Tuesday, 29 January 2013

တရားလို က တရား ခံ ဖြစ်ရရှာတဲ့ ကိုကျော်ထင်

တရားပြန်အစွဲခံရတဲ့ ကိုထင်ကျော်

ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမမှာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ
ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခါနီးအချိန်မှာ ကိုထင်ကျော်ကို ရိုးရိုးလေး ကုမ္မဏီပိုင်ရှင် ဦးသိန်းနိုင်နဲ့
အပေါင်းအပါ ၃ ဦးက ဝင်ရောက် ထိုးကြိတ်မှုနဲ့ပတ်သက်လို့ ဦးသန်းအောင်ဆိုသူက
ကိုထင်ကျော်ကို ပုဒ်မ - ၂၉၄ ( ဆဲဆိုမှု ) / ၃၂၃ (သာမန်နာကျင်စေမှု ) / ပုဒ်မ - ၅၀၀ ( အသရေဖျက်မှု )တွေနဲ့
တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ ကြားနာစစ်ဆေးမှုကို တရားလို ဦးသန်းအောင် လာရောက်ခြင်း မရှိဘူးလို့ သိရပြီး ဒီအမှုကို လာမယ့်

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကြားနာဖို့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

No comments :