ဒေါ်စုကိုးကွယ်ရေးဝါဒီများ
ဖေစ့်ဘွတ်ဖွင့်လိုက်တာနဲ့ ဒေါ်စုကိုးကွယ်ရေးဝါဒီတချို့ ရဲ့  အသံတွေ
မမြင်ချင်ပဲ မြင်နေရတာ ကြားနေရတာ ကိုယ့်အတွက်ကျတော့ နေ့စဉ် လို ဖြစ်လာတော့
တော်တော်စိတ်ပျက်လာတယ်။
နေ့စဉ် ဓါတ်ပုံတွေမှာ
ချွဲနည်းပေါင်းမျိုးစုံနဲ့ အမွှန်းတင်နေတာကို ချီးကျူးနေတာကိုတွေ့နေရတော့
အမှန်အတိုင်းပြောရင် ပုဂ္ဂုလ်ရေး ကိုးကွယ်နေသလားလို့တောင် ထင်မိတာ အမှန်ပဲ။
ဘာလုပ်လုပ် အားလုံးဟာ ကိုးကွယ်ရေးသဘောထားနဲ့ဆိုတော့ အလွန်အကျွံတွေ
သူလုပ်သမျှဟာ အခြောက်တိုက် အမွှန်းတင်နေသလိုဖြစ်နေတော့ ဒေါ်စုတော့မသိဘူး
ကျွန်တော်အဖို့တော့ အဲဒီလူတွေဟာ နိုင်ငံရေးခေါင်းဆောင်ထက်ကို
ကိုးကွယ်တဲ့အဆင့် ရောက်နေပြီးလားဆိုတာကို သတိထားမိလာတယ်။
သူတို့လဲ
သူ့လွတ်လပ်မှုနဲ့ သူယုံကြည်သလိုပေါ့ဆိုပြီး ဘယ်တော့မှ သူတို့ကို ကန့်ကွက်တာ
ဆန့်ကျင်တဲ့စာ မရေးခဲ့ပါဘူး။ သဘောထားမတူတာလဲရှိနိုင်တာပဲ။ ဒါပေမဲ့
ရန်သူမဟုတ်ဘူး။ စစ်အစိုးရအပေါ် သဘောထားသလို သဘောထားလို့မရဘူး။ မတူရင်
ညှိုရမဲ့ မဟာမိတ်တွေလိုပဲ သဘောထားပြီးသားပါ။
သူလဲသူ့နိုင်ငံရေးနဲ့သူ ကိုယ်လဲကိုယ့်နိုင်ငံရေးနဲ့ကိုယ်။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပါပဲ။ တဖက်မှာလဲ ရန်သူစစ်အစိုးရကရှိနေတော့ ဆင်ခြင်သတိထားပြီးနေတဲ့သဘောပါ။
ဒေါ်စုမှာ လူထုထောက်ခံမှုရှိတယ်ဆိုတာ သိတယ်။ သို့သော်လည်း မြင်တွေ့ ကြား
ရတာကတော့ လူထုနိုင်ငံရေး မဟုတ်တော့ပဲ တချို့ ဒေါ်စု မှီခိုနိုင်ငံရေးဖြစ်နေ
တာကိုတွေ့ရတယ်။ တကယ်နိင်ငံရေးပြသနာတွေ ကို မှေးမိန် သလိုဖြစ်လာနေတာကိုစိုးရိမ်မိတယ်။
ရဲဘော်သံဒုတ်
4 comments :
ခေတ်သစ်မြန်မာ့ နိုင်ငံရေးရဲ့ ဂဋန်ဦးစောသည် မိုးသီးဇွန် နှင့် အပေါင်းအပါများ ဖြစ်ပါသည်။
ခေတ်သစ်မြန်မာ့ နိုင်ငံရေးရဲ့ ဂဋန်ဦးစောသည် မိုးသီးဇွန် နှင့် အပေါင်းအပါများ ဖြစ်ပါသည်။
ခေတ်သစ်မြန်မာ့ နိုင်ငံရေးရဲ့ ဂဋန်ဦးစောသည် မိုးသီးဇွန် နှင့် အပေါင်းအပါများ ဖြစ်ပါသည်။
တကယ် တော့ ဗမာ့ဒီမိုကရေစီရဲ့ အစစ်အမှန် ဖခင်ကြီးဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတာ ဦးဠေးဦးရဲ့ ကျေးဇူးကြောင့်သိရပါပြီ။ ဒီတော့ ဒီမိုကရေစီရဲ့ မိခင်ကြီးဆိုတာကတော့ အတုပေါ့ဗျာ။
ဒါတကယ်ဖြစ်နိုင်တယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး ဘာကြောင့်လဲဆိုတော့ ဦးဌေးဦးက တရားဝင်ပြောတာကိုး။
အားလုံး အမြင်မှန်ရကြပါစေ
မောင်ဂဏန်း
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။
ပြည်သူလူထုကတာဝန်ကျေစွာတခဲနက် 1990 မှာမဲပေးခဲ့ပြီးပြီအနိုင်ရခဲံလို့အာဏာလွဲမပေးရင်ဘာလုပ်မယ်ဆိုတဲ့ plan ဘာတစ်ခုမှမရှိဘူး၊ ပြီးတော့အပြောင်းအလဲလိုချင်ရင်ကိုယ်တိုင်လုပ်ရမယ်ဆိုပြီးလူထုကိုတာဝန်မဲ့ခေါင်းဆောင်မပီသတဲ့စကား ပြောသေးတယ်။
ပြည်သူတွေက ကိုယ့်တာဝန် ကိုယ်ကျေအောင် မဆောင်ရွက်နိုင်ကြသေးလို့၊ ပြည်သူတွေက ကိုယ်လိုချင်တဲ့ ဒီမိုကရေစီ ကိုရအောင် မတောင်းဆို ရဲသေးလို့ မတိုက်ရဲကြသေးလို့၊ ပြည်သူတွေက ဒီမိုကရေစီရဲ့ တန်ဖိုးကို နားမလည် ကြသေးလို့ အလှမ်းဝေး နေကြလို့ စသည်ဖြင့် ပြည်သူ့ အပေါ်ကို ပုံချပြော ဆိုချင်တဲ့ လေသံ လေပေါက်တွေကို ကြားလာ ရပါသည်၊
မြန်မာနိုင်ငံအရေးကို နိုင်ငံရေးမလုပ်တဲ့ မည်သည့်မြန်မာပြည်သားမဆို ဝေဖန်နိုင်တယ် ပြောဆိုနိုင်တယ်။ အင်အယ်ဒီနဲ့ ဒေါ်စုတို့က သူတို့နိုင်ငံရေး ပြည်သူ့အရေးကို လုပ်နေတဲ့သူတွေဖြစ်တယ်လို့ ၀န်ခံထားတော့ သူတို့လုပ်နေတာကို ကောင်းတယ်မကောင်းဘူး သာမန်ပြည်သူတယောက်ကနေဝေဖန်နိုင်တာဘဲ။ (Put this in ur brain.This is call the Democracy)..copy comments
Post a Comment