ဒီနေ့ မြန်မာပြည်မှာ ဒီမိုကရေစီ၊ လွတ်လပ်လပ်ရေး၊ လူမှုရေးတရားမျှတမှု ၊ ငြိမ်းချမ်းရေး ၊ တရားဥပေဒေ၊ ဆင်းရဲမွဲတေမှု နဲ့  ချစားမှု အကြောင်းတွေမပြောပါနဲ့  ခင်ဗျားအားလုံးအဆင်ပြေမယ်။ ဒီအကြောင်းတွေပြောနေရင်တော့ ခင်ဗျားဟာ သူတို့ ဂိုဏ်းဝင်
မဖြစ်နိင်ပေဘူး။
ဒီအကြောင်းတွေ ကို ပြောလာတဲ့သူ တိုက်ပွဲဝင်နေတဲ့သူတွေ တစတစများလာသလောက် ခေါင်းဆောင်တွေထဲမှာ တော့ ဒီအကြောင်းတွေကို ပြောတဲ့သူတဖြေးတဖြေးနည်းသွားတယ်။
တိုင်းပြည်ရဲ့ ပကတိ အခြေအနေကတော့ အစိုးရအုပ်ချုပ်ရေးက
ဖယိုဖရဲဖြစ်နေတယ်။ ပြည်တွင်းစစ်ကမီးတောက်လောင်နေတယ်
လယ်ယာမြေမဲတွေအသံက ညံနေတယ်။ တိုင်းပြည်လူဦးရေတ၀က်က အလုပ်လက်မဲ့တွေဖြစ်နေတယ်။
စီးပွားရေက နလံမထူနိင်အောင်ဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေကအမေရိကန်ကကုန်ဈေးနဲ့ အတူတူဖြစ်နေတယ်။
ကျနော်တို့ လိုခြင်တဲ့ညီမျှခြင်းကတော့
နိင်ငံသားအခွင့်အရေး ( Civil Liberty) + လူမှုတရားမျှတမှု ( Social Justice) + စစ်မှန်တဲ့ဈေးကွက် ( Perfect Market) = ဒီမို ကရေစီ ဖြစ်ပါတယ်။ ဒီညီမျှခြင်းကထွက်လာမဲ့ရလဒ်ကတော့
လူဂုဏ်သိက္ခာ၊ပျှော်ရွှင်မှု ၊ယုံကြည်မှု၊ တိုးတက်မှုတွေဖြစ်တယ်။
ဒီနေ့ ဦးတည်နေတဲ့ နိင်ငံရေးလောက ရဲ့  ညီမျှခြင်းကတော့
စစ်အုပ်စု+ခရိုနီ+ နိင်ငံရေးလူတန်းစားသစ် = စစ်ခရိုနီ နိင်ငံရေး စနစ် ကိုဦးတည်နေပါတယ်။ဒီညီမျှခြင်းကထွက်လာမဲ့
ရလဒ်ကတော့အထူးရှင်းပြစရာမလိုတော့ပါဘူး။
အခု ကျနော်တို့ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို ပြန်လည်
နေရာချထားမှုအသစ်သာဖြစ်တယ်။
No comments :
Post a Comment