skip to main
|
skip to sidebar

'ဂျပန်နိုင်ငံမှာ ဖက်ရှင်ဒီဇိုင် နာအဖြစ် အောင်မြင်ကျော်ကြားနေတဲ့ မြန်မာ လူမျိုးဇာနည်ထူးထူး(ခေါ်)shibuya
zarny နဲ့တွေ့ဆုံခြင်း' အကြောင်း ကို ပေါ်ပြူလာဂျာနယ် အတွဲ ၁၆၊ အမှတ်
၄၄မှာဖော် ပြပြီးကတည်း က ဇာနည်ထူးထူးရဲ့ အကြောင်းတွေ ကို မြန်မာပရိသတ်တွေ
ဖတ်ရပြီး စိတ်ဝင်စားခဲ့ကြပါတယ်။
အင်တာနက် ပေါ်မှာလည်း နိုဘယ်ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့
မြန်မာဝတ်စုံကို ကိုယ်တိုင်ချုပ်ပြီး ကန်တော့ခဲ့သူ ဇာနည်ထူးထူး ပုံနဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အခုတပတ် မှာတော့
မြန်မာနိုင်ငံက ဖက်ရှင်ပွဲ တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်တွေ ကို
"အင်တာနက်က တစ်ဆင့် မြန်မာနိုင်ငံမှာ ဖက်ရှင်ပွဲေ တ်ာတော်များများ
လုပ်တာလည်းတွေ့ ရပါ တယ်။ ကျွန်တော်စဉ်းစား မိတာကတော့ မြန်မာနိုင် ငံမှာ
ဒီလိုဖက် ရှင်မော်ဒယ်တို့၊ကြီးကျယ်တဲ့
ဖက်ရှင်ရှိုးပွဲတွေ လိုလားလို့ေ တွးမိတယ်။ မြန်မာနိုင်ငံက လူတွေက အင်္ဂလိပ်
လိုပြောတာ တော်ကြတယ်။ ဒါပေမဲ့ ဒီလိုအင်္ဂလိပ် စာကောင်းတဲ့လူတွေ ကို
နိုင်ငံတော်က ဘာလို့ မပံ့ပိုး တာလဲ။
ကိုရီးယားနိုင်ငံကိုကြည့်လိုက်ရင်
သူတို့နိုင်ငံက တောင်ကိုရီးယား နဲ့ မြောက် ကိုရီးယားဆိုပြီး၂ခုကွဲ နေတယ်။
ဒါပေမဲ့ကိုရီးယားနိုင်ငံက ဒီ ၁ဝနှစ်အတွင်း မှာ တော်တော်တိုးတက်လာတာ
တွေ့ရတယ်။သူတို့ စွမ်းရည်ကို သူတို့ ထုတ်ပြနိုင်ကြတယ်။ သူတို့ နိုင်ငံကလည်း
သူတို့ကိုတအား ပံ့ပိုးကြ တယ်။မြန်မာနိုင်ငံ မှာကြီးကျယ်တဲ့
ဖက်ရှင်ရှိုးပွဲတွေ လုပ်လည်း ဒါတွေကို ဘယ်နိုင်ငံကမှ မသိကြဘူး။အဲဒါကြောင့်
ကျွန်တော် က မြန်မာနိုင်ငံက လူငယ်မင်းသား၊ မင်းသမီးတွေကို ရွေးချယ်ပြီး
ဂျပန်က ကုမ္ပဏီနဲ့ပူးပေါင်းပြီး ဂျပန် က ဖက်ရှင်ရှိုးပွဲတွေမှာ မော်ဒယ်အဖြစ်
ရှိုးလျှောက်ခိုင်းတာမျိုးတွေ
လုပ်ချင် တယ်။ မြန်မာလူမျိုးတွေအတွက် ဖက်ရှင်ရှိုးပွဲတွေက သိပ်မလိုဘူး။
စိတ်ချမ်းသာမှ ဖက်ရှင်ဆို တာကို တွေးလို့ရတယ်။ ကျွန်တော် တို့ မြန်
မာနိုင်ငံမှာ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ၊ လမ်းမမှာ အမှိုက် ကောက်တဲ့
ကလေးတွေ၊ပန်းတွေလိုက်ရောင်း နေတဲ့ကလေးတွေ အများ ကြီးရှိနေကြ တယ်။ဖက်ရှင်ရှိုးပွဲကြီးတွေအများကြီးလုပ်မယ့်အစား အဲဒီလိုကလေး လေးတွေကိုကာကွယ်စောင့် ရှောက်တဲ့ ကုမ္ပဏီတွေ ဖြစ်သင့်ပါတယ် ။
မြန်မာစကားမပြောနိုင်တဲ့ တိုင်းရင်းသား တွေရှိကြတယ်။သူတို့ အားလုံး က
မြန်မာစကားကို သင်ကြပြီး တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေး
လိုင်းကိုယူပြီး ဖက်ရှင်ရှိုး လုပ်တာပိုမကောင်းဘူးလား။ ကျွန်တော်က ဂျပန်
နိုင်ငံတို့၊ကိုရီးယားနိုင်ငံတို့က
မင်းသား၊ မင်းသမီးတွေနဲ့ အမြဲ တမ်း ပေါင်းသင်းဆက်ဆံဖြစ်တယ်။ သူတို့ကိုလည်း
အမြဲတမ်း မေးဖြစ် တယ်။ဘယ်သူ့ကြောင့်မင်းသား ဖြစ်ချင်တာလဲ။ ဘယ်သူ့ကြောင့်
မင်းသမီး ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖက်ရှင် ရှိုးပွဲလုပ်ချင်တာလဲ လို့
မေးဖြစ်တယ်။
ဒီနိုင်ငံလူတွေကိုလည်း မြန်မာလူမျိုးကိုဘယ်လိုမြှင့်တင်ချင်တယ်။ဘယ်လိုတိုးတက်ချင်တယ် ဆိုတာ မျိုးပဲလိုချင်တယ်"လို့ပြောပါတယ်။
ဇာနည်ထူးထူး က မြန်မာနိုင်ငံ ကလူငယ် တွေကိုကြိုးစားချင်စိတ်တွေ
ပျောက်သွားမှာ စိုးရိမ်ကြောင်းကိုလည်း "ကျွန် တော့်ရဲ့ အဘိုးအဘွား၊ အဖေ၊
အမေ တို့အားလုံးက ဗုဒ္ဓဘာသာကိုကိုးကွယ် ကြပါတယ်။ကျွန်တော်ကလည်း
ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ အခုမြန်မာပြည်ရဲ့စဉ်းစားမှုမှာ အမှားတစ်ခုရှိတယ်လို့ထင်တယ်။ဆင်းရဲနွမ်းပါးတဲ့
ကလေးတွေ က ရှေးကုသိုလ် ကောင်းမှုနည်းခဲ့လို့ ဒီ ဘဝမှာဒီလို
ဆင်းရဲနွမ်းပါးတဲ့ ဘဝကို ရောက်နေတာပဲလို့ သူတို့ပေါ်ကိုယ့်
ထိုက်နဲ့ကိုယ့်ကံလျစ်လျူရှုချင်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါ တယ်။ သူတို့မှာ စပွန်ဆာဖိနပ်မရှိရင်လည်းကိုယ့် ဘာသာကိုယ်ကြိုးစားပြီးဖိနပ်ဝယ်နိုင် ဖို့ business တစ်ခုမြန်မာပြည်မှာ လုပ်ဖို့လိုအပ်တယ်။
အခုအချိန်မှာ မြန်မာပြည် က သမိုင်းသစ်ကို ရောက်နေပါ ပြီ။
ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေလည်း အခုရောက်နေတဲ့ ဘဝကို အားမလျော့စေချင် ဘူး။
အခုဆိုရင် ဂျပန်မှာ သူတောင်းစားဆိုတာ လုံးဝ မရှိတော့ပါဘူး။ံHomeless
ဆိုတာတော့ရှိတယ်။ ဒါပေမဲ့ သူတို့တွေက လည်း ပိုက်ဆံ ရှိပြီးတော့ အလုပ်မလုပ်
ချင်လို့ မလုပ်ကြတဲ့လူတွေပဲ။ အဲဒီလိုပုံစံနဲ့ မြန် မာပြည်က Homeless
ဖြစ်နေကြတဲ့ အခြေအနေနဲ့ လုံးဝ မတူပါ ဘူး။ ကိုယ်က အခုဘဝမှာ ချမ်းသာပြီး
ရုပ်ရည်ချောမောလှပလို့ ကံကောင်းတယ်လို့ ထင်တဲ့လူငယ်တွေက ကံမကောင်းတဲ့
ဆင်းရဲချို့တဲ့ သူတွေကို ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာပြည်မှာက
ပိုက်ဆံ တအား ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့ လူတွေရဲ့အခြေအနေတွေက တအား ကို
ကွာဟနေတယ်။ မြန်မာနိုင်ငံက လူတွေယဉ်ကျေးတယ်ဆိုတာကို တခြားနိုင်ငံက
လူတွေကနားလည် ထားကြတယ်။ မြန်မာလူမျိုးက ကိုယ့်မြန်မာလူမျိုးကို မကူညီရင်
ဘယ်သူကူညီမလဲ။" လို့ ပြောပြပါတယ်။
ခိုင်ဝေလွင်
No comments :
Post a Comment