Thursday, 31 January 2013

ဒေါ်အောင်ဆန်စုကြည် လူ နှင့် ဦးသိန်းစိန်လူတွေကြား အင်တာနက် တိုက်ပွဲပြင်းထန် နေခြင်း

Eleven ဂျာနယ်က တိုက်ခိုက်လိုက်ပြီ ဖြစ်တဲ့ မေဇင်အေး (ခေါ်) ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်



Eleven ဂျာနယ်တွင်ရေးသားထားသည့်အကြောင်
းကို ဖော်ပြရမည်ဆိုလျှင်-

ဒီမိုဖက်တီးရဲ့ အကောင့်ခွဲေ တွကိုလည်း သိရှိထားပါကြောင်း၊ မိမိတို့ ဂျာနယ်နှင့်လည်း ကြော်ငြာေ ငွပေး သွ င်းသည့် ကိစ္စနှင့်ပတ်သက်၍ ခွန်းကြီးခွန်းငယ် စကားများကာ တရားရုံးအထိ ရောက်ခဲ့ ဖူးကြောင်း၊ ထို့ေ ကြာင့် မေဇင်အေးသည် ဒီမိုဖက်တီး၊ ခွန်ဒီးယမ် နှင့်အခြား အကောင့်ခွဲများမှ မိမိတို့ မီဒီယာကို တိုက်ခိုက်မှု များ ပြု လုပ်ခဲ့ကြောင်း၊ ဤ သည်မှာ လက်ရှိအခြေအနေတွင် မလုပ်သင့်ကြောင်း၊

သမ္မတဦးသိန်းစိန်သည် လည်း လက်ရှိအပြောင်းအလဲများကို အဓိက ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဒီမို ဖက် တီးအနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တည်ဆဲအစိုးရကို တိုက်ခိုက်စော်ကားမှုများ အပြင်း အ ထန် ပြု လုပ် လာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်မှု များ ထွက်ပေါ်လာသည် ကို လေ့ လာေ တွ့ ရှိရကြောင်း၊

မိမိတို့ အနေဖြင့် တရားဝင် တာဝန်ခံ၊ တာဝန်ယူထားသော မီဒီယာ ဖြစ်ကြောင်း၊ မေဇင်အေး အနေဖြင့် လည်း လေဒီးဂျာနယ်မှ သတ္တိရှိရှိ ဖော်ပြခြင်းများ ပြုလုပ်ကာ သိက္ခာရှိသော မီဒီယာအဖြစ် နောင်တွင် ရပ် တည် သွားသင့်ကြောင်း၊


ခွန်ဒီးယမ်၊ ဒီမိုဖက်တီး စသည့် facebook account များက ဤသို့ တိုက်ခိုက် စော်ကားမှု များ ပြု လုပ်နေသည်မှာ မေဇင်အေး ဖြစ်သည် ကို ခေတ်မီ နည်းပညာများအရ အစိုးရအနေဖြင့် သိရှိထားနိုင်ဖွယ်ရာ ရှိကြောင်း၊ မေဇင်အေးကြောင့် facebook ပိတ်ပင်ခြင်းမှာလည်း လက်ရှိ ဒီမိုကရေစီစနစ်နှင့် လိုက်လျော ညီထွေ မရှိကြောင်း၊ လွတ်လပ်စွာ ပြောကြား ခွင့်နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အနေအထားတွင် အစိုးရ ဘက်က ဆင်ခြင်သုံးသပ်နေသည်ဟု ခန့်မှန်းရကြောင်း၊

ဤသို့သော အောက်တန်းကျသော လုပ်ရပ်များကို မည်သည့် ဘက်ကဖြစ်စေ ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း၊ ဒီမိုဖက်တီးဘက်မှလည်း ဆက်လက်ဖော်ပြခြင်း မပြုရန်လိုအပ်မည် ဖြစ်ကြောင်း၊ မီဒီယာ သည် ပြည်သူ လူထုဘက်မှ ရပ်တည်ရမည်သာ ဖြစ်၍ ပြည်သူ့အကျိုးကို ထိခိုက်လာနိုင်သည် facebook ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း စသည် တို့ ဖြစ်ပေါ်လာပါက မိမိတို့ ယနေ့ ပြော ကြားထား သည့် အတိုင်း ဖန်တီး လှုံ့ဆော်သူများကို ဖော်ထုတ်သွားမည် ဖြစ်ေ ကြာင်းပြော ကြားသည်။

No comments :