင်နေတဲ့ ဖြစ်ရပ်များလည်း
ကျနော်တို့ မကြာခန တွေ့ ရပါတယ်။

ဒီလို တရိစ္ဆာန်တွေဖက်က ထူးချွန်တဲ့ စံပြု တရိစ္ဆာန်တွေပေါ်ထွက်လာတာဟာ လောကပါလာ တရားကြီးဆိုးဖို့  ကမ္ဘာကြီး ငြိမ်းချမ်းဖို့ အတွက်အားတက်စရာတွေပါ။

ဒီလိုအချိန်မှာပဲ လူလောကထဲမှာ လူသားစင်စစ်ဖြစ်ပါလျက် ယုတ်မာရက်စက်တဲ့သဘောတရားတွေကို ဖေါ်ထုတ်နေတဲ့ ကျင့်သုံးနေတဲ့သူတွေကို တွေ့ ရပြန်တဲ့အခါမှာ လူဂုဏ်သိက္ခာဟာ ဘာလဲလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။

ဒီထက်လေးနက်စွာပြောရမယ်ဆိုရင်တော့ ဒါဟာ လူလောကကြီးတခုလုံးအတွက်စိန်ခေါ်မှု တခုပါ။

သတ္တဗေဒပညာရှင် ဂိုဒန် ဂဲလ်အပ် ( Gordon Gallup) က တရိစ္တာန်တချို့ ဟာ ကိုယ်ရုပ်ကိုကိုယ်မမှတ်မိကြဘူး။
ဥပမာ ကြက်ကိုမှန်ပြရင် ဒေါသထွက်လာတယ်။ တခြားကောင်လို့ ယူဆတယ်။ ထခွပ်တယ်။ တိုက်ငါး ကောင်ကို မှန်ပြရင် အတောင်ကားလာပြီး တိုက်ခိုက်ဖို့ ပြင်တယ်။

တချို့ ကတော့မှတ်တယ်လို့ ဆိုတယ်။ ချင်ပန် ဇီနဲ့ ဂေါ်ရီလာတွေကို မှန်ပြကြည့်တဲ့ အခါမှာ သူတို့ ကိုယ်သူတို့  သိတယ်ဆိုတယ်။

တချို့  လူတွေကတော့သူတို့ မှန်ပြတဲ့အခါမှာ မမှတ်ကြပုံမရတော့ဘူး။
သူတို့ လာခဲ့တဲ့ဘ၀ဟောင်းကို မေ့ သွားတယ်။ စစ်သားအတော်များများဟာ ဆင်းရဲ တဲ့လုပ်သားပြည်သူတွေထဲက ပဲပေါက်ပွားလာကြတာဟုတ်။

ဒါပေမဲ့ တချို့ လူတွေက ပေါင်မုန့် မရှိရင် ကိတ်မုန့် စားပါလားဆိုတဲ့ ပြင်သစ်မိဘု၇ား၊ မာရီအင်တွိုင်းနက် ကိုအားကျ ကြတယ်။

မီးမလာရင် ဖယောင်းတိုင်ထွန်း လို့ ပြောလိုပြော။ တမင်းတနပ်လျော့စားပြီး
အကြွေးဆပ်စေဆိုလို့ ဆိုဆို မှန်ထဲက ပေါ်လာတဲ့ သူရုပ်ကို မမှတ်မိရှာတော့ဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်ထဲက ဇီးသီးသည်မဗျိုင်းလို
ဘ၀မမေ့ ဖို့  သူတို့ ကို မကြာခန မှန်ပြပေးဖို့ လိုမယ်။

မိုးသီးဇွန်

No comments :